ပရီးမီးယားလိဂ် ဥက္ကဌ ဂယ်ရီ ဟော့ဖ်မန်းဟာ ရာထူးကနေ ၁၈ လ အကြာမှာပဲ နယူးကာဆယ် ပိုင်ရှင်သစ် အပြောင်းအလဲ ပြသနာကြောင့် ကလပ်အသင်းတွေ ကန့်ကွက်မှု ပြင်းထန်လာပြီး ရာထူးကနေ နှုတ်ထွက် ပေးလိုက်ရပြီ ဖြစ်ပါတယ်။
ဘာစီလိုနာ အသင်းရဲ့ ဒါရိုက်တာ တစ်ဦး ဖြစ်တဲ့ ရာမွန် ပလိန်းစ်ဟာ အသင်းရဲ့ နည်းစနစ်ပိုင်း အတွင်းရေးမှုး ရာထူးကနေ သူ့သဘော အရ နှုတ်ထွက်သွားခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
အင်္ဂလန်လက်ရွေးစင် အသင်း နည်းပြ ဂါရတ် ဆောက်ဂိတ်ကတော့ အင်္ဂလန်နဲ့ နောက်ထပ် စာချုပ်သစ် တစ်ရပ် သက်တမ်း တိုး ချုပ်ဆိုဖို့ အသင့် ဖြစ်နေပြီလို့ အတည်ပြု ပြောဆိုလိုက်ပါတယ်။
ဂါဘွန်အသင်းထံကနေ စောစော ပြန်လာရတဲ့ တိုက်စစ်မှုး အူဘာမီးယန်းရဲ့ ကြံ့ခိုင်မှု အနေအထား အပေါ် အာဆင်နယ် အသင်းက စိုးရိမ်နေပါတယ်။

ဂျူဗင်တပ်အသင်းဟာ ဒေါ့မွန် ကွင်းလယ် ကစားသမား အိတ်ဇယ် ဝစ်ဆယ်ကို လာမယ့် အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ပြောဆို ဆွေးနွေးနေကြောင်း စကိုင်းစပေါ့ အီတလီက ဖော်ထုတ်ထားပါတယ်။
အဲဗာတန်အသင်းဟာ လာမယ့် ဇန်နဝါရီမှာ မစ်လန်းနိုင်းစ်ကို အငှား ခေါ်ယူဖို့ မအောင်မြင်ခဲ့ရင် ခံစစ်မှုး ကောလမ် ချမ်ဘာစ်ကို ခေါ်ယူဖို့ ကြိုးစားဖွယ် ရှိနေပါတယ်။
ဒီတပတ် အာဆင်နယ်နဲ့ ပွဲမတိုင်ခင် အသင်း ထရိန်နင်မှာ တိုက်စစ်မှုး မာနေး ပြန် ပါဝင်လာတာကြောင့် လီဗာပူးအသင်း အားတက်စရာ ဖြစ်လာပါတယ်။ လီဗာပူး ကွင်းလယ်မှာ ဒဏ်ရာ ရသူတွေ များနေတဲ့ အပြင် မာနေးက ဆီနီဂေါ အသင်းနဲ့ အတူ ရှိစဉ် ထိခိုက်ခဲ့တာကြောင့် စိုးရိမ်စရာ ဖြစ်ခဲ့ရတာပါ။
ရိမ်းဂျားစ်အသင်းဟာ စတီဗင် ဂျရတ်ကို လက်လွှတ်ရပြီးနောက် အစားထိုး ခန့်ဖို့ နည်းပြ ရှာဖွေနေပေမယ့် ဖရန့် လမ်းပတ်ကို စာရင်းထဲ ထည့် မထားဘူးလို့ သိရပါတယ်။ ဂျရတ်က အက်စတွန်ဗီလာ ကို ကိုင်တွယ်ဖို့ ရိမ်းဂျားစ်ကနေ ထွက်ခွာခဲ့တာပါ။

Zawgyi
ပရီးမီးယားလိဂ္ ဥကၠဌ ဂယ္ရီ ေဟာ့ဖ္မန္းဟာ ရာထူးကေန ၁၈ လ အၾကာမွာပဲ နယူးကာဆယ္ ပိုင္ရွင္သစ္ အေျပာင္းအလဲ ျပသနာေၾကာင့္ ကလပ္အသင္းေတြ ကန္႔ကြက္မႈ ျပင္းထန္လာျပီး ရာထူးကေန ႏႈတ္ထြက္ ေပးလိုက္ရျပီ ျဖစ္ပါတယ္။
ဘာစီလိုနာ အသင္းရဲ႕ ဒါရိုက္တာ တစ္ဦး ျဖစ္တဲ့ ရာမြန္ ပလိန္းစ္ဟာ အသင္းရဲ႕ နည္းစနစ္ပိုင္း အတြင္းေရးမႈး ရာထူးကေန သူ႔သေဘာ အရ ႏႈတ္ထြက္သြားခဲ့ျပီ ျဖစ္တယ္လို႔ သိရပါတယ္။
အဂၤလန္လက္ေရြးစင္ အသင္း နည္းျပ ဂါရတ္ ေဆာက္ဂိတ္ကေတာ့ အဂၤလန္နဲ႕ ေနာက္ထပ္ စာခ်ဳပ္သစ္ တစ္ရပ္ သက္တမ္း တိုး ခ်ဳပ္ဆိုဖို႔ အသင့္ ျဖစ္ေနျပီလို႔ အတည္ျပဳ ေျပာဆိုလိုက္ပါတယ္။
ဂါဘြန္အသင္းထံကေန ေစာေစာ ျပန္လာရတဲ့ တိုက္စစ္မႈး အူဘာမီးယန္းရဲ႕ ၾကံ႕ခိုင္မႈ အေနအထား အေပၚ အာဆင္နယ္ အသင္းက စိုးရိမ္ေနပါတယ္။
ဂ်ဴဗင္တပ္အသင္းဟာ ေဒါ့မြန္ ကြင္းလယ္ ကစားသမား အိတ္ဇယ္ ဝစ္ဆယ္ကို လာမယ့္ အေျပာင္းအေရႊ႕မွာ ေခၚယူဖို႔ ေျပာဆို ေဆြးေႏြးေနေၾကာင္း စကိုင္းစေပါ့ အီတလီက ေဖာ္ထုတ္ထားပါတယ္။
အဲဗာတန္အသင္းဟာ လာမယ့္ ဇန္နဝါရီမွာ မစ္လန္းႏိုင္းစ္ကို အငွား ေခၚယူဖို႔ မေအာင္ျမင္ခဲ့ရင္ ခံစစ္မႈး ေကာလမ္ ခ်မ္ဘာစ္ကို ေခၚယူဖို႔ ၾကိဳးစားဖြယ္ ရွိေနပါတယ္။
ဒီတပတ္ အာဆင္နယ္နဲ႕ ပြဲမတိုင္ခင္ အသင္း ထရိန္နင္မွာ တိုက္စစ္မႈး မာေနး ျပန္ ပါဝင္လာတာေၾကာင့္ လီဗာပူးအသင္း အားတက္စရာ ျဖစ္လာပါတယ္။ လီဗာပူး ကြင္းလယ္မွာ ဒဏ္ရာ ရသူေတြ မ်ားေနတဲ့ အျပင္ မာေနးက ဆီနီေဂါ အသင္းနဲ႕ အတူ ရွိစဥ္ ထိခိုက္ခဲ့တာေၾကာင့္ စိုးရိမ္စရာ ျဖစ္ခဲ့ရတာပါ။
ရိမ္းဂ်ားစ္အသင္းဟာ စတီဗင္ ဂ်ရတ္ကို လက္လႊတ္ရျပီးေနာက္ အစားထိုး ခန္႔ဖို႔ နည္းျပ ရွာေဖြေနေပမယ့္ ဖရန္႔ လမ္းပတ္ကို စာရင္းထဲ ထည့္ မထားဘူးလို႔ သိရပါတယ္။ ဂ်ရတ္က အက္စတြန္ဗီလာ ကို ကိုင္တြယ္ဖို႔ ရိမ္းဂ်ားစ္ကေန ထြက္ခြာခဲ့တာပါ။
