လူကာကူပဲ ပါတဲ့ PFA ဆုစာရင်း၊ ဘာစီလိုနာ ပစ်မှတ်ထားခံရတဲ့ တိုက်စစ် ၃ဦးနဲ့ ချယ်ဆီး သတင်းတိုများ

ပဲလေ့စ်မှာ အငှားထွက် ကစားနေတဲ့ ချယ်ဆီး ကွင်းလယ်တိုက်စစ်သမား ကော်နာ ဂလဲဟားဟာ ဆောက်ဂိတ်ရဲ့ အင်္ဂလန် အသင်းကြီးအတွက် ပထမဆုံး အကြိမ် ရွေးချယ် ခေါ်ယူခံလိုက်ရပါတယ်။ မေဆန်မောင့်နဲ့ အခြား ကစားသမား တချို့ ဒဏ်ရာတွေ ရှိနေတာကြောင့် ၎င်းကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ အဆင်မပြေ ဖြစ်နေတဲ့ ချယ်ဆီး ကြယ်ပွင့်ဟောင်း အီဒင် ဟာဇက်ကို ချယ်ဆီး ပရိသတ်များက လန်ဒန်သို့ ပြန်ခေါ်စေလိုနေကြပါတယ်။ ချယ်ဆီးကသာ ဟာဇက်ကို တကယ် ပြန်ခေါ်ချင်တယ် ဆိုရင် ပြောင်းရွှေ့ကြေးထက် ကစားသမား ၃ ယောက်ထိ အလိုက်ပေးကာ အလဲအထပ် လုပ်သွားနိုင်တယ်လို့ သုံးသပ် နေကြပါတယ်။

နောဝစ်ချ်မှာ အငှား သွားရောက် ကစားနေတဲ့ ကွင်းလယ်ကစားသမား ဘီလီ ဂေးလ်မားဟာ လိဂ်ပွဲ ၄ပွဲသာ ပွဲထွက် ကစား ထားရတာကြောင့် ဇန်နဝါရီမှာ ချယ်ဆီးထံ ပြန်ခေါ်ဖို့ သုံးသပ် စဉ်းစားသွားမယ်လို့ နည်းပြ တူချယ်က ဆိုထားပါတယ်။

ပရီးမီးယားလိဂ် ၁၁ ပွဲ ကစားပြီးချိန်မှာ ချယ်ဆီးက အမှတ်ပေးဇယား ပထမနေရာမှာ ရှိနေပေမယ့် ဒီနှစ် PFA အကောင်းဆုံး ကစားသမား ဆု အတွက် ထိပ်ဆုံး ရေပန်းစားသူ ၁ဝ ဦး စာရင်းထဲမှာ ချယ်ဆီးမှ လူကာကူ တစ်ဦးသာ ပါဝင်နေပါတယ်။

ချယ်ဆီးကနေ ရာသီကုန်ရင် ထွက်ခွာမယ် သတင်းကြီးနေတဲ့ ခံစစ်မှုး ရူဒီဂါက သူ့ရဲ့ ပထမ ဦးစားပေးဟာ ချယ်ဆီးပဲ ဖြစ်ကြောင်း ဆိုလိုက်ပါတယ်။ ဂျာမနီလက်ရွေးစင် ကစားသမားရဲ့ စာချုပ်က ရာသီကုန်ရင် စာချုပ် ကုန်ဆုံးတော့မှာပါ။

ချယ်ဆီးနဲ့ ယူနိုက်တက် တို့ စိတ်ဝင်စားနေတဲ့ ဆီဗီလာ ခံစစ်မှုး ဂျူးလက်စ် ကွန်ဒဲလ်ဟာ အသင်းမှာ ပျော်ရွှင်နေပြီး ဇန်နဝါရီမှာတော့ အသင်းပြောင်းဖို့ လုံးဝ မစဉ်းစားဘူးလို့ သိရပါတယ်။

လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်းဟာ ဇန်နဝါရီမှာ အငှား ခေါ်လို့ရမယ့် တိုက်စစ်သမား ရှာဖွေနေပြီး ချယ်ဆီး အသင်းမှ ဇီယက်၊ အိုဒွိုင်းနဲ့ ပူလီဆစ်တို့ကို စောင့်ကြည့်နေကြောင်း သတင်းထွက်နေပါတယ်။

