ဆိုးရှား လုပ်ခဲ့တဲ့ အပြုအမှုကို ခံပြင်းမှုနဲ့အတူ မမေ့နိုင်ဖြစ်နေတဲ့ မော်ရင်ညို

UNICODE – စပါးမန်နေဂျာ မော်ရင်ညိုက ဒီဇင်ဘာလတုန်းက ယူနိုက်တက်နဲ့ ထိပ်တိုက်တွေ့မှုမှာ မန်နေဂျာဆိုးရှား လုပ်ခဲ့တဲ့ အပြုအမှုကို မမေ့နိုင်သေးဘူး ဖြစ်နေပါတယ်။

The Athletic က ပြောရာမှာ မန်နေဂျာမော်ရင်ညိုက ဆိုးရှားက ယူနိုက်တက်မန်နေဂျာအဖြစ် လုံလောက်တဲ့ အနေအထားမှာ မရှိဘူးလို့ ယုံကြည်ထားကြောင့် သူ့အနားက လူတွေကို ပြောခဲ့တယ်။ ယူနိုက်တက်ကို အောင်မြင်မှု လမ်းကြောင်းတွေပေါ် ပြန်ရောက်လာအောင် ဆိုးရှား လုပ်နိုင်စွမ်ရှိမယ်လို့ သူက မထင်ဘူး။

ဒါ့အပြင် ဒီဇင်ဘာတုန်းက ယူနိုက်တက်နဲ့ပွဲမှာ ကင်မရာမြင်ကွင်းအတွင်း ဆိုးရှားက သူ့ခေါင်းကို ကိုင်ပြီး နှစ်သိမ့်ခဲ့တာကိုလည်း မော်ရင်ညို မမေ့နိုင်သေးဘူး။ လူအများအပြားရဲ့ ရှေ့မှာ ဆိုးရှားကို အရေးနိမ့်ခဲ့ပြီး အဲ့သည်လို ပြုမှုခံရတာက သူ့အဆင့်အတန်းနဲ့ဆိုရင် ခံပြင်းစရာလို့ မန်နေဂျာ မော်ရင်ညိုက မြင်ကြောင်းကို အဆိုပါ သတင်းက ဖော်ပြထားပါတယ်။

ဒီဇင်ဘာမှာတုန်းက အိုထရတ်ဖိုဒ့်မှာ ယူနိုက်တက်နဲ့ စပါးတို့ ထိပ်တိုက်တွေ့ခဲ့ပြီး ယူနိုက်တက်က ၂-၁ နဲ့ အနိုင်ရခဲ့တာဖြစ်တယ်။ အဆိုပါပွဲမှာ ပွဲအပြီး မန်နေဂျာဆိုးရှားက မော်ရင်ညိုကို နှစ်သိမ့်တဲ့ သဘောအဖြစ် ပွဲအပြီး ခေါင်းပုပ်မှုကို ပေါ်တူဂီသားက ခံပြင်းနေတာဖြစ်တယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ မန်နေဂျာမော်ရင်ညို ယူနိုက်တက်မန်နေဂျာ ရာထူးက ထုတ်ခ့ရတဲ့ နောက်ပိုင်း ယာယီမန်နေဂျာအဖြစ် ဝင်ရောက်ခဲ့တဲ့ ဆိုးရှားဟာ အမြဲတမ်း မန်နေဂျာတစ်ဦး ဖြစ်လာခဲ့တယ်။ နော်ဝေသားဟာ မော်ရင်ညို ရခဲ့တဲ့ တစ်နှစ်လုပ်ခ ပေါင် ၁၅ သန်းရဲ့ ထက်ဝက်အဖြစ် တစ်နှစ် ပေါင် ၇ သန်း ဝန်းကျင်ကို ရနေတာဖြစ်ပါတယ်။

