ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီဟာ ဂါရတ်ဘေးလ်ကို အသင်းကနေ ရှင်းထုတ်လိုနေပြီး အသင်း ဥက္ကဌ ပီရက်ဇ်အား ဘေးလ်ကို ရောင်းလိုက ရောင်း၊ စာချုပ်ဖျက်လိုက ဖျက်သိမ်းလိုက်ဖို့ အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရပါတယ်။
ဘာစီလိုနာ အသင်းဟာ မန်စီးတီး တိုက်စစ်သမား ရာဟင်းစတားလင်းကို နူးကမ့်သို့ အရောက် ခေါ်ဖို့ စိတ်အားထက်သန် နေပါတယ်။ စတားလင်းနဲ့ စီးတီး စာချုပ်က ၁၈ လ ကျန်ရှိနေပြီး အင်္ဂလန်သားက ပြည်ပ ထွက် ကစားဖို့လည်း စိတ်ဝင်စားနေပါတယ်။

မန်စီးတီးကတော့ ဒီတလော မြန်မြန်ကြီး စတားလင်းကို ရောင်းချလိုခြင်း မရှိသေးဘူးလို့ သိရပြီး ဘာစီလိုနာ အနေနဲ့ အင်္ဂလန်သားကို တကယ် ရချင်ရင် စီးတီး လက်ခံနိုင်လောက်မယ့် ပမာဏနဲ့ ကမ်းလှမ်းမှသာ ဖြစ်နိုင်မယ်လို့ သိရပါတယ်။
နောဝစ်ချ်အသင်းဟာ နည်းပြ ရာထူးအတွက် လမ်းပတ်ရဲ့ ငြင်းပယ်ခြင်း ခံရပြီးတဲ့နောက် အက်စတွန်ဗီလာ နည်းပြဟောင်း ဒင်း စမစ်ကို ချဉ်းကပ်နေပြီလို့ စကိုင်းစပေါ့သတင်းဌာနက ဖော်ပြလာပါတယ်။
ညက အယ်လ်ဘေးနီးယားနဲ့ ပွဲမှာ အင်္ဂလန် ခံစစ်မှုး မက်ဂွဲရားက ဂိုးသွင်းပြီး နားနှစ်ဖက် စွင့်နေဟန်နဲ့ အောင်ပွဲခံခဲ့တဲ့ အပေါ် ယူနိုက်တက် ကစားသမားဟောင်းကြီး ရွိုင်ကိန်းက ဝေဖန်လိုက်ပါတယ်။ မက်ဂွဲရား ယူနိုက်တက်မှာ တလွဲ လုပ်ခဲ့သမျှတွေက ဒီလို ဂိုးသွင်းလိုက်တာနဲ့ ချေပနိုင်မယ်လို့ ထင်နေပုံပဲလို့ ရွိုင်ကိန်းက ဆိုခဲ့တာပါ။
ဘာစီလိုနာ တိုက်စစ်မှုး အဂွယ်ရိုဟာ နှလုံး မကောင်းတော့တာကြောင့် ဘောလုံး ဆက် မကစားနိုင်တော့ဘူး သတင်းထွက်ခဲ့ပေမယ့် အဂွယ်ရိုကတော့ သူ့ကို ဆရာဝန်တွေက ရက် ၉၀ အနားယူခိုင်းပြီး စောင့်ကြည့်မယ်လို့ ဆိုထားကြောင်း ဖွင့်ဟခဲ့ပါတယ်။
အောက်တိုဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး မန်နေဂျာ ဆု ကို ချယ်ဆီးနည်းပြ သောမတ်စ် တူချယ်က ရရှိသွားပြီး အကောင်းဆုံး ကစားသမား ဆုကိုတော့ လီဗာပူး တိုက်စစ်မှုး မိုဆာလက်က ရရှိသွားပြီ ဖြစ်ပါတယ်။

