ဗန်ဒါဘိကို အလိုရှိတာကြောင့် စီနီယာအသင်းသားကို ရောင်းဖို့ ယူနိုက်တက် ပြင်ဆင်လာ

မန်ချက်စတာ ယူနိုက်တက်ဟာ အေဂျက် ကွင်းလယ်ကြယ်ပွင့် ဗန်ဒါဘိကို ခေါ်ယူလိုတာကြောင့် လက်ရှိ ကွင်းလယ်မှ စီနီယာ အသင်းသား ပါရဲရားကို ရောင်းချဖို့ အလိုရှိနေကြောင်း သတင်း ထွက်နေပါတယ်။

ဟော်လန်သား ကွင်းလယ်ကြယ်ပွင့် ဗန်ဒါဘိဟာ ဥရောပ ဘောလုံးလောကမှာ တောက်ပလာတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ရောက် အေဂျက်အသင်းမှာ အစွမ်းပြ အခရာကျခဲ့သူလည်း ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဟော်လန် အမှတ်ပေးလိဂ် မဖျက်သိမ်းခင်က ဗန်ဒါဘိဟာ ဒီရာသီ လိဂ်ပွဲ ၂၂ ပွဲမှာ ၈ ဂိုးသွင်း ၅ ဂိုးထောက်ပံ့မှု ပြုလုပ်ခဲ့ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားရဲ့ နွေ ကွင်းလယ်ဦးစားပေး ပစ်မှတ်စာရင်းထဲမှာ ဗန်ဒါဘိနဲ့ အတူ လီဗာကူဆင် ကြယ်ပွင့် ကိုင်ဟာဗက်ဇ်လည်း ပါဝင်နေပါတယ်။ လေဗာကူဆင်က ကိုင်ဟာဗက်ဇ် အတွက် ပေါင် ၇၅ သန်း အလိုရှိနေပြီး ဗန်ဒါဘိက ယူနိုက်တက် အတွက် ပို ဈေးချိုချိုနဲ့ ရနိုင်မယ့် အနေအထား ရှိနေပါတယ်။

ဗန်ဒါဘိရဲ့ တန်ကြေးက ပေါင် ၄၄ သန်း ဝန်းကျင် ရှိတာကြောင့် ဆိုးရှားက အသင်း ကွင်းလယ်မှာ သိပ်မသုံးတော့မယ့် ကစားသမားတွေကို ရောင်းထုတ်ရန် ကြံရွယ်နေပြီး ပါရဲရား ရောင်းချခံရဖွယ် ရှိလာတာပါ။

ဘရာဇီးသား ကွင်းလယ်သမားဟာ ယူနိုက်တက် ကွင်းလယ်မှာ ပေါ့ဘာ၊ တော်မီနေးတို့ မပါဝင်နိုင်ချိန်မှာ ဝင် ကစားခွင့် ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၎င်းရဲ့ စွယ်စုံရ အရည်အချင်းကြောင့် ကွင်းလယ်မှာ နေရာစုံ ဝင် ကစားနိုင်သူပါ။

ဆိုးရှားဟာ နွေအတွက် အပြောင်းအရွှေ့ စရိတ် များများ ရမှာ ဖြစ်ပေမယ့် ဆန်ချို လို တန်ကြေးမြင့် ကစားသမားကိုလည်း ကြိုးစားနေ ရတာကြောင့် မလိုအပ်တဲ့ ကစားသမား ရောင်းချကာ ငွေပြန်ရှာမှုတွေ လုပ်ဆောင်သွားဖို့လည်း ရှိနေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ေအဂ်က္ ကြင္းလယ္ၾကယ္ပြင့္ ဗန္ဒါဘိကို ေခၚယူလုိတာေၾကာင့္ လက္ရွိ ကြင္းလယ္မွ စီနီယာ အသင္းသား ပါရဲရားကို ေရာင္းခ်ဖို႔ အလိုရွိေနေၾကာင္း သတင္း ထြက္ေနပါတယ္။

ေဟာ္လန္သား ကြင္းလယ္ၾကယ္ပြင့္ ဗန္ဒါဘိဟာ ဥေရာပ ေဘာလံုးေလာကမွာ ေတာက္ပလာတဲ့ ကစားသမား တစ္ဦး ျဖစ္ျပီး ျပီးခဲ့တဲ့ ရာသီ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ေရာက္ ေအဂ်က္အသင္းမွာ အစြမ္းျပ အခရာက်ခဲ့သူလည္း ျဖစ္ပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေဟာ္လန္ အမွတ္ေပးလိဂ္ မဖ်က္သိမ္းခင္က ဗန္ဒါဘိဟာ ဒီရာသီ လိဂ္ပြဲ ၂၂ ပြဲမွာ ၈ ဂိုးသြင္း ၅ ဂိုးေထာက္ပံ့မႈ ျပဳလုပ္ခဲ့ပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားရဲ႕ ေႏြ ကြင္းလယ္ဦးစားေပး ပစ္မွတ္စာရင္းထဲမွာ ဗန္ဒါဘိနဲ႕ အတူ လီဗာကူဆင္ ၾကယ္ပြင့္ ကိုင္ဟာဗက္ဇ္လည္း ပါ၀င္ေနပါတယ္။ ေလဗာကူဆင္က ကိုင္ဟာဗက္ဇ္ အတြက္ ေပါင္ ၇၅ သန္း အလိုရွိေနျပီး ဗန္ဒါဘိက ယူနိုက္တက္ အတြက္ ပို ေစ်းခ်ိဳခ်ိဳနဲ႕ ရနိုင္မယ့္ အေနအထား ရွိေနပါတယ္။

ဗန္ဒါဘိရဲ႕ တန္ေၾကးက ေပါင္ ၄၄ သန္း ၀န္းက်င္ ရွိတာေၾကာင့္ ဆိုးရွားက အသင္း ကြင္းလယ္မွာ သိပ္မသံုးေတာ့မယ့္ ကစားသမားေတြကို ေရာင္းထုတ္ရန္ ၾကံရြယ္ေနျပီး ပါရဲရား ေရာင္းခ်ခံရဖြယ္ ရွိလာတာပါ။

ဘရာဇီးသား ကြင္းလယ္သမားဟာ ယူနိုက္တက္ ကြင္းလယ္မွာ ေပါ့ဘာ၊ ေတာ္မီေနးတို႔ မပါ၀င္နုိင္ခ်ိန္မွာ ၀င္ ကစားခြင့္ ရတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ၄င္းရဲ႕ စြယ္စံုရ အရည္အခ်င္းေၾကာင့္ ကြင္းလယ္မွာ ေနရာစံု ၀င္ ကစားနုိင္သူပါ။

ဆိုးရွားဟာ ေႏြအတြက္ အေျပာင္းအေရႊ႕ စရိတ္ မ်ားမ်ား ရမွာ ျဖစ္ေပမယ့္ ဆန္ခ်ိဳ လို တန္ေၾကးျမင့္ ကစားသမားကိုလည္း ၾကိဳးစားေန ရတာေၾကာင့္ မလိုအပ္တဲ့ ကစားသမား ေရာင္းခ်ကာ ေငြျပန္ရွာမႈေတြ လုပ္ေဆာင္သြားဖို႔လည္း ရွိေနပါတယ္။