အကောင်းဆုံး အယောက် ၅ဝ ထဲ ပါသူများ၊ ဟန်ဒါဆန်၊ မာရှယ်တို့နဲ့ မန်ယူနိုက်တက် သတင်းများ

ရိုးမားအသင်းဟာ ယူနိုက်တက် ကစားသမား ဒီယေဂို ဒါလော့ကို ခေါ်ယူဖို့ အစီအစဉ် ရှိသလားလို့ ရိုးမား ဒါရိုက်တာ ပင်တိုက မေးမြန်းခံရရာ ၎င်းက တခြားကလပ်က ကစားသမားတွေ အကြောင်း ပြောရတာ မကြိုက်တဲ့ အပြင် အသင်း အပြောင်းအရွှေ့ အစီအစဉ်တွေကို လူသိအောင် ထုတ်မပြောချင်ဘူးလို့ စကိုင်းစပေါ့ အီတလီသို့ ဖြေကြားခဲ့ပါတယ်။

နာမည်ကြီး ဂိုးသတင်းဌာနက ဒီ ၂၀၂၁ ရဲ့ အကောင်းဆုံး ကစားသမား အယောက် ၅ဝ စာရင်းကို ထုတ်ပြန်လိုက်ရာ မန်ချက်စတာ ယူနိုက်တက် အသင်းသား ၃ဦး ပါဝင်နေပါတယ်။ ထို ၃ ယောက်ကတော့ အဆင့် ၁၄ မှာ ဖာနန်ဒက်စ်၊ ၁၆ မှာ ပေါ့ဘာနဲ့ ၄၃ မှာ လုခ်ရှောတို့ ဖြစ်ပါတယ်။ နွေမှ ရောက်လာခဲ့တဲ့ ရော်နယ်ဒိုကတော့ အဆင့် ၂ မှာ ရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒင်း ဟန်ဒါဆန်ဟာ ဇန်နဝါရီမှာ အငှား ဒါမှမဟုတ် အပြီးကို ထွက်ခွာသွားနိုင်တယ် လို့ Eurosport သတင်းက ဆိုပါတယ်။ ငယ်ရွယ်တဲ့ ယူနိုက်တက် ဂိုးသမားကို နယူးကာဆယ် က စိတ်ဝင်စား စောင့်ကြည့်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ၂၀၁၅ မှာ မာရှယ်ကို ခေါ်ယူစဉ်က ကနဦးကြေး ပေါင် ၃၆ သန်း ပေးခဲ့ရပေမယ့် အခြား ထပ်ဆောင်း အချက်အလက်တွေ ပြည့်မှီရင် ပေါင် ၅၈ သန်းထိ ပေးရမှာ ဖြစ်ကြောင်း သတင်း ပေါက်လာပါတယ်။

ဒါပေမယ့် The Times သတင်း အဆိုအရ အချက်တစ်ချက်ကြောင့် မာရှယ်ကို ပေးရမယ့် ပေါင် ၈.၅ သန်းကတော့ ယူနိုက်တက် ထုတ် ပေးရဖွယ် မရှိပါဘူး။ ထိုအချက်ကတော့ မာရှယ် ဘလွန်းဒီအော ဆု ရရင် ပေးရမယ့် ဆုကြေး ဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ သူတို့ အသင်းသားဟောင်း ယူနိုက်တက် ကွင်းလယ်သမား ပေါ့ဘာကို ခေါ်ယူဖို့ ပြန် စိတ်ဝင်စားလာပြီ ဖြစ်ပါတယ်။ စီးရီးအေ ထိပ်သီးကလပ်ကလည်း ဘဏ္ဍာရေး ကြပ်တည်းမှုတွေ ရှိနေတာကြောင့် ပေါ့ဘာကို လစာကြီး ပေးထားဖို့ လက်ရှိ အသင်းသားတချို့ အရင် ရှင်းထုတ်ရဖွယ် ရှိနေပါတယ်။

