စီးတီးအတွက် လာမယ့် ဖာရန်တောရက်စ်၊ ဖာဒီနန် တိုက်တွန်းလိုက်တဲ့ ပစ်မှတ်နဲ့ အပြောင်းအရွှေ့ သတင်းများ

အိုလေဂန်နာ ဆိုးရှားက ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ဘရူနို ဖာဒနန်ဒက်စ် အပါအဝင် ယူနိုက်တက် စီနီယာ အသင်းသားတွေနဲ့ အခက်အခဲကာလကို ဘယ်လို ကျော်ဖြတ်ကြမလဲ ဆိုတာ ပြောဆို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ နော်ဝေသားဟာ သူ့ နည်းပြ ရာထူးကို ဒီရာသီ အဖတ်ဆယ်နိုင်ဖို့ ကြိုးစားနေပါတယ်။

စပါးနည်းပြသစ် ကွန်တီက လန်ဒန်ကလပ်နဲ့ အတူ သူ့ရဲ့ ရေရှည် အစီအစဉ်ထဲမှာ ဗြိတိန်သား ဂိုးသမား တစ်ဦး ထည့်သွင်းချင်တာကြောင့် ဂျော်ဒန်ပစ်ဖို့ဒ်ကို ပစ်မှတ်ထားလာပါတယ်။

ချယ်ဆီးအသင်းဟာ ဟာကင် ဇီယက်နဲ့ အနာဂတ် ကိစ္စ မဆုံးဖြတ်ရသေးဘဲ ရှိနေပေမယ့် ဇန်နဝါရီမှာတော့ တောင်ပံကစားသမားကို အငှားထုတ်ဖို့ တွန့်ဆုတ်နေပါတယ်။

မန်စီးတီး တိုက်စစ်သမား ဖာရန် တောရက်စ်ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာပြီး ထူထောင်ရေး လေ့ကျင်မှုများ စတင်တော့မှာ ဖြစ်ပါတယ်။ ၎င်းက နယူးရီးယား မတိုင်ခင် ကလပ်အသင်းနဲ့ ပြန် ပါဝင် ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။

မန်ယူနိုက်တက် အနေနဲ့ ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဟမ်ကို ငွေဘယ်လောက် သုံးရ သုံးရ၊ ရအောင် ခေါ်ယူလိုက်ဖို့ ယူနိုက်တက် ကစားသမားဟောင်း ဖာဒီနန်က တိုက်တွန်းလိုက်ပါတယ်။

ချယ်ဆီးအသင်းရဲ့ တိုက်စစ်မှုး တီမိုဗာနာ ဟာ တံကောက်ကြော ဒဏ်ရာကနေ ပြန်သက်သာလပြီ ဖြစ်ပြီး အသင်း ထရိန်နင်သို့ ဒီတပတ်ထဲ ပြန် ပူးပေါင်းမှာ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းဟာ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ကစားသမား မရောင်းဘဲ ဆန့်ကျင်ခြင်း ခံရဖွယ် ရှိတာကြောင့် ပြည်ပ ကစားသမားများကို ပစ်မှတ်ထား ရှာဖွေနေပြီး ဒေါ့မွန် ကွင်းလယ် အိပ်ဇယ် ဝစ်ဆယ်ကို ခေါ်ယူဖို့ ပြင်ဆင်လာပါတယ်။

ကော်နာ ဂလဲဟားနဲ့ ဘီလီ ဂေးလ်မားတို့ဟာ ဒီရာသီ အငှား ထွက် မကစားခင်က ချယ်ဆီး စီနီယာအသင်းကြီးမှာ ပါဝင် နေရာရဖို့ အတော် နီးစပ်ခဲ့ကြောင်း ပီတာချက် က ဖော်ထုတ် ပြောဆိုလိုက်ပါတယ်။

လီဗာပူးအသင်း မန်နေဂျာ ယာဂင်ကလော့ပ် က စတီဗင်ဂျရတ် တာဝန်ယူလိုက်ပြီ ဖြစ်တဲ့ အက်စတွန်ဗီလာ အသင်းကို ပို သေချာ စောင့်ကြည့်ဖြစ်မှာ ဖြစ်ကြောင်း ဝန်ခံ စကား ဆိုခဲ့ပါတယ်။

