အမ်ဘတ်ပီနဲ့ ရီးရဲလ်မက်ဒရစ် အကြို သဘောတူစာချုပ် ချုပ်မယ့် နေ့ရက် သတင်းထွက်လာ

ပီအက်စ်ဂျီ ကြယ်ပွင့် အမ် ဘတ်ပီဟာ လာမယ့် ၂ လ အတွင်းမှာပဲ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းဖို့ အကြို သဘောတူ စာချုပ် ချုပ်ဆိုတော့မှာ ဖြစ်ကြောင်း မက်ဒရစ်အခြေစိုက် သတင်းတွေ့ ဖော်ပြလာပါတယ်။ ဒါပေမယ့် ရာသီ မကုန်မချင်း ရီးရဲလ် ဘက်က တရားဝင်ကြေငြာမှု တစုံတရာ ပြုလုပ်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

အသက် ၂၂ နှစ် အရွယ် ပြင်သစ်သားဟာ နောက်နှစ် ဇူလိုင်မှာ ဆို ရီးရဲလ် အသင်းသား ဖြစ်လာမှာ ဖြစ်ပြီး အပြောင်းအရွှေ့ သတင်းတိုင်း ခေါင်းစည်းကနေ ပါဝင်နေကျ ဇာတ်လမ်းတွေကို အဆုံးသတ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

အမ်ဘတ်ပီနဲ့ ပီအက်ကစ်ဂျီ အသင်းရဲ့ လက်ရှိ စာချုပ်က ရာသီကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး အခုထိ သက်တမ်းတိုး စာချုပ်အတွက် သဘောမတူနိုင်ဘူး ဖြစ်နေပါတယ်။

သတင်းထောက် ရိုမန်နိုကတော့ ပြင်သစ်ကလပ်ဟာ အမ်ဘတ်ပီ စိတ်ပြောင်းပြီး အသင်းနဲ့ သက်တမ်းတိုးဦးမယ်လို့ မျှော်လင့်နေဆဲ လို့ သိရပါတယ်။

အမ်ဘတ်ပီဟာ ဒီရာသီ ပီအက်စ်ဂျီ အသင်းအတွက် ၁၆ ပွဲ ကစားပြီး ဖြစ်ကာ ၇ဂိုးသွင်း ၁၁ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။ ရီးရဲလ်က အမ်ဘတ်ပီကို အရ ခေါ်ယူဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်တာကြောင့် ဇန်နဝါရီတည်းက အကြို သဘောတူ စာချုပ် ချုပ်ထားဖို့ လှုပ်ရှားလာခဲ့တာ ဖြစ်ပါတယ်။

Zawgyi

ပီအက္စ္ဂ်ီ ၾကယ္ပြင့္ အမ္ ဘတ္ပီဟာ လာမယ့္ ၂ လ အတြင္းမွာပဲ ရီးရဲလ္မက္ဒရစ္ထံ ေျပာင္းဖို႔ အၾကိဳ သေဘာတူ စာခ်ဳပ္ ခ်ဳပ္ဆိုေတာ့မွာ ျဖစ္ေၾကာင္း မက္ဒရစ္အေျခစိုက္ သတင္းေတြ႕ ေဖာ္ျပလာပါတယ္။ ဒါေပမယ့္ ရာသီ မကုန္မခ်င္း ရီးရဲလ္ ဘက္က တရားဝင္ေၾကျငာမႈ တစံုတရာ ျပဳလုပ္မွာ မဟုတ္ဘူးလို႔လည္း ဆိုပါတယ္။

အသက္ ၂၂ နွစ္ အရြယ္ ျပင္သစ္သားဟာ ေနာက္နွစ္ ဇူလိုင္မွာ ဆို ရီးရဲလ္ အသင္းသား ျဖစ္လာမွာ ျဖစ္ျပီး အေျပာင္းအေရႊ႕ သတင္းတိုင္း ေခါင္းစည္းကေန ပါဝင္ေနက် ဇာတ္လမ္းေတြကို အဆုံးသတ္ေတာ့မွာ ျဖစ္တယ္လို႔ သိရပါတယ္။

အမ္ဘတ္ပီနဲ႕ ပီအက္ကစ္ဂ်ီ အသင္းရဲ႕ လက္ရွိ စာခ်ဳပ္က ရာသီကုန္မွာ ကုန္ဆံုးေတာ့မွာ ျဖစ္ျပီး အခုထိ သက္တမ္းတိုး စာခ်ဳပ္အတြက္ သေဘာမတူနုိင္ဘူး ျဖစ္ေနပါတယ္။

သတင္းေထာက္ ရိုမန္နိုကေတာ့ ျပင္သစ္ကလပ္ဟာ အမ္ဘတ္ပီ စိတ္ေျပာင္းျပီး အသင္းနဲ႕ သက္တမ္းတိုးဦးမယ္လို႔ ေမွ်ာ္လင့္ေနဆဲ လို႔ သိရပါတယ္။

အမ္ဘတ္ပီဟာ ဒီရာသီ ပီအက္စ္ဂ်ီ အသင္းအတြက္ ၁၆ ပြဲ ကစားျပီး ျဖစ္ကာ ၇ဂိုးသြင္း ၁၁ ဂိုး ေထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။ ရီးရဲလ္က အမ္ဘတ္ပီကို အရ ေခၚယူဖို႔ စိတ္ပိုင္းျဖတ္ထားျပီး ျဖစ္တာေၾကာင့္ ဇန္နဝါရီတည္းက အၾကိဳ သေဘာတူ စာခ်ဳပ္ ခ်ဳပ္ထားဖို႔ လႈပ္ရွားလာခဲ့တာ ျဖစ္ပါတယ္။