Zawgyi

ရိုးမားအသင္းဟာ ယူနိုက္တက္ ကစားသမား ဒီေယဂို ဒါေလာ့ကို ေခၚယူဖို႔ အစီအစဥ္ ရွိသလားလို႔ ရိုးမား ဒါရိုက္တာ ပင္တိုက ေမးျမန္းခံရရာ ၄င္းက တျခားကလပ္က ကစားသမားေတြ အေၾကာင္း ေျပာရတာ မၾကိဳက္တဲ့ အျပင္ အသင္း အေျပာင္းအေရႊ႕ အစီအစဥ္ေတြကို လူသိေအာင္ ထုတ္မေျပာခ်င္ဘူးလို႔ စကိုင္းစေပါ့ အီတလီသို႔ ေျဖၾကားခဲ့ပါတယ္။

နာမည္ၾကီး ဂိုးသတင္းဌာနက ဒီ ၂၀၂၁ ရဲ႕ အေကာင္းဆံုး ကစားသမား အေယာက္ ၅ဝ စာရင္းကုိ ထုတ္ျပန္လိုက္ရာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းသား ၃ဦး ပါဝင္ေနပါတယ္။ ထို ၃ ေယာက္ကေတာ့ အဆင့္ ၁၄ မွာ ဖာနန္ဒက္စ္၊ ၁၆ မွာ ေပါ့ဘာနဲ႕ ၄၃ မွာ လုခ္ေရွာတို႔ ျဖစ္ပါတယ္။ ေႏြမွ ေရာက္လာခဲ့တဲ့ ေရာ္နယ္ဒိုကေတာ့ အဆင့္ ၂ မွာ ရွိပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ ဂိုးသမား ဒင္း ဟန္ဒါဆန္ဟာ ဇန္နဝါရီမွာ အငွား ဒါမွမဟုတ္ အျပီးကို ထြက္ခြာသြားနုိင္တယ္ လို႔ Eurosport သတင္းက ဆိုပါတယ္။ ငယ္ရြယ္တဲ့ ယူနိုက္တက္ ဂိုးသမားကို နယူးကာဆယ္ က စိတ္ဝင္စား ေစာင့္ၾကည့္ေနပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ၂၀၁၅ မွာ မာရွယ္ကို ေခၚယူစဥ္က ကနဦးေၾကး ေပါင္ ၃၆ သန္း ေပးခဲ့ရေပမယ့္ အျခား ထပ္ေဆာင္း အခ်က္အလက္ေတြ ျပည့္မွီရင္ ေပါင္ ၅၈ သန္းထိ ေပးရမွာ ျဖစ္ေၾကာင္း သတင္း ေပါက္လာပါတယ္။

ဒါေပမယ့္ The Times သတင္း အဆိုအရ အခ်က္တစ္ခ်က္ေၾကာင့္ မာရွယ္ကို ေပးရမယ့္ ေပါင္ ၈.၅ သန္းကေတာ့ ယူနိုက္တက္ ထုတ္ ေပးရဖြယ္ မရွိပါဘူး။ ထိုအခ်က္ကေတာ့ မာရွယ္ ဘလြန္းဒီေအာ ဆု ရရင္ ေပးရမယ့္ ဆုေၾကး ျဖစ္ပါတယ္။

ဂ်ဴဗင္တပ္အသင္းဟာ သူတို႔ အသင္းသားေဟာင္း ယူနိုက္တက္ ကြင္းလယ္သမား ေပါ့ဘာကို ေခၚယူဖို႔ ျပန္ စိတ္ဝင္စားလာျပီ ျဖစ္ပါတယ္။ စီးရီးေအ ထိပ္သီးကလပ္ကလည္း ဘ႑ာေရး ၾကပ္တည္းမႈေတြ ရွိေနတာေၾကာင့္ ေပါ့ဘာကို လစာၾကီး ေပးထားဖို႔ လက္ရွိ အသင္းသားတခ်ိဳ႕ အရင္ ရွင္းထုတ္ရဖြယ္ ရွိေနပါတယ္။