Zawgyi
ရီးရဲလ္မက္ဒရစ္ နည္းျပ အန္ဆယ္ေလာ့တီဟာ ဂါရတ္ေဘးလ္ကို အသင္းကေန ရွင္းထုတ္လိုေနျပီး အသင္း ဥကၠဌ ပီရက္ဇ္အား ေဘးလ္ကို ေရာင္းလိုက ေရာင္း၊ စာခ်ဳပ္ဖ်က္လိုက ဖ်က္သိမ္းလိုက္ဖို႔ အေၾကာင္းၾကားထားျပီး ျဖစ္ေၾကာင္း သိရပါတယ္။
ဘာစီလိုနာ အသင္းဟာ မန္စီးတီး တိုက္စစ္သမား ရာဟင္းစတားလင္းကို နူးကမ့္သို႔ အေရာက္ ေခၚဖို႔ စိတ္အားထက္သန္ ေနပါတယ္။ စတားလင္းနဲ႕ စီးတီး စာခ်ဳပ္က ၁၈ လ က်န္ရွိေနျပီး အဂၤလန္သားက ျပည္ပ ထြက္ ကစားဖို႔လည္း စိတ္ဝင္စားေနပါတယ္။
မန္စီးတီးကေတာ့ ဒီတေလာ ျမန္ျမန္ၾကီး စတားလင္းကို ေရာင္းခ်လိုျခင္း မရွိေသးဘူးလို႔ သိရျပီး ဘာစီလိုနာ အေနနဲ႕ အဂၤလန္သားကို တကယ္ ရခ်င္ရင္ စီးတီး လက္ခံနုိင္ေလာက္မယ့္ ပမာဏနဲ႕ ကမ္းလွမး္မွသာ ျဖစ္နိုင္မယ္လို႔ သိရပါတယ္။
ေနာဝစ္ခ်္အသင္းဟာ နည္းျပ ရာထူးအတြက္ လမ္းပတ္ရဲ႕ ျငင္းပယ္ျခင္း ခံရျပီးတဲ့ေနာက္ အက္စတြန္ဗီလာ နည္းျပေဟာင္း ဒင္း စမစ္ကို ခ်ဥ္းကပ္ေနျပီလို႔ စကိုင္းစေပါ့သတင္းဌာနက ေဖာ္ျပလာပါတယ္။
ညက အယ္လ္ေဘးနီးယားနဲ႕ ပြဲမွာ အဂၤလန္ ခံစစ္မႈး မက္ဂြဲရားက ဂိုးသြင္းျပီး နားနွစ္ဖက္ စြင့္ေနဟန္နဲ႕ ေအာင္ပြဲခံခဲ့တဲ့ အေပၚ ယူနိုက္တက္ ကစားသမားေဟာင္းၾကီး ရြိဳင္ကိန္းက ေဝဖန္လိုက္ပါတယ္။ မက္ဂြဲရား ယူနိုက္တက္မွာ တလြဲ လုပ္ခဲ့သမွ်ေတြက ဒီလို ဂိုးသြင္းလိုက္တာနဲ႕ ေခ်ပနုိင္မယ္လို႔ ထင္ေနပံုပဲလို႔ ရြိဳင္ကိန္းက ဆိုခဲ့တာပါ။
ဘာစီလိုနာ တိုက္စစ္မႈး အဂြယ္ရိုဟာ ႏွလံုး မေကာင္းေတာ့တာေၾကာင့္ ေဘာလံုး ဆက္ မကစားနိုင္ေတာ့ဘူး သတင္းထြက္ခဲ့ေပမယ့္ အဂြယ္ရိုကေတာ့ သူ႔ကို ဆရာဝန္ေတြက ရက္ ၉၀ အနားယူခိုင္းျပီး ေစာင့္ၾကည့္မယ္လို႔ ဆိုထားေၾကာင္း ဖြင့္ဟခဲ့ပါတယ္။
ေအာက္တိုဘာလအတြက္ ပရီးမီးယားလိဂ္ အေကာင္းဆံုး မန္ေနဂ်ာ ဆု ကို ခ်ယ္ဆီးနည္းျပ ေသာမတ္စ္ တူခ်ယ္က ရရွိသြားျပီး အေကာင္းဆံုး ကစားသမား ဆုကိုေတာ့ လီဗာပူး တိုက္စစ္မႈး မိုဆာလက္က ရရွိသြားျပီ ျဖစ္ပါတယ္။
