ရော်နယ်ဒို ခေါ်စေလိုတဲ့ နည်းပြ၊ အာဆင်နယ် ပစ်မှတ် တိုက်စစ်မှုးနဲ့ ယနေ့ည အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြ ဆိုးရှားကို ထုတ်ပယ်လိုက်ပြီးနောက် ကားရစ်ကို ယာယီနည်းပြ ရာထူး ပေးအပ်ထားပေမယ့် အမြဲတမ်း အသင်းနည်းပြ အဖြစ် ခန့်အပ်ဖို့ ရှာဖွေနေဆဲ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုကတော့ ဘာစီလိုနာ နည်းပြဟောင်း လူးဝစ် အင်းနရစ်ကို ယူနိုက်တက် နည်းပြ အဖြစ် ခန့်အပ်စေလိုနေကြောင်း စကိုင်းစပေါ့မှာ ဖော်ပြထားပါတယ်။ ယူနိုက်တက်ဟာ ဇီဒန်းနဲ့ အေဂျက်နည်းပြ တန်ဟက် ကိုလည်း ကြိုးစားနေဆဲပါ။

အေဂျက်အသင်းမှ ဆယ်ကျော်သက် ဂိုးသမားလေး ချာလီ ဆက်ဖို့ဒ်ကို ပရီးမီးယားလိဂ် ကလပ်တချို့ ချိတ်ဆက်နေပြီး ဆောက်သမ်တန်အသင်းလည်း ပါဝင်လာကြောင်း သိရပါတယ်။

ဆဲလ်ဘတ် တိုက်စစ်မှုး အဒီရေမီ ကို ခေါ်ယူချင်တဲ့ အသင်းတွေထဲ အာဆင်နယ် အသင်းလည်း ပါလာကြောင်း Mirror သတင်းဌာနက ