ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (13/06/20)

ယူနိုက်တက် ကြိုးစားနေတဲ့ ဘာစီလိုနာ လူငယ်တိုက်စစ်မှူးလေး ဖာတီကို အသင်းဘက်က ရောင်းချဖို့ လုံး၀ ဆန္ဒမရှိကြောင်း ဘာစီလိုနာ အသင်းရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဇာဗီယာ ဗီလာဂျိုအာနာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက် ဟာ လာဇီယိုအသင်းအတွက် ဒီရာသီ ဂိုး ၃၀ ထိ သွင်းကာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး အီမိုဘီလီ ကို ဒီနွေရာသီမှာ ခေါ်ယူချင် နေတယ် လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ယူနိုက်တက် ပရိသတ်တွေ စောင့်စား မျှော်လင့်နေတဲ့ ပေါ့ဘာ ဖာနန်ဒက်စ် ကွင်းလယ်အတွဲအစွမ်းပြဖို့ ဆိုရင် နှစ်ယောက် ထဲက တစ်ယောက် ကတော့ လျှော့ပြီး အနစ်နာခံရတာမျိုး လုပ်ဖို့ လိုမယ်လို့ ယူနိုက်တက် ကစားသမားဟောင်းကြီး ဒါရင်း ဖလက်ချာက သုံးသပ် ခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ် ကွင်းလယ်ခံစစ်သမား ဆောလ်နီဂွက်ဟာ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်နေပေမယ့် မက်ဒရစ်က သူ့အိမ်လို ဖြစ်နေဆဲလို့ဆိုပြီး တခြားဘယ်ကလပ်နဲ့မှ စကားပြောဆိုမှု မလုပ်ထားဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

ဂျူဗင်တပ် အသင်းဟာ အာဆင်နယ်ကနေ ခေါ်ယူထားတဲ့ ကွင်းလယ် ကစားသမား အာရွန် ရမ်ဆေးကို ဒီနွေမှာ ကမ်းလှမ်းမှုတွေ ရှိရင် လက်ခံစဉ်းစားသွားမယ်လို့ လေသံပစ်လာခဲ့ပြီး ယူနိုက်တက်က ဒီအခြေအနေကို စောင့်ကြည့်လေ့လာနေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ သောကြာနေ့က ချန်ပီယံရှစ်ကလပ် ဝက်စ်ဘရွန်း အသင်းနဲ့ ကွင်းပိတ် ခြေစမ်းပွဲ နှစ်ပွဲ ကစားခဲ့ရာမှာ တစ်ပွဲ နိုင်၊ တစ်ပွဲ ရှုံး ရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ပထမပွဲမှာ ယူနိုက်တက်က ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ဒုတိယပွဲမှာ ၃-၁ နဲ့ ပြန် အနိုင်ရခဲ့ပါတယ်။

လက်ကျန်ပွဲတွေ အတွက် အားကုန်ရုန်းပြီး ယူနိုက်တက် ကို ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာရရှိအောင် စွမ်းဆောင် ပေးနိုင်မယ်ဆိုပါက နည်းပြ ဆိုးရှားဟာ ဆုကြေး ဘောနပ်စ် ပေါင် တစ်သန်းထိ ရရှိဖို့ ရှိနေပါတယ်။

Zawgyi – ယူနိုက်တက် ကြိုးစားနေတဲ့ ဘာစီလိုနာ လူငယ်တိုက်စစ်မှူးလေး ဖာတီကို အသင်းဘက်က ရောင်းချဖို့ လုံးဝ ဆန္ဒမရှိကြောင်း ဘာစီလိုနာ အသင်းရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဇာဗီယာ ဗီလာဂျိုအာနာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။