Zawgyi

အိုေလဂန္နာ ဆိုးရွားက ခရစၥတီယာနို ေရာ္နယ္ဒိုနဲ႕ ဘရူနို ဖာဒနန္ဒက္စ္ အပါအဝင္ ယူနိုက္တက္ စီနီယာ အသင္းသားေတြနဲ႕ အခက္အခဲကာလကို ဘယ္လို ေက်ာ္ျဖတ္ၾကမလဲ ဆုိတာ ေျပာဆို ေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။ ေနာ္ေဝသားဟာ သူ႔ နည္းျပ ရာထူးကို ဒီရာသီ အဖတ္ဆယ္နိုိင္ဖို႔ ၾကိဳးစားေနပါတယ္။

စပါးနည္းျပသစ္ ကြန္တီက လန္ဒန္ကလပ္နဲ႕ အတူ သူ႔ရဲ႕ ေရရွည္ အစီအစဥ္ထဲမွာ ျဗိတိန္သား ဂိုးသမား တစ္ဦး ထည့္သြင္းခ်င္တာေၾကာင့္ ေဂ်ာ္ဒန္ပစ္ဖို႔ဒ္ကို ပစ္မွတ္ထားလာပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဟာကင္ ဇီယက္နဲ႕ အနာဂတ္ ကိစၥ မဆံုးျဖတ္ရေသးဘဲ ရွိေနေပမယ့္ ဇန္နဝါရီမွာေတာ့ ေတာင္ပံကစားသမားကို အငွားထုတ္ဖို႔ တြန္႔ဆုတ္္ေနပါတယ္။

မန္စီးတီး တိုက္စစ္သမား ဖာရန္ ေတာရက္စ္ဟာ ဒဏ္ရာကေန ျပန္လည္သက္သာျပီး ထူေထာင္ေရး ေလ့က်င္မႈမ်ား စတင္ေတာ့မွာ ျဖစ္ပါတယ္။ ၄င္းက နယူးရီးယား မတိုင္ခင္ ကလပ္အသင္းနဲ႕ ျပန္ ပါဝင္ ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

မန္ယူနိုက္တက္ အေနနဲ႕ ေဒါ့မြန္ၾကယ္ပြင့္ ဘယ္လင္ဟမ္ကို ေငြဘယ္ေလာက္ သံုးရ သံုးရ၊ ရေအာင္ ေခၚယူလိုက္ဖို႔ ယူနိုက္တက္ ကစားသမားေဟာင္း ဖာဒီနန္က တိုက္တြန္းလိုက္ပါတယ္။

ခ်ယ္ဆီးအသင္းရဲ႕ တိုက္စစ္မႈး တီမိုဗာနာ ဟာ တံေကာက္ေၾကာ ဒဏ္ရာကေန ျပန္သက္သာလျပီ ျဖစ္ျပီး အသင္း ထရိန္နင္သို႔ ဒီတပတ္ထဲ ျပန္ ပူးေပါင္းမွာ ျဖစ္ပါတယ္။

နယူးကာဆယ္အသင္းဟာ ပရီးမီးယားလိဂ္ ကလပ္ေတြရဲ႕ ကစားသမား မေရာင္းဘဲ ဆန္႔က်င္ျခင္း ခံရဖြယ္ ရွိတာေၾကာင့္ ျပည္ပ ကစားသမားမ်ားကို ပစ္မွတ္ထား ရွာေဖြေနျပီး ေဒါ့မြန္ ကြင္းလယ္ အိပ္ဇယ္ ဝစ္ဆယ္ကို ေခၚယူဖို႔ ျပင္ဆင္လာပါတယ္။

ေကာ္နာ ဂလဲဟားနဲ႕ ဘီလီ ေဂးလ္မားတို႔ဟာ ဒီရာသီ အငွား ထြက္ မကစားခင္က ခ်ယ္ဆီး စီနီယာအသင္းၾကီးမွာ ပါဝင္ ေနရာရဖို႔ အေတာ္ နီးစပ္ခဲ့ေၾကာင္း ပီတာခ်က္ က ေဖာ္ထုတ္ ေျပာဆိုလိုက္ပါတယ္။

လီဗာပူးအသင္း မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ က စတီဗင္ဂ်ရတ္ တာဝန္ယူလိုက္ျပီ ျဖစ္တဲ့ အက္စတြန္ဗီလာ အသင္းကို ပို ေသခ်ာ ေစာင့္ၾကည့္ျဖစ္မွာ ျဖစ္ေၾကာင္း ဝန္ခံ စကား ဆိုခဲ့ပါတယ္။