စီရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု နောက်ဆုံးပွဲစဉ် အဖြစ် ညက ဆားဘီးယားကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရာ မထင်မှတ်ဘဲ ၂-၁ နဲ့ ရှုံးနိမ့်သွားတာကြောင့် ခြေစစ်ပွဲ တိုက်ရိုက် မအောင်တော့ဘဲ play-off ကစားရတော့မှာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ရဲ့ ချဉ်းကပ်ခြင်း ခံနေရတဲ့ အေဂျက် နည်းပြ တန်ဟက် ကတော့ လက်ရှိ ကလပ်မှာ ပျော်ရွှင်နေပြီး ဒီအချိန် အသင်းပြောင်းဖို့ ရည်ရွယ်ချက် မရှိကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
အာဆင်နယ်၊ မန်စီးတီးနဲ့ ဂျူဗင်တပ် အသင်းတို့ စောင့်ကြည့်ခံနေရတဲ့ ဖီအိုရင်တီးနား တိုက်စစ်မှုး ဗလာဟိုဗစ်ဟာ ကွန်တီရဲ့ စပါးအသင်းထံ ရောက်ဖို့ နီးစပ်လာနေတယ်လို့ သတင်းထွက်လာပါတယ်။ အာဆင်နယ်က ဗလာဟိုဗစ်ကို တော်တော် ချဉ်းကပ်ခဲ့သေးပြီး ကစားသမားက စကားကို အပြောမခံခဲ့တာပါ။

လီဗာပူးအသင်းရဲ့ ဂိုးသမား အယ်လစ်ဆန်ဟာ ဘရာဇီးအသင်းနဲ့ အတူ ရှိစဉ် သူ ဂိုးဖမ်းခဲ့တဲ့ ပုံရိပ်တစ်ခုကို တင်ထားပြီး ‘ မင်း လက်တွေကိုသာ သုံးနိုင်ရင် ဂိုးဖမ်းရတာ အဲဒီလောက် မခက်ပါဘူး ‘ ဆိုတဲ့ စာသားနဲ့ တင်ထားခဲ့ပါတယ်။
အယ်လစ်ဆန်ဟာ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင်က ဝက်စ်ဟမ်းနဲ့ ပွဲမှာ သူ့ကို တွန်းတိုက်ခံခဲ့ရပေမယ့် ဒိုင်လူကြီးရဲ့ လျစ်လျူရှုခံရတဲ့ ဖြစ်ရပ် အပေါ် ဆိုလိုပုံရပြီး အင်္ဂလန်ဒိုင်တွေရဲ့ အရည်အသွေးကို ကျေနပ်ပုံမရတာ တွေ့ရပါတယ်။
အာဆင်နယ်ရဲ့ အငှား ထွက် ကစားနေတဲ့ ကွင်းလယ် ကစားသမား ဂွမ်ဒူဇီဟာ ညက ပြင်သစ်အသင်းရဲ့ ကာဇက်စတန်နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပြင်သစ် ပရိသတ်တွေရဲ့ Boo လုပ် လှောင်ပြောင်ခြင်း ခံခဲ့ရပါတယ်။
ယူနိုက်တက်ဟာ ဆီဗီလာ ခံစစ်မှုး ဂျူးလက်စ် ကွန်ဒဲလ်ကို အသင်းမှာ မတည်ငြိမ် ဖြစ်နေတဲ့ မက်ဂွဲရား နေရာ အစားထိုးဖို့ ပစ်မှတ်ထား စောင့်ကြည့်လာပါတယ်။
တော့တင်ဟမ် စပါးအသင်းဟာ အီဒင် ဟာဇက်ကို ခေါ်ယူဖို့ အခွင့်အရေးအား ငြင်းပယ်ခဲ့ပေမယ့် ဂါရတ်ဘေးလ် ကို ပြန်ခေါ်ဖို့ကိုတော့ စဉ်းစားနေဆဲ ဖြစ်ကြောင်း စပိန်သတင်းတွေက ဖော်ပြလာပါတယ်။