Zawgyi

ပဲေလ့စ္မွာ အငွားထြက္ ကစားေနတဲ့ ခ်ယ္ဆီး ကြင္းလယ္တိုက္စစ္သမား ေကာ္နာ ဂလဲဟားဟာ ေဆာက္ဂိတ္ရဲ႕ အဂၤလန္ အသင္းၾကီးအတြက္ ပထမဆံုး အၾကိမ္ ေရြးခ်ယ္ ေခၚယူခံလိုက္ရပါတယ္။ ေမဆန္ေမာင့္နဲ႕ အျခား ကစားသမား တခ်ိဳ႕ ဒဏ္ရာေတြ ရွိေနတာေၾကာင့္ ၄င္းကို ေရြးခ်ယ္လိုက္တာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္မွာ အဆင္မေျပ ျဖစ္ေနတဲ့ ခ်ယ္ဆီး ၾကယ္ပြင့္ေဟာင္း အီဒင္ ဟာဇက္ကို ခ်ယ္ဆီး ပရိသတ္မ်ားက လန္ဒန္သို႔ ျပန္ေခၚေစလိုေနၾကပါတယ္။ ခ်ယ္ဆီးကသာ ဟာဇက္ကို တကယ္ ျပန္ေခၚခ်င္တယ္ ဆိုရင္ ေျပာင္းေရႊ႕ေၾကးထက္ ကစားသမား ၃ ေယာက္ထိ အလိုက္ေပးကာ အလဲအထပ္ လုပ္သြားနုိင္တယ္လို႔ သံုးသပ္ ေနၾကပါတယ္။

ေနာဝစ္ခ်္မွာ အငွား သြားေရာက္ ကစားေနတဲ့ ကြင္းလယ္ကစားသမား ဘီလီ ေဂးလ္မားဟာ လိဂ္ပြဲ ၄ပြဲသာ ပြဲထြက္ ကစား ထားရတာေၾကာင့္ ဇန္နဝါရီမွာ ခ်ယ္ဆီးထံ ျပန္ေခၚဖို႔ သံုးသပ္ စဥ္းစားသြားမယ္လို႔ နည္းျပ တူခ်ယ္က ဆိုထားပါတယ္။

ပရီးမီးယားလိဂ္ ၁၁ ပြဲ ကစားျပီးခ်ိန္မွာ ခ်ယ္ဆီးက အမွတ္ေပးဇယား ပထမေနရာမွာ ရွိေနေပမယ့္ ဒီနွစ္ PFA အေကာင္းဆံုး ကစားသမား ဆု အတြက္ ထိပ္ဆံုး ေရပန္းစားသူ ၁ဝ ဦး စာရင္းထဲမွာ ခ်ယ္ဆီးမွ လူကာကူ တစ္ဦးသာ ပါဝင္ေနပါတယ္။

ခ်ယ္ဆီးကေန ရာသီကုန္ရင္ ထြက္ခြာမယ္ သတင္းၾကီးေနတဲ့ ခံစစ္မႈး ရူဒီဂါက သူ႔ရဲ႕ ပထမ ဦးစားေပးဟာ ခ်ယ္ဆီးပဲ ျဖစ္ေၾကာင္း ဆိုလိုက္ပါတယ္။ ဂ်ာမနီလက္ေရြးစင္ ကစားသမားရဲ႕ စာခ်ဳပ္က ရာသီကုန္ရင္ စာခ်ဳပ္ ကုန္ဆံုးေတာ့မွာပါ။

ခ်ယ္ဆီးနဲ႕ ယူနိုက္တက္ တို႔ စိတ္ဝင္စားေနတဲ့ ဆီဗီလာ ခံစစ္မႈး ဂ်ဴးလက္စ္ ကြန္ဒဲလ္ဟာ အသင္းမွာ ေပ်ာ္ရႊင္ေနျပီး ဇန္နဝါရီမွာေတာ့ အသင္းေျပာင္းဖို႔ လံုးဝ မစဥ္းစားဘူးလို႔ သိရပါတယ္။

လာလီဂါ ထိပ္သီး ဘာစီလိုနာ အသင္းဟာ ဇန္နဝါရီမွာ အငွား ေခၚလို႔ရမယ့္ တိုက္စစ္သမား ရွာေဖြေနျပီး ခ်ယ္ဆီး အသင္းမွ ဇီယက္၊ အိုဒြိဳင္းနဲ႕ ပူလီဆစ္တို႔ကို ေစာင့္ၾကည့္ေနေၾကာင္း သတင္းထြက္ေနပါတယ္။