ယူနိုက်တက်ဟာ နည်းပြ အပြောင်းအလဲ လုပ်ဖြစ်ခဲ့ရင်တောင် ဇန်နဝါရီမှာ အပြောင်းအရွှေ့ အသုံးစရိတ် လုံးဝ ထုတ်ပေးတော့မှာ မဟုတ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့နွေက ငွေသုံး ဝယ်ယူမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် လက်ရှိ လူစာရင်းကိုသာ ပိုကောင်းအောင် ပြုလုပ်စေဖို့ ဘုတ်အဖွဲ့က လိုလားနေပါတယ်။
ယူနိုက်တက်မှာ ပွဲကစားခွင့် မရသလောက် ဖြစ်နေတဲ့ ဒွန်နီ ဗန်ဒီဘိခ်ဟာ အသင်းမှာ လုံးဝ ပရော်ဖက်ရှင်နယ် ဆန်ဆန် ပြုမူနေပြီး ထရိန်နင်မှာလည်း မခိုမကပ် အမြဲ ကြိုးစားပေမယ့် အခြေအနေ ထူးခြားမှုသာ မရှိရင် ဇန်နဝါရီမှာ အသင်းပြောင်းမှာ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နို က ဆိုပါတယ်။

ဂလေဇာ မိသားစုဟာ ဆိုးရှားကို ထုတ်ပယ်ပြီးရင် အစားထိုး ခန့်အပ်မယ့် နည်းပြလောင်း စာရင်းကို ချုံ့လိုက်ပြီ ဖြစ်ပြီး ပိုချက်တီနိုနဲ့ ဘရန်ဒန် ရော်ဂျာကိုသာ ပစ်မှတ်ထားနေကြောင်း Transfer Window Podcast မှ ဒွန်ကန် ကပ်စ်တယ်က ဆိုပါတယ်။
လက်ရှိ ပီအက်စ်ဂျီအသင်းကို ကိုင်တွယ်နေတဲ့ ပိုချက်တီနို ကလည်း ပရီးမီးယားလိဂ်သို့ ပြန်လာဖို့ လမ်းဖွင့်ထားပြီး ယူနိုက်တက်ကလည်း စပါးနည်းပြဟောင်း ကို အမှန်တကယ် အလိုရှိနေကြောင်း တယ်လီဂရပ်ဖ်က အတည်ပြုထားပါတယ်။
အင်္ဂလန် နည်းပြ ဂါရတ် ဆောက်ဂိတ် က လုခ်ရှောဟာ မန်ချက်စတာ ဒါဘီပွဲက ရခဲ့တဲ့ ဦးခေါင်းဒဏ်ရာကြောင့် အင်္ဂလန်အသင်းကို ဒီတစ်ပတ် ပါဝင်ပူးပေါင်းနိုင်ခြင်း မရှိတော့ကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။

Zawgyi
ယူနိုက္တက္ဟာ နည္းျပ အေျပာင္းအလဲ လုပ္ျဖစ္ခဲ့ရင္ေတာင္ ဇန္နဝါရီမွာ အေျပာင္းအေရႊ႕ အသံုးစရိတ္ လံုးဝ ထုတ္ေပးေတာ့မွာ မဟုတ္ေၾကာင္း သိရပါတယ္။ ျပီးခဲ့တဲ့ေႏြက ေငြသံုး ဝယ္ယူမႈေတြ ျပဳလုပ္ခဲ့ျပီးတဲ့ေနာက္ လက္ရွိ လူစာရင္းကိုသာ ပိုေကာင္းေအာင္ ျပဳလုပ္ေစဖို႔ ဘုတ္အဖြဲ႕က လိုလားေနပါတယ္။
ယူနိုက္တက္မွာ ပြဲကစားခြင့္ မရသေလာက္ ျဖစ္ေနတဲ့ ဒြန္နီ ဗန္ဒီဘိခ္ဟာ အသင္းမွာ လံုးဝ ပေရာ္ဖက္ရွင္နယ္ ဆန္ဆန္ ျပဳမူေနျပီး ထရိန္နင္မွာလည္း မခိုမကပ္ အျမဲ ၾကိဳးစားေပမယ့္ အေျခအေန ထူးျခားမႈသာ မရွိရင္ ဇန္နဝါရီမွာ အသင္းေျပာင္းမွာ ျဖစ္ေၾကာင္း သတင္းေထာက္ ရိုမန္ႏို က ဆိုပါတယ္။
ဂေလဇာ မိသားစုဟာ ဆိုးရွားကို ထုတ္ပယ္ျပီးရင္ အစားထိုး ခန္႔အပ္မယ့္ နည္းျပေလာင္း စာရင္းကို ခ်ံဳ႕လိုက္ျပီ ျဖစ္ျပီး ပိုခ်က္တီနိုနဲ႕ ဘရန္ဒန္ ေရာ္ဂ်ာကိုသာ ပစ္မွတ္ထားေနေၾကာင္း Transfer Window Podcast မွ ဒြန္ကန္ ကပ္စ္တယ္က ဆိုပါတယ္။

လက္ရွိ ပီအက္စ္ဂ်ီအသင္းကို ကိုင္တြယ္ေနတဲ့ ပိုခ်က္တီနို ကလည္း ပရီးမီးယားလိဂ္သို႔ ျပန္လာဖို႔ လမ္းဖြင့္ထားျပီး ယူနိုက္တက္ကလည္း စပါးနည္းျပေဟာင္း ကို အမွန္တကယ္ အလိုရွိေနေၾကာင္း တယ္လီဂရပ္ဖ္က အတည္ျပဳထားပါတယ္။
အဂၤလန္ နည္းျပ ဂါရတ္ ေဆာက္ဂိတ္ က လုခ္ေရွာဟာ မန္ခ်က္စတာ ဒါဘီပြဲက ရခဲ့တဲ့ ဦးေခါင္းဒဏ္ရာေၾကာင့္ အဂၤလန္အသင္းကို ဒီတစ္ပတ္ ပါဝင္ပူးေပါင္းနုိင္ျခင္း မရွိေတာ့ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။
