မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ရှက်ဖီးယူနိုက်တက်ထံ အငှားလွှတ်ထားတဲ့ လူငယ် ဂိုးသမား ဒင်း ဟန်ဒါဆန်ဟာ အင်္ဂလန် လက်ရွေးစင် အသင်းအတွက်ရော ယူနိုက်တက် အတွက်ပါ နံပါတ် ၁ ဂိုးသမား ဖြစ်လာမယ်လို့ ထောက်ခံချက်ပေးလိုက်ပါတယ်။
ဆိုးရှား အခုလို ထုတ်ဖော် ပြောဆိုလိုက်ခြင်းက ဒင်း ဟန်ဒါဆန်ကို ယူနိုက်တက် အပြီး ရောင်းချမလား ဆိုတဲ့ သတင်းတွေကို နှုတ်ဆိတ်စေခဲ့ပြီ ဖြစ်ပြီး အင်္ဂလန် U21 ဂိုးသမားလေးကို မျက်စိကျနေတဲ့ ချယ်ဆီးကိုပါ ဟန့်တားရာ ရောက်မှာ ဖြစ်ပါတယ်။
အင်္ဂလန်သား ဂိုးသမားဟာ ရှက်ဖီးမှာ အငှား ထွက် ကစားနေတာ နှစ်ရာသီ ရှိပြီ ဖြစ်ပြီး ပထမရာသီက ချန်ပီယံရှစ်မှာ ကစားခဲ့ကာ ဒုတိယရာသီမှာတော့ ပရီးမီးယားလိဂ်မှာပါ ဆက်လက် အစွမ်းပြနေပါတယ်။ ယူနိုက်တက်ထံ ပြန်ခေါ်ပြီးလည်း ဒင်း ဟန်ဒါဆန်ကို နေရာ မပေးနိုင်တာကြောင့် အပြီးရောင်းချတာ ဒါမှမဟုတ် ရှက်ဖီးမှာ တတိယရာသီ အငှား ဆက်ချနိုင်မယ် ယူဆရပေမယ့် ဆိုးရှားကတော့ နောက်ရာသီ ကိစ္စ မဆုံးဖြတ်ရသေးကြောင်းလည်း အသိပေးခဲ့ပါတယ်။
ယူနိုက်တက်မှာ လက်ရှိ အနေနဲ့ အဓိက ဂိုးသမား ဒီဂီယာ ရှိပေမယ့် ဆိုးရှားက တချိန်မှာ ဒင်း ဟန်ဒါဆန်ကို နေရာပေးဖို့ ရည်ရွယ်ရင်း ရှိနေပါတယ်။
” ဒင်းက ဒီနှစ်တွေ အတွင်း မှန်ကန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်ခဲ့တယ် သိသိသာသာလည်း တိုးတက်လာခဲ့တယ်။ သူ့ကို နောက်ဘောလုံးရာသီ ဘယ်လိုစီမံရမလဲ ကျနော်တို့ ကြည့်ရှုနေပါတယ်။ ဒါပေမယ့် မဆုံးဖြတ်ရသေးဘူး။ ဒီရာသီက သူ့အတွက် အတွေ့အကြုံကောင်း ဖြစ်မှာပါ။ လက်စွမ်းကောင်းတွေ ပြသထားတာကြောင့် ဒီအတိုင်းဆို တချိန်မှာ သူက အင်္ဂလန်ရဲ့ နံပါတ် ၁၊ ယူနိုက်တက်ရဲ့ နံပါတ် ၁ ပါ ဖြစ်လာမယ့် သူပါ။ ” လို့ ဆိုးရှားက ချီးကျူးပြောဆိုခဲ့ပါတယ်။
ရှက်ဖီးယူနိုက်တက်ဟာ လက်ရှိ အမှတ်ပေးဇယား အဆင့် ၇ မှာ ရှိပြီး ချန်ပီယံလိဂ် မျှော်လင့်ချက် ရှိနေသေးပေမယ့် ယူနိုက်တက်က ဒင်း ကို လက်ကျန်ပွဲများ ကစားဖို့ ရာသီကုန် ရှက်ဖီးမှာ ဆက်ရှိရန် အငှား ကာလတို သက်တမ်းတိုး ခွင့်ပြုခဲ့ပါတယ်။ နည်းပြ ဝိုက်ဒါရဲ့ ရှက်ဖီးအသင်းဟာ ဇွန် ၂၄ မှာ အိုးထရက်ဖို့ဒ်ထံ လာရောက် ကစားဖို့ ရှိနေပါတယ်။
Zawgyi – ဆိုးရှား အခုလို ထုတ်ဖော် ပြောဆိုလိုက်ခြင်းက ဒင်း ဟန်ဒါဆန်ကို ယူနိုက်တက် အပြီး ရောင်းချမလား ဆိုတဲ့ သတင်းတွေကို နှုတ်ဆိတ်စေခဲ့ပြီ ဖြစ်ပြီး အင်္ဂလန် U21 ဂိုးသမားလေးကို မျက်စိကျနေတဲ့ ချယ်ဆီးကိုပါ ဟန့်တားရာ ရောက်မှာ ဖြစ်ပါတယ်။