အင်တာလက်လန်သွားအောင် လုပ်တဲ့ ရူဒီဂါ၊ ဂိုးသမားတွေရဲ့ ပြိုင်ဆိုင်မှုနဲ့ ယနေ့ ချယ်ဆီး သတင်းများ

စီးရီးအေကလပ် အင်တာမီလန်အသင်းဟာ ချယ်ဆီး ခံစစ်မှုး ရူဒီဂါကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့် ဂျာမနီ လက်ရွေးစင် ကစားသမားရဲ့ တောင်းဆိုမှုတွေက ခွင့်ပြုနိုင်တာထက် လွန်နေတာကြောင့် နောက်ဆုတ်ခဲ့ကြောင်း အီတလီ သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

ချယ်ဆီး တိုက်စစ်မှုး လူကာကူတော့ လေ့ကျင့်ရေးကွင်းမှာ ပြန် လေ့ကျင့်နေတာ တွေ့ရပါတယ်။ အသင်းရဲ့ ထရိန်နင်တွေမှာ ဘယ်လ်ဂျီယံသား ဘယ်လောက်ထိ ပါဝင်နိုင်ပြီလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ချယ်ဆီးအသင်းခေါင်းဆောင် ကွီတာရဲ့ စာချုပ်က ရာသီကုန်၊ နောက်နှစ် ဇွန်လမှာ ကုန်ဆုံးမှာ ဖြစ်ပြီး ဘာစီလိုနာ အသင်းက အခြေအနေကို စောင့်ကြည့်နေပါတယ်။ ဘာစီလိုနာ နည်းပြ ဇာဗီက အသင်းရဲ့ ငယ်ရွယ်တဲ့ ခံစစ်သမားတွေကို ထိန်းကျောင်းနိုင်မယ့် ဝါရင့် တစ်ဦး အလိုရှိနေတာပါ။

စပိန် AS သတင်းဌာန အဆိုအရ အက်သလက်တီကို မက်ဒရစ်ဟာ ရာသီဝက်မှာ ဆောနီဂွက်ဇ်ကို ချယ်ဆီးက အငှား စာချုပ်ဖျက်ပြီး ပြန်လွှတ်မှာကို လက်ခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ၎င်းတို့က ဆောကို ပြန်ခေါ်ပြီး လစာပေးထားဖို့ကို စရိတ် မရှိဘူးလို့ သိရပါတယ်။

ချယ်ဆီး လူငယ် ကစားသမားလေး ဂလဲဟားဟာ ညက အင်္ဂလန်အသင်းရဲ့ ဆမ်မာရီနိုနဲ့ ပွဲမှာ လက်ရွေးစင်အသင်းနဲ့ အတူ ပထမဆုံး ပါဝင် ပွဲထွက်ခွင့် ရခဲ့ပြီ ဖြစ်ပါတယ်။ ထိုပွဲမှာ အင်္ဂလန်က ၁ဝ-ဝ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ချယ်ဆီး နံပါတ် တစ် ဂိုးသမား မန်ဒီက အသင်းမှာ အရန် ဖြစ်နေတဲ့ ဂိုးသမား ကီပါနဲ့ ဆက်ဆံရေးက ကောင်းမွန်သလို တတိယ ဂိုးသမား ဖြစ်တဲ့ မားကပ်စ် (ဘတ်တင်နယ်လီ)နဲ့ပါ အဆင်ပြေကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဂိုးသမားတွေဟာ အသင်းမှာ ကောင်းမွန်တဲ့ ပြိုင်ဆိုင်မှုသာ ရှိတယ်လို့ မန်ဒီက ဆိုပါတယ်။

Zawgyi

စီးရီးေအကလပ္ အင္တာမီလန္အသင္းဟာ ခ်ယ္ဆီး ခံစစ္မႈး ရူဒီဂါကို ေခၚယူဖုိ႔ ခ်ိတ္ဆက္ခဲ့ေပမယ့္ ဂ်ာမနီ လက္ေရြးစင္ ကစားသမားရဲ႕ ေတာင္းဆိုမႈေတြက ခြင့္ျပဳနိုင္တာထက္ လြန္ေနတာေၾကာင့္ ေနာက္ဆုတ္ခဲ့ေၾကာင္း အီတလီ သတင္းဌာနက ေဖာ္ျပသြားခဲ့ပါတယ္။

ခ်ယ္ဆီး တိုက္စစ္မႈး လူကာကူေတာ့ ေလ့က်င့္ေရးကြင္းမွာ ျပန္ ေလ့က်င့္ေနတာ ေတြ႔ရပါတယ္။ အသင္းရဲ႕ ထရိန္နင္ေတြမွာ ဘယ္လ္ဂ်ီယံသား ဘယ္ေလာက္ထိ ပါဝင္နုိင္ျပီလဲ ဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

ခ်ယ္ဆီးအသင္းေခါင္းေဆာင္ ကြီတာရဲ႕ စာခ်ဳပ္က ရာသီကုန္၊ ေနာက္နွစ္ ဇြန္လမွာ ကုန္ဆံုးမွာ ျဖစ္ျပီး ဘာစီလိုနာ အသင္းက အေျခအေနကို ေစာင့္ၾကည့္ေနပါတယ္။ ဘာစီလိုနာ နည္းျပ ဇာဗီက အသင္းရဲ႕ ငယ္ရြယ္တဲ့ ခံစစ္သမားေတြကို ထိန္းေက်ာင္းနုိင္မယ့္ ဝါရင့္ တစ္ဦး အလိုရွိေနတာပါ။

စပိန္ AS သတင္းဌာန အဆိုအရ အက္သလက္တီကို မက္ဒရစ္ဟာ ရာသီဝက္မွာ ေဆာနီဂြက္ဇ္ကို ခ်ယ္ဆီးက အငွား စာခ်ဳပ္ဖ်က္ျပီး ျပန္လႊတ္မွာကို လက္ခံမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။ ၄င္းတို႔က ေဆာကို ျပန္ေခၚျပီး လစာေပးထားဖို႔ကို စရိတ္ မရွိဘူးလို႔ သိရပါတယ္။

ခ်ယ္ဆီး လူငယ္ ကစားသမားေလး ဂလဲဟားဟာ ညက အဂၤလန္အသင္းရဲ႕ ဆမ္မာရီႏိုနဲ႕ ပြဲမွာ လက္ေရြးစင္အသင္းနဲ႕ အတူ ပထမဆံုး ပါဝင္ ပြဲထြက္ခြင့္ ရခဲ့ျပီ ျဖစ္ပါတယ္။ ထိုပြဲမွာ အဂၤလန္က ၁ဝ-ဝ နဲ႕ အနုိင္ရရွိခဲ့ပါတယ္။

ခ်ယ္ဆီး နံပါတ္ တစ္ ဂိုးသမား မန္ဒီက အသင္းမွာ အရန္ ျဖစ္ေနတဲ့ ဂိုးသမား ကီပါနဲ႕ ဆက္ဆံေရးက ေကာင္းမြန္သလို တတိယ ဂိုးသမား ျဖစ္တဲ့ မားကပ္စ္ (ဘတ္တင္နယ္လီ)နဲ႕ပါ အဆင္ေျပေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ ဂိုးသမားေတြဟာ အသင္းမွာ ေကာင္းမြန္တဲ့ ျပိဳင္ဆိုင္မႈသာ ရွိတယ္လို႔ မန္ဒီက ဆိုပါတယ္။