ကန်တေကို ကြည့်တဲ့ ချူဝါမီနီ၊ ထရိန်နင် ပြန်ဆင်းနေတဲ့ မောင့်နဲ့ ယနေ့ညပိုင်း ချယ်ဆီး သတင်းများ

ချယ်ဆီး ချိတ်ဆက်နေတဲ့ မိုနာကို ကွင်းလယ်ကစားသမား ချူဝါမီနီဟာ အန်ဂိုလို ကန်တေရဲ့ စကေးလ် ဗီဒီယိုတွေကို အမြဲ ကြည့်ပြီး သူ့ စွမ်းဆောင်ရည် ပိုကောင်းလာအောင် သင်ယူဖြစ်ကြောင်း ဖော်ထုတ်ခဲ့ပါတယ်။

ဒီတလောမှာ ဘာစီလိုနာ အသင်းဟာ ချယ်ဆီး ကစားသမားတွေကို တောက်လျောက် ချိတ်ဆက်တဲ့ သတင်းတွေ တက်နေတာကြောင့် ချယ်ဆီး ပရိသတ်တွေကတော့ လှောင်ပြောင်နေကြပြီး တစ်သင်းလုံးပါ ခေါ်မလားလို့ ပြောဆိုနေကြပါတယ်။

ဂျော်ဂျင်ဟိုနဲ့ ချယ်ဆီးအသင်း လက်ရှိ စာချုပ်က ၂၀၂၃ မှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် ၎င်းကို သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ ချယ်ဆီးက ဦးစားပေး စီစဉ်မှု ရှိမနေသေးကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လိုက်ပါတယ်။ ချယ်ဆီးက စာချုပ်ကုန်တော့မယ့် ရူဒီဂါနဲ့ ခရစ္စတန်ဆန် ကိစ္စကို အာရုံစိုက်လိုနေတာပါ။

ချယ်ဆီး ခံစစ်မှုးဟောင်း အက်ရှ်လေကိုးလ်က တစ်သင်းလုံး ဘောလုံးနဲ့ပဲ ရှင်သန်လာခဲ့တာ ဖြစ်လို့ နည်းပြ လောကထဲ ဝင်ဖို့ ကြောက်ရွံ့နေစရာတော့ မရှိကြောင်း ဆိုလိုက်ပြီး နည်းပြ အဖြစ် လုပ်ဆောင်လိုတဲ့ ဆန္ဒကို ဖွင့်ဟသွားခဲ့ပါတယ်။

ချယ်ဆီး ဂိုးသမား မန်ဒီက သူ့ ကစားသမား ဘဝ အစပိုင်းမှာ ကမ္ဘာ့အကောင်းဆုံးလို့ သတ်မှတ်ခံရတဲ့ ဂိုးသမားတွေထဲ တစ်ယောက် အပါအဝင် ဖြစ်လာမယ်လို့ မထင်ခဲ့ကြောင်း El Match TV ကနေ ဝန်ခံခဲ့ပါတယ်။ လမ်းပတ် က ၎င်းကို ချယ်ဆီးမှာ ခေါ်ယူ နေရာပေးခဲ့တာအတွက်လည်း မန်ဒီက ကျေးဇူးတင်ကြောင်း ဆိုခဲ့ပါတယ်။

ချယ်ဆီး တိုက်စစ်သမား မေဆန်မောင့် ဟာ သွားခွဲစိတ်မှု ခံယူပြီးတဲ့နောက် အသင်း ထရိန်နင်မှာ ပြန် ပါဝင် လေ့ကျင့်နေပြီ ဖြစ်ပါတယ်။ မောင့်က စနေနေ့ လက်စတာနဲ့ ပွဲမှာ ပါဝင်နိုင်ဖွယ် ရှိပါတယ်။

Zawgyi

ခ်ယ္ဆီး ခ်ိတ္ဆက္ေနတဲ့ မိုနာကို ကြင္းလယ္ကစားသမား ခ်ဴဝါမီနီဟာ အန္ဂိုလို ကန္ေတရဲ႕ စေကးလ္ ဗီဒီယိုေတြကို အျမဲ ၾကည့္ျပီး သူ႔ စြမ္းေဆာင္ရည္ ပိုေကာင္းလာေအာင္ သင္ယူျဖစ္ေၾကာင္း ေဖာ္ထုတ္ခဲ့ပါတယ္။

ဒီတေလာမွာ ဘာစီလိုနာ အသင္းဟာ ခ်ယ္ဆီး ကစားသမားေတြကို ေတာက္ေလ်ာက္ ခ်ိတ္ဆက္တဲ့ သတင္းေတြ တက္ေနတာေၾကာင့္ ခ်ယ္ဆီး ပရိသတ္ေတြကေတာ့ ေလွာင္ေျပာင္ေနၾကျပီး တစ္သင္းလံုးပါ ေခၚမလားလို႔ ေျပာဆိုေနၾကပါတယ္။

ေဂ်ာ္ဂ်င္ဟိုနဲ႕ ခ်ယ္ဆီးအသင္း လက္ရွိ စာခ်ဳပ္က ၂၀၂၃ မွာ ကုန္ဆံုးမွာ ျဖစ္ေပမယ့္ ၄င္းကို သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ ခ်ယ္ဆီးက ဦးစားေပး စီစဥ္မႈ ရွိမေနေသးေၾကာင္း သတင္းေထာက္ ရိုမန္ႏိုက ေဖာ္ထုတ္လိုက္ပါတယ္။ ခ်ယ္ဆီးက စာခ်ဳပ္ကုန္ေတာ့မယ့္ ရူဒီဂါနဲ႕ ခရစၥတန္ဆန္ ကိစၥကို အာရံုစိုက္လိုေနတာပါ။

ခ်ယ္ဆီး ခံစစ္မႈးေဟာင္း အက္ရွ္ေလကိုးလ္က တစ္သင္းလံုး ေဘာလံုးနဲ႕ပဲ ရွင္သန္လာခဲ့တာ ျဖစ္လို႔ နည္းျပ ေလာကထဲ ဝင္ဖို႔ ေၾကာက္ရြံ႕ေနစရာေတာ့ မရွိေၾကာင္း ဆိုလိုက္ျပီး နည္းျပ အျဖစ္ လုပ္ေဆာင္လိုတဲ့ ဆႏၵကုိ ဖြင့္ဟသြားခဲ့ပါတယ္။

ခ်ယ္ဆီး ဂိုးသမား မန္ဒီက သူ႔ ကစားသမား ဘဝ အစပိုင္းမွာ ကမၻာ့အေကာင္းဆံုးလို႔ သတ္မွတ္ခံရတဲ့ ဂိုးသမားေတြထဲ တစ္ေယာက္ အပါအဝင္ ျဖစ္လာမယ္လို႔ မထင္ခဲ့ေၾကာင္း El Match TV ကေန ဝန္ခံခဲ့ပါတယ္။ လမ္းပတ္ က ၄င္းကို ခ်ယ္ဆီးမွာ ေခၚယူ ေနရာေပးခဲ့တာအတြက္လည္း မန္ဒီက ေက်းဇူးတင္ေၾကာင္း ဆိုခဲ့ပါတယ္။

ခ်ယ္ဆီး တိုက္စစ္သမား ေမဆန္ေမာင့္ ဟာ သြားခြဲစိတ္မႈ ခံယူျပီးတဲ့ေနာက္ အသင္း ထရိန္နင္မွာ ျပန္ ပါဝင္ ေလ့က်င့္ေနျပီ ျဖစ္ပါတယ္။ ေမာင့္က စေနေန႔ လက္စတာနဲ႕ ပြဲမွာ ပါဝင္နိုင္ဖြယ္ ရွိပါတယ္။