ပေါ့ဘာ အခြေအနေမှန် ဖော်ထုတ်လိုက်တဲ့ ရိုမန်နို၊ Injury Updateနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

ယူနိုက်တက် ဂိုးသမား ဒင်း ဟန်ဒါဆန် အနေနဲ့ အိုးထရက်ဖို့ဒ်ကနေ မြန်နိုင်သမျှ မြန်မြန်သာ ထွက်ခွာသွားသင့်ကြောင့် သရဲနီ ဂိုးသမားဟောင်းကြီး မာ့ခ် ဘော့စ်နစ်က တိုက်တွန်းလိုက်ပါတယ်။ အင်္ဂလန်သားဟာ ဒီရာသီ ယူနိုက်တက်အတွက် ကာရာဘောင်းပွဲ တစ်ပွဲသာ ကစားခွင့် ရထားပါတယ်။

ဗာရိန်းရဲ့ တံကောက်ကြော ဒဏ်ရာကလည်း ဒီလထဲ ပြန်ကစားနိုင်ဦးမှာ မဟုတ်ဘဲ ဒီဇင်ဘာလထဲမှာ ပြန်လာနိုင်မယ်လို့ ယူဆရပါတယ်။ သူ မပါဝင်နိုင်တာက ယူနိုက်တက် ခံစစ်ကို ပိုမို ဆိုးဝါးစေခဲ့တာပါ။

အင်္ဂလန်အသင်းအတွက် ရွေးချယ် ခေါ်ယူခြင်း ခံရပေမယ့် လုခ်ရှောဟာ မန်ချက်စတာ ဒါဘီပွဲက ထိခိုက်မှု ကြောင့် ကြံ့ခိုင်မှု အပြည့်အဝ မရသေးဘဲ ပြန်ကောင်းလာအောင် ကြိုးစားနေရဆဲ ဖြစ်ပါတယ်။

စကော့ မက် တော်မီနေးကလည်း လည်ချောင်း ပိုးဝင်တာကြောင့် စကော့တလန်နဲ့ ရှိစဉ် ပြန်လာခဲ့ရတာ ဖြစ်ပြီး ကိစ္စကြီး မဟုတ်တာကြောင့် ဝက်ဖို့ဒ်နဲ့ ပွဲ မတိုင်ခင်တော့ ပြန် ပါဝင်နိုင်မယ် ယူဆရပါတယ်။

ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွဲရားဟာ ညက အယ်ဘေးနီးယားဘက် ဂိုးသွင်းပြီးနောက် နားစွင့်ဟန် အောင်ပွဲခံခဲ့တာကြောင့် ရွိုင်ကိန်းရဲ့ ပြောဆိုဝေဖန်မှု ခံယူခဲ့ရပါတယ်။ မက်ဂွဲရားကတော့ ထိုအောင်ပွဲခံမှုဟာ ဘာအတွက် ရည်ရွယ်တာလို့ မရှိကြောင်း တုန့်ပြန် ပြောဆိုသွားပါတယ်။

ပေါ့ဘာဟာ စီ ရော်နယ်ဒို ထက် မြင့်တဲ့ လစာ ပေးမှ မန်ချက်စတာ ယူနိုက်တက်နဲ့ သက်တမ်းတိုးလိုတယ် ဆိုတဲ့ သတင်းတွေ ဒီတလော ထွက်ပေါ်နေတာက မမှန်ကန်ဘူးလို့ သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။ လက်ရှိမှာတော့ ပြင်သစ်သားဟာ နှစ်ကုန်ပိုင်းထိ ဒဏ်ရာကြောင့် နားရတော့မှာပါ။

ပေါ့ဘာက နွေမှာ ယူနိုက်တက်ရဲ့ ခေါ်ယူမှုတွေနဲ့ ရည်မှန်းချက်တွေ မြင်ခဲ့ရတဲ့ အပေါ် အားရနေခဲ့ပြီ လက်ရှိမှာတော့ နည်းပြ ဆိုးရှား ထုတ်ပယ်ခံရမလားနဲ့ ရှေ့ အလားအလာကို စောင့်ကြည့်နေသေးပုံ ရကြောင်း ရိုမန်နို က ဆိုပါတယ်။

Zawgyi

ယူနိုက္တက္ ဂိုးသမား ဒင္း ဟန္ဒါဆန္ အေနနဲ႕ အိုးထရက္ဖို႔ဒ္ကေန ျမန္ႏိုင္သမွ် ျမန္ျမန္သာ ထြက္ခြာသြားသင့္ေၾကာင့္ သရဲနီ ဂိုးသမားေဟာင္းၾကီး မာ့ခ္ ေဘာ့စ္နစ္က တိုက္တြန္းလိုက္ပါတယ္။ အဂၤလန္သားဟာ ဒီရာသီ ယူနိုက္တက္အတြက္ ကာရာေဘာင္းပြဲ တစ္ပြဲသာ ကစားခြင့္ ရထားပါတယ္။

ဗာရိန္းရဲ႕ တံေကာက္ေၾကာ ဒဏ္ရာကလည္း ဒီလထဲ ျပန္ကစားနိုင္ဦးမွာ မဟုတ္ဘဲ ဒီဇင္ဘာလထဲမွာ ျပန္လာနိုင္မယ္လို႔ ယူဆရပါတယ္။ သူ မပါဝင္နုိင္တာက ယူနိုက္တက္ ခံစစ္ကို ပိုမို ဆိုးဝါးေစခဲ့တာပါ။

အဂၤလန္အသင္းအတြက္ ေရြးခ်ယ္ ေခၚယူျခင္း ခံရေပမယ့္ လုခ္ေရွာဟာ မန္ခ်က္စတာ ဒါဘီပြဲက ထိခိုက္မႈ ေၾကာင့္ ၾကံ႕ခိုင္မႈ အျပည့္အဝ မရေသးဘဲ ျပန္ေကာင္းလာေအာင္ ၾကိဳးစားေနရဆဲ ျဖစ္ပါတယ္။

စေကာ့ မက္ ေတာ္မီေနးကလည္း လည္ေခ်ာင္း ပိုးဝင္တာေၾကာင့္ စေကာ့တလန္နဲ႕ ရွိစဥ္ ျပန္လာခဲ့ရတာ ျဖစ္ျပီး ကိစၥၾကီး မဟုတ္တာေၾကာင့္ ဝက္ဖို႔ဒ္နဲ႕ ပြဲ မတိုင္ခင္ေတာ့ ျပန္ ပါဝင္နိုင္မယ္ ယူဆရပါတယ္။

ေပါ့ဘာဟာ စီ ေရာ္နယ္ဒို ထက္ ျမင့္တဲ့ လစာ ေပးမွ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ သက္တမ္းတိုးလိုတယ္ ဆိုတဲ့ သတင္းေတြ ဒီတေလာ ထြက္ေပၚေနတာက မမွန္ကန္ဘူးလို႔ သတင္းေထာက္ ရိုမန္နိုက ဆိုပါတယ္။ လက္ရွိမွာေတာ့ ျပင္သစ္သားဟာ ႏွစ္ကုန္ပိုင္းထိ ဒဏ္ရာေၾကာင့္ နားရေတာ့မွာပါ။

ေပါ့ဘာက ေႏြမွာ ယူနိုက္တက္ရဲ႕ ေခၚယူမႈေတြနဲ႕ ရည္မွန္းခ်က္ေတြ ျမင္ခဲ့ရတဲ့ အေပၚ အားရေနခဲ့ျပီ လက္ရွိမွာေတာ့ နည္းျပ ဆိုးရွား ထုတ္ပယ္ခံရမလားနဲ႕ ေရွ႕ အလားအလာကို ေစာင့္ၾကည့္ေနေသးပံု ရေၾကာင္း ရိုမန္နို က ဆိုပါတယ္။

ယူနိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြဲရားဟာ ညက အယ္ေဘးနီးယားဘက္ ဂိုးသြင္းျပီးေနာက္ နားစြင့္ဟန္ ေအာင္ပြဲခံခဲ့တာေၾကာင့္ ရြိဳင္ကိန္းရဲ႕ ေျပာဆိုေဝဖန္မႈ ခံယူခဲ့ရပါတယ္။ မက္ဂြဲရားကေတာ့ ထိုေအာင္ပြဲခံမႈဟာ ဘာအတြက္ ရည္ရြယ္တာလို႔ မရွိေၾကာင္း တုန္႔ျပန္ ေျပာဆိုသြားပါတယ္။