Zawgyi
စီေရာ္နယ္ဒို ဦးေဆာင္တဲ့ ေပၚတူဂီအသင္းဟာ ကမၻာ့ဖလား ေျခစစ္ပြဲ အုပ္စု ေနာက္ဆံုးပြဲစဥ္ အျဖစ္ ညက ဆားဘီးယားကို အိမ္ကြင္းမွာ ဧည့္ခံ ကစားရာ မထင္မွတ္ဘဲ ၂-၁ နဲ႕ ရံႈးနိမ့္သြားတာေၾကာင့္ ေျခစစ္ပြဲ တိုက္ရိုက္ မေအာင္ေတာ့ဘဲ play-off ကစားရေတာ့မွာ ျဖစ္ပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္နဲ႕ နယူးကာဆယ္တို႔ရဲ႕ ခ်ဥ္းကပ္ျခင္း ခံေနရတဲ့ ေအဂ်က္ နည္းျပ တန္ဟက္ ကေတာ့ လက္ရွိ ကလပ္မွာ ေပ်ာ္ရႊင္ေနျပီး ဒီအခ်ိန္ အသင္းေျပာင္းဖို႔ ရည္ရြယ္ခ်က္ မရွိေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။
အာဆင္နယ္၊ မန္စီးတီးနဲ႕ ဂ်ဴဗင္တပ္ အသင္းတို႔ ေစာင့္ၾကည့္ခံေနရတဲ့ ဖီအိုရင္တီးနား တိုက္စစ္မႈး ဗလာဟိုဗစ္ဟာ ကြန္တီရဲ႕ စပါးအသင္းထံ ေရာက္ဖို႔ နီးစပ္လာေနတယ္လို႔ သတင္းထြက္လာပါတယ္။ အာဆင္နယ္က ဗလာဟိုဗစ္ကို ေတာ္ေတာ္ ခ်ဥ္းကပ္ခဲ့ေသးျပီး ကစားသမားက စကားကို အေျပာမခံခဲ့တာပါ။
လီဗာပူးအသင္းရဲ႕ ဂိုးသမား အယ္လစ္ဆန္ဟာ ဘရာဇီးအသင္းနဲ႕ အတူ ရွိစဥ္ သူ ဂိုးဖမ္းခဲ့တဲ့ ပံုရိပ္တစ္ခုကို တင္ထားျပီး ‘ မင္း လက္ေတြကိုသာ သံုးႏိုင္ရင္ ဂိုးဖမ္းရတာ အဲဒီေလာက္ မခက္ပါဘူး ‘ ဆိုတဲ့ စာသားနဲ႕ တင္ထားခဲ့ပါတယ္။
အယ္လစ္ဆန္ဟာ နုိင္ငံတကာ သီတင္းပတ္ မတိုင္ခင္က ဝက္စ္ဟမ္းနဲ႕ ပြဲမွာ သူ႔ကို တြန္းတိုက္ခံခဲ့ရေပမယ့္ ဒိုင္လူၾကီးရဲ႕ လ်စ္လ်ဴရႈခံရတဲ့ ျဖစ္ရပ္ အေပၚ ဆိုလိုပံုရျပီး အဂၤလန္ဒိုင္ေတြရဲ႕ အရည္အေသြးကို ေက်နပ္ပံုမရတာ ေတြ႔ရပါတယ္။
အာဆင္နယ္ရဲ႕ အငွား ထြက္ ကစားေနတဲ့ ကြင္းလယ္ ကစားသမား ဂြမ္ဒူဇီဟာ ညက ျပင္သစ္အသင္းရဲ႕ ကာဇက္စတန္နဲ႕ ကမၻာ့ဖလား ေျခစစ္ပြဲမွာ ျပင္သစ္ ပရိသတ္ေတြရဲ႕ Boo လုပ္ ေလွာင္ေျပာင္ျခင္း ခံခဲ့ရပါတယ္။
ယူနိုက္တက္ဟာ ဆီဗီလာ ခံစစ္မႈး ဂ်ဴးလက္စ္ ကြန္ဒဲလ္ကို အသင္းမွာ မတည္ျငိမ္ ျဖစ္ေနတဲ့ မက္ဂြဲရား ေနရာ အစားထိုးဖို႔ ပစ္မွတ္ထား ေစာင့္ၾကည့္လာပါတယ္။
ေတာ့တင္ဟမ္ စပါးအသင္းဟာ အီဒင္ ဟာဇက္ကို ေခၚယူဖို႔ အခြင့္အေရးအား ျငင္းပယ္ခဲ့ေပမယ့္ ဂါရတ္ေဘးလ္ ကို ျပန္ေခၚဖို႔ကိုေတာ့ စဥ္းစားေနဆဲ ျဖစ္ေၾကာင္း စပိန္သတင္းေတြက ေဖာ္ျပလာပါတယ္။
