အပြောင်းအရွှေ့ဆိုင်ရာ သတင်းထောက်ဖြစ်သူ Fabrizio Romano ရဲ့ ဖော်ပြချက်အရ ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်က သူ့ရဲ့ အခြေအနေကို သိရဖို့အတွက် စောင့်ဆိုင်နေပြီး ဆုံးဖြတ်ချက်ဟာ အန်ဆယ်လော့တီရဲ့ သဘောထား အပေါ်မှာလည်း မူတည်နေတယ်လို့ သိရပါတယ်။
ဘယ်ဂျီယံ တိုက်စစ်သမားဟာ ပုံမှန် ပွဲကစားခွင့်နဲ့အတူ ဘောလုံးကစားခွင့်တွေ လိုချင်နေပေမယ့် အခြေအနေတွေက ခက်ခဲနေတာဖြစ်တယ်။ သူ့ရဲ့ များပြားတဲ့ ဒဏ်ရာ ပြဿနာတွေကြောင့်လည်း ရီးရဲလ်မက်ဒရစ်မှာ ဦးစားပေး ခံရမယ့် အနေအထားကို ဆုံးရှုံးထားခဲ့ပြီ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဘက်ကတော့ မည်သည့် ကမ်းလှမ်းမှုမှ မရသေးခြင်းနဲ့အတူ ဟာဇက်နဲ့ ပတ်သက်ပြီး ဆွေးနွေးညိနှိုင်းမှုတွေ မရှိထားပါဘူး။ ဟာဇက်ဘက်ကလည်း အပြောင်းအရွှေ့ ကိစ္စအတွက် တိတ်ဆိတ်နေဆဲဖြစ်တယ်။
ဇန်နဝါရီမှာ ဟာဇက်ရဲ့ အပြောင်းအရွှေ့ကိစ္စ ဖြစ်ပေါ်လာဖို့ကတော့ မလွယ်ကူဘူးလို့ ရိုမန်နိုက ပြောခဲ့တယ်။ သို့ပေမယ့် လက်ရှိလို ပွဲကစားခွင့် မရတဲ့ အခြေအနေက မပြောင်းလဲဘူးဆိုရင် အသက် ၃၀ အရွယ် တိုက်စစ်သမားဟာ လာမယ့် နွေမှာတော့ ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာနိုင်ပါတယ်။
ချယ်ဆီး၊ နယူးကာဆယ်တို့နဲ့ အပြောင်းအရွှေ့ ကိစ္စတွေ ထွက်နေပေမယ့် အဆိုပါ သတင်းတွေက ကောလဟာလ အဆင့်တွေပဲ ဖြစ်တယ်လို့ ရိုမန်နိုက ထပ်ပြီး ဖော်ပြခဲ့တယ်။
ဒီရာသီမှာ ဟာဇက်ဟာ ပြိုင်ပွဲစုံ ၁၁ ပွဲအတွင်း ပွဲကစားချိန် ၄၁၅ မိနစ်ပဲ ရထားခဲ့တာဖြစ်ပါတယ်။ သူဟာ ပွဲထွက်လူစာရင်းကနေတော့ ၅ ပွဲပဲ ကစားထားပါသေးတယ်။

ZAWGYI – အေျပာင္းအေရႊ႔ဆိုင္ရာ သတင္းေထာက္ျဖစ္သူ Fabrizio Romano ရဲ႕ ေဖာ္ျပခ်က္အရ ဟာဇက္ဟာ ရီးရဲလ္မက္ဒရစ္က သူ႔ရဲ႕ အေျခအေနကို သိရဖို႔အတြက္ ေစာင့္ဆိုင္ေနျပီး ဆံုးျဖတ္ခ်က္ဟာ အန္ဆယ္ေလာ့တီရဲ႕ သေဘာထား အေပၚမွာလည္း မူတည္ေနတယ္လို႔ သိရပါတယ္။
ဘယ္ဂ်ီယံ တိုက္စစ္သမားဟာ ပံုမွန္ ပြဲကစားခြင့္နဲ႔အတူ ေဘာလံုးကစားခြင့္ေတြ လိုခ်င္ေနေပမယ့္ အေျခအေနေတြက ခက္ခဲေနတာျဖစ္တယ္။ သူ႔ရဲ႕ မ်ားျပားတဲ့ ဒဏ္ရာ ျပႆနာေတြေၾကာင့္လည္း ရီးရဲလ္မက္ဒရစ္မွာ ဦးစားေပး ခံရမယ့္ အေနအထားကို ဆံုးရွံဳးထားခဲ့ျပီ ျဖစ္ပါတယ္။
ရီးရဲလ္မက္ဒရစ္ဘက္ကေတာ့ မည္သည့္ ကမ္းလွမ္းမႈမွ မရေသးျခင္းနဲ႔အတူ ဟာဇက္နဲ႔ ပတ္သက္ျပီး ေဆြးေႏြးညိႏိႈင္းမႈေတြ မရွိထားပါဘူး။ ဟာဇက္ဘက္ကလည္း အေျပာင္းအေရႊ႔ ကိစၥအတြက္ တိတ္ဆိတ္ေနဆဲျဖစ္တယ္။
ဇန္နဝါရီမွာ ဟာဇက္ရဲ႕ အေျပာင္းအေရႊ႔ကိစၥ ျဖစ္ေပၚလာဖို႔ကေတာ့ မလြယ္ကူဘူးလို႔ ရိုမန္ႏိုက ေျပာခဲ့တယ္။ သို႔ေပမယ့္ လက္ရွိလို ပြဲကစားခြင့္ မရတဲ့ အေျခအေနက မေျပာင္းလဲဘူးဆိုရင္ အသက္ ၃၀ အရြယ္ တိုက္စစ္သမားဟာ လာမယ့္ ေႏြမွာေတာ့ ရီးရဲလ္မက္ဒရစ္ကို စြန္႔ခြာႏုိင္ပါတယ္။
ခ်ယ္ဆီး၊ နယူးကာဆယ္တို႔နဲ႔ အေျပာင္းအေရႊ႔ ကိစၥေတြ ထြက္ေနေပမယ့္ အဆိုပါ သတင္းေတြက ေကာလဟာလ အဆင့္ေတြပဲ ျဖစ္တယ္လို႔ ရိုမန္ႏိုက ထပ္ျပီး ေဖာ္ျပခဲ့တယ္။
ဒီရာသီမွာ ဟာဇက္ဟာ ျပိဳင္ပြဲစံု ၁၁ ပြဲအတြင္း ပြဲကစားခ်ိန္ ၄၁၅ မိနစ္ပဲ ရထားခဲ့တာျဖစ္ပါတယ္။ သူဟာ ပြဲထြက္လူစာရင္းကေနေတာ့ ၅ ပြဲပဲ ကစားထားပါေသးတယ္။
