ဒိုင်ဘားလားဟာ နောက်ဆုံးမှာတော့ ဂျူဗင်တပ်နဲ့ သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပြီး ဒီလထဲမှာ သက်တမ်းတိုး စာချုပ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။
အက်သလက်တီကို မက်ဒရစ်ဟာ အငှား စေလွှတ်ထားတဲ့ မိုရာတာနဲ့ ဆော နီဂွက်ဇ်ကို ရောင်းချနိုင်ရင် နောက်နှစ် နွေမှာ ယူရို ၇၅ သန်း ထိ ရဖို့ ရှိနေပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်နဲ့ ချယ်ဆီးအသင်းတို့က တီကို ကစားသမား နှစ်ဦးကို ပြန်လွှတ်ဖို့လည်း များနေတာကြောင့် အက်သလက်တီကိုက အခြေအနေကို စောင့်ကြည့်နေရပါတယ်။
ဘာစီလိုနာ နည်းပြ ဇာဗီက ပြီးခဲ့တဲ့နွေ ထွက်ခွာသွားတဲ့ မက်ဆီ နေရာ အစားထိုးနိုင်ရန် လီဗာပူး တိုက်စစ်မှုး မိုဆာလာ ကို ပစ်မှတ်ထားနေပြီး ဘယ်လောက် ကုန် ကုန် အရခေါ်ပေးဖို့ အသင်း တာဝန်ရှိသူတွေထံ တောင်းဆိုထားကြောင်း သိရပါတယ်။

အာဆင်နယ် တိုက်စစ်မှုး အမ် ကတ်တီးရားဟာ ကလပ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု မရရှိဘဲ ကစားသမား ကိုယ်တိုင်က ပွဲကစားခွင့် ပုံမှန် ရနိုင်မယ့် အသင်း တစ်သင်းသင်းထံ ပြောင်းရွှေ့လိုနေပြီ ဖြစ်ပါတယ်။
ချန်ပီယံရှစ်ကလပ် ရက်ဒင်းအသင်းဟာ လီဗာပူးနဲ့ နယူးကာဆယ် တိုက်စစ်မှုးဟောင်း အန်ဒီ ကာရိုးလ်ကို ၂၀၂၂ ဇန်နဝါရီထိ သက်တမ်းတို စာချုပ်နဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။
လက်စတာ ကွင်းလယ် ကစားသမား နမ်ပလေး မန်ဒီက အသင်းကနေ ထွက်ခွာလိုကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ၎င်းက ‘ ကျနော် အသင်းကနေ ထွက်ခွာချင်ပါတယ်။ ဒါ မြန်မြန် ဖြစ်လာဖို့ မျှော်လင့်ပေမယ့် ကျနော် စိတ်တော့ ရှည်ရမှာပေါ့။ ‘ လို့ ဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ရဲ့ အပယ်ခံ ကွင်းလယ်တိုက်စစ်သမား ဒွန်နီ ဗန်ဒီဘိခ်ကို လာမယ့် ဇန်နဝါရီမှာ ခေါ်ယူဖို့ ဝုဗ် အသင်းကပါ မျက်စိကျနေကြောင်း သိရပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒိုက မန်ချက်စတာ ယူနိုက်တက်မှာ အတူ ပြန် လက်တွဲနိုင်ဖို့ ယူနိုက်တက် နည်းပြ ရာထူးကို ဇီဒန်း လက်ခံအောင် ဆွေးနွေးပြောဆိုနေကြောင်း အင်္ဂလန် The Times သတင်းစာက ဖော်ထုတ်လိုက်ပါတယ်။ ဂလေဇာ မိသားစုဟာ ဇီဒန်းကိစ္စ ရော်နယ်ဒိုနဲ့ ဆွေးနွေးထားတယ်လို့လည်း ထိုသတင်းက ဆိုပါတယ်။

Zawgyi
ဒိုင္ဘားလားဟာ ေနာက္ဆံုးမွာေတာ့ ဂ်ဴဗင္တပ္နဲ႕ သက္တမ္းတိုးဖို႔ သေဘာတူညီမႈ ရရွိသြားျပီ ျဖစ္ျပီး ဒီလထဲမွာ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုမွာ ျဖစ္ပါတယ္။
အက္သလက္တီကို မက္ဒရစ္ဟာ အငွား ေစလႊတ္ထားတဲ့ မိုရာတာနဲ႕ ေဆာ နီဂြက္ဇ္ကို ေရာင္းခ်ႏိုင္ရင္ ေနာက္နွစ္ ေႏြမွာ ယူရို ၇၅ သန္း ထိ ရဖို႔ ရွိေနပါတယ္။ ဒါေပမယ့္ ဂ်ဴဗင္တပ္နဲ႕ ခ်ယ္ဆီးအသင္းတို႔က တီကို ကစားသမား နွစ္ဦးကို ျပန္လႊတ္ဖို႔လည္း မ်ားေနတာေၾကာင့္ အက္သလက္တီကိုက အေျခအေနကို ေစာင့္ၾကည့္ေနရပါတယ္။
ဘာစီလိုနာ နည္းျပ ဇာဗီက ျပီးခဲ့တဲ့ေႏြ ထြက္ခြာသြားတဲ့ မက္ဆီ ေနရာ အစားထိုးႏိုင္ရန္ လီဗာပူး တိုက္စစ္မႈး မိုဆာလာ ကို ပစ္မွတ္ထားေနျပီး ဘယ္ေလာက္ ကုန္ ကုန္ အရေခၚေပးဖို႔ အသင္း တာဝန္ရွိသူေတြထံ ေတာင္းဆိုထားေၾကာင္း သိရပါတယ္။
အာဆင္နယ္ တုိက္စစ္မႈး အမ္ ကတ္တီးရားဟာ ကလပ္နဲ႕ စာခ်ဳပ္သက္တမ္းတိုးဖို႔ သေဘာတူညီမႈ မရရွိဘဲ ကစားသမား ကိုယ္တိုင္က ပြဲကစားခြင့္ ပံုမွန္ ရနုိင္မယ့္ အသင္း တစ္သင္းသင္းထံ ေျပာင္းေရႊ႕လိုေနျပီ ျဖစ္ပါတယ္။
ခ်န္ပီယံရွစ္ကလပ္ ရက္ဒင္းအသင္းဟာ လီဗာပူးနဲ႕ နယူးကာဆယ္ တိုက္စစ္မႈးေဟာင္း အန္ဒီ ကာရိုးလ္ကို ၂၀၂၂ ဇန္နဝါရီထိ သက္တမ္းတို စာခ်ဳပ္နဲ႕ ေခၚယူလိုက္ျပီ ျဖစ္ပါတယ္။
လက္စတာ ကြင္းလယ္ ကစားသမား နမ္ပေလး မန္ဒီက အသင္းကေန ထြက္ခြာလိုေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။ ၄င္းက ‘ က်ေနာ္ အသင္းကေန ထြက္ခြာခ်င္ပါတယ္။ ဒါ ျမန္ျမန္ ျဖစ္လာဖို႔ ေမွ်ာ္လင့္ေပမယ့္ က်ေနာ္ စိတ္ေတာ့ ရွည္ရမွာေပါ့။ ‘ လို႔ ဆိုခဲ့ပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ အပယ္ခံ ကြင္းလယ္တိုက္စစ္သမား ဒြန္နီ ဗန္ဒီဘိခ္ကို လာမယ့္ ဇန္နဝါရီမွာ ေခၚယူဖို႔ ၀ုဗ္ အသင္းကပါ မ်က္စိက်ေနေၾကာင္း သိရပါတယ္။
ခရစၥတီယာနို ေရာ္နယ္ဒိုက မန္ခ်က္စတာ ယူနိုက္တက္မွာ အတူ ျပန္ လက္တြဲနုိင္ဖို႔ ယူနိုက္တက္ နည္းျပ ရာထူးကို ဇီဒန္း လက္ခံေအာင္ ေဆြးေႏြးေျပာဆိုေနေၾကာင္း အဂၤလန္ The Times သတင္းစာက ေဖာ္ထုတ္လိုက္ပါတယ္။ ဂေလဇာ မိသားစုဟာ ဇီဒန္းကိစၥ ေရာ္နယ္ဒိုနဲ႕ ေဆြးေႏြးထားတယ္လို႔လည္း ထိုသတင္းက ဆိုပါတယ္။