ZAWGYI – စပါးမန္ေနဂ်ာ ေမာ္ရင္ညိဳက ဒီဇင္ဘာလတုန္းက ယူႏုိက္တက္နဲ႔ ထိပ္တိုက္ေတြ႔မႈမွာ မန္ေနဂ်ာဆိုးရွား လုပ္ခဲ့တဲ့ အျပဳအမႈကို မေမ့ႏုိင္ေသးဘူး ျဖစ္ေနပါတယ္။

The Athletic က ေျပာရာမွာ မန္ေနဂ်ာေမာ္ရင္ညိဳက ဆိုးရွားက ယူႏုိက္တက္မန္ေနဂ်ာအျဖစ္ လံုေလာက္တဲ့ အေနအထားမွာ မရွိဘူးလို႔ ယံုၾကည္ထားေၾကာင့္ သူ႔အနားက လူေတြကို ေျပာခဲ့တယ္။ ယူႏုိက္တက္ကို ေအာင္ျမင္မႈ လမ္းေၾကာင္းေတြေပၚ ျပန္ေရာက္လာေအာင္ ဆိုးရွား လုပ္ႏုိင္စြမ္ရွိမယ္လို႔ သူက မထင္ဘူး။

ဒါ့အျပင္ ဒီဇင္ဘာတုန္းက ယူႏုိက္တက္နဲ႔ပြဲမွာ ကင္မရာျမင္ကြင္းအတြင္း ဆိုးရွားက သူ႔ေခါင္းကို ကိုင္ျပီး ႏွစ္သိမ့္ခဲ့တာကိုလည္း ေမာ္ရင္ညိဳ မေမ့ႏုိင္ေသးဘူး။ လူအမ်ားအျပားရဲ႕ ေရွ႔မွာ ဆိုးရွားကို အေရးနိမ့္ခဲ့ျပီး အဲ့သည္လို ျပဳမႈခံရတာက သူ႔အဆင့္အတန္းနဲ႔ဆိုရင္ ခံျပင္းစရာလို႔ မန္ေနဂ်ာ ေမာ္ရင္ညိဳက ျမင္ေၾကာင္းကို အဆိုပါ သတင္းက ေဖာ္ျပထားပါတယ္။

ဒီဇင္ဘာမွာတုန္းက အိုထရတ္ဖိုဒ့္မွာ ယူႏုိက္တက္နဲ႔ စပါးတို႔ ထိပ္တိုက္ေတြ႔ခဲ့ျပီး ယူႏုိက္တက္က ၂-၁ နဲ႔ အႏိုင္ရခဲ့တာျဖစ္တယ္။ အဆိုပါပြဲမွာ ပြဲအျပီး မန္ေနဂ်ာဆိုးရွားက ေမာ္ရင္ညိဳကို ႏွစ္သိမ့္တဲ့ သေဘာအျဖစ္ ပြဲအျပီး ေခါင္းပုပ္မႈကို ေပၚတူဂီသားက ခံျပင္းေနတာျဖစ္တယ္။

၂၀၁၈ ခုႏွစ္ ဒီဇင္ဘာမွာ မန္ေနဂ်ာေမာ္ရင္ညိဳ ယူႏုိက္တက္မန္ေနဂ်ာ ရာထူးက ထုတ္ခ့ရတဲ့ ေနာက္ပိုင္း ယာယီမန္ေနဂ်ာအျဖစ္ ဝင္ေရာက္ခဲ့တဲ့ ဆိုးရွားဟာ အျမဲတမ္း မန္ေနဂ်ာတစ္ဦး ျဖစ္လာခဲ့တယ္။ ေနာ္ေဝသားဟာ ေမာ္ရင္ညိဳ ရခဲ့တဲ့ တစ္ႏွစ္လုပ္ခ ေပါင္ ၁၅ သန္းရဲ႕ ထက္ဝက္အျဖစ္ တစ္ႏွစ္ ေပါင္ ၇ သန္း ဝန္းက်င္ကို ရေနတာျဖစ္ပါတယ္။