ဘာစီလိုနာ တောင်းဆိုချက်ကို လိုက်လျောရင် ကော်တင်ညိုကို ရတော့မယ့် ချယ်ဆီး

ချယ်ဆီးအသင်းဟာ ဘာစီလိုနာရဲ့ အပယ်ခံ ဖြစ်နေတဲ့ ကွင်းလယ်ကစားသမား ကော်တင်ညိုကို အငှားနဲ့ ခေါ်ယူလိုနေပြီး ဘရာဇီးသား အတွက် လုပ်ခလစာကိုလည်း အပြည့် ပေးချေဖို့ အသင့် ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်မှာ အငှား ထွက်ကစားနေတဲ့ ကော်တင်ညိုဟာ အငှားပြီးဆုံးချိန်မှာ ဘွန်ဒစ်လီဂါ ချန်ပီယံဘက်က အပြီးသတ် ဝယ်ယူလိုခြင်း မရှိတာကြောင့် မိခင်ကလပ် ဘာစီလိုနာထံ ပြန်သွားရဖို့ ရှိနေပြီး ဘာစီလိုနာကလည်း ကစားသမားသစ် ခေါ်ယူလိုမှုများကြောင့် ကော်တင်ညိုကို ရောင်းချလိုနေပါတယ်။

ပရီးမီးယားလိဂ်ထံ ပြန်သွားဖို့ စိတ်ဝင်စားမှု ရှိနေတဲ့ ကော်တင်ညိုကို ချယ်ဆီးနဲ့ ယူနိုက်တက်တို့က စိတ်ဝင်စားဟန် ပြသထားပါတယ်။ အသင်းဟောင်း လီဗာပူးရဲ့ ပြိုင်ဘက် ယူနိုက်တက်ကိုတော့ ကော်တင်ညိုက မရွေးချယ်လိုဘဲ ချယ်ဆီးအသင်းကသာ သေချာ ကမ်းလှမ်းမှု လုပ်ရင် ကော်တင်ညိုက လက်ခံလိုနေပါတယ်။

ချယ်ဆီးအသင်းဟာ ကော်တင်ညိုကို လုပ်ခလစာပြည့်ပေးကာ တစ်ရာသီ အငှားနဲ့ ခေါ်ယူလိုနေပေမယ့် ဘာစီလိုနာကတော့ အငှားခေါ်ရင် နောက်ရာသီကုန်မှာ အပြီးသတ် ဝယ်ယူမယ်ဆိုတဲ့ သဘောတူညီချက် ပေးမှသာ အငှား စေလွှတ်လိုနေပါတယ်။

ကော်တင်ညိုကို တစ်ရာသီ ခေါ်ယူတာအတွက် ချယ်ဆီးက ပေါင် ၁၁.၅ သန်း သုံးစွဲရဖို့ ရှိပြီး အငှားပြီးဆုံးရင် ဘာစီလိုနာက ပေါင် ၅၃ သန်းနဲ့ ဈေးလျှော့ ရောင်းလိုနေပါတယ်။ ဒါဟာ ဘရာဇီးသားကို လီဗာပူးထံမှ ဝယ်ယူစဉ်က ပေးခဲ့ရတဲ့ ပေါင် ၁၄၂ သန်းကနေ အရှုံးခံ ရောင်းချလိုနေတာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ အေဂျက်မှ ကွင်းလယ်တိုက်စစ်သမား ဇီယက်ကိုလည်း အကြိုသဘောတူညီမှုနဲ့ ခေါ်ယူထားပြီး ဖြစ်ပါတယ်။ ကော်တင်ညိုကို အငှားနဲ့ ခေါ်ဖို့ အလိုရှိနေတာ မှန်ပေမယ့် အပြီးသတ် ဝယ်ယူဖို့ လန်ဒန်ကလပ်ဘက်ကလည်း စဉ်းစားလိုနေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဘာစီလိုနာရဲ႕ အပယ္ခံ ျဖစ္ေနတဲ့ ကြင္းလယ္ကစားသမား ေကာ္တင္ညိဳကို အငွားနဲ႕ ေခၚယူလိုေနျပီး ဘရာဇီးသား အတြက္ လုပ္ခလစာကိုလည္း အျပည့္ ေပးေခ်ဖို႔ အသင့္ ရွိေနပါတယ္။

ဘိုင္ယန္ျမဴးနစ္မွာ အငွား ထြက္ကစားေနတဲ့ ေကာ္တင္ညိဳဟာ အငွားျပီးဆံုးခ်ိန္မွာ ဘြန္ဒစ္လီဂါ ခ်န္ပီယံဘက္က အျပီးသတ္ ၀ယ္ယူလိုျခင္း မရွိတာေၾကာင့္ မိခင္ကလပ္ ဘာစီလိုနာထံ ျပန္သြားရဖို႔ ရွိေနျပီး ဘာစီလိုနာကလည္း ကစားသမားသစ္ ေခၚယူလိုမႈမ်ားေၾကာင့္ ေကာ္တင္ညိဳကို ေရာင္းခ်လိုေနပါတယ္။

ပရီးမီးယားလိဂ္ထံ ျပန္သြားဖို႔ စိတ္၀င္စားမႈ ရွိေနတဲ့ ေကာ္တင္ညိဳကို ခ်ယ္ဆီးနဲ႕ ယူနိုက္တက္တို႔က စိတ္၀င္စားဟန္ ျပသထားပါတယ္။ အသင္းေဟာင္း လီဗာပူးရဲ႕ ျပိဳင္ဘက္ ယူနိုက္တက္ကိုေတာ့ ေကာ္တင္ညိဳက မေရြးခ်ယ္လိုဘဲ ခ်ယ္ဆီးအသင္းကသာ ေသခ်ာ ကမ္းလွမ္းမႈ လုပ္ရင္ ေကာ္တင္ညိဳက လက္ခံလိုေနပါတယ္။

ခ်ယ္ဆီးအသင္းဟာ ေကာ္တင္ညိဳကို လုပ္ခလစာျပည့္ေပးကာ တစ္ရာသီ အငွားနဲ႕ ေခၚယူလိုေနေပမယ့္ ဘာစီလိုနာကေတာ့ အငွားေခၚရင္ ေနာက္ရာသီကုန္မွာ အျပီးသတ္ ၀ယ္ယူမယ္ဆိုတဲ့ သေဘာတူညီခ်က္ ေပးမွသာ အငွား ေစလႊတ္လိုေနပါတယ္။

ေကာ္တင္ညိဳကို တစ္ရာသီ ေခၚယူတာအတြက္ ခ်ယ္ဆီးက ေပါင္ ၁၁.၅ သန္း သံုးစြဲရဖို႔ ရွိျပီး အငွားျပီးဆံုးရင္ ဘာစီလိုနာက ေပါင္ ၅၃ သန္းနဲ႕ ေစ်းေလွ်ာ့ ေရာင္းလိုေနပါတယ္။ ဒါဟာ ဘရာဇီးသားကို လီဗာပူးထံမွ ၀ယ္ယူစဥ္က ေပးခဲ့ရတဲ့ ေပါင္ ၁၄၂ သန္းကေန အရွံဳးခံ ေရာင္းခ်လိုေနတာ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ေအဂ်က္မွ ကြင္းလယ္တိုက္စစ္သမား ဇီယက္ကိုလည္း အၾကိဳသေဘာတူညီမႈနဲ႕ ေခၚယူထားျပီး ျဖစ္ပါတယ္။ ေကာ္တင္ညိဳကို အငွားနဲ႕ ေခၚဖို႔ အလိုရွိိေနတာ မွန္ေပမယ့္ အျပီးသတ္ ၀ယ္ယူဖို႔ လန္ဒန္ကလပ္ဘက္ကလည္း စဥ္းစားလိုေနပါတယ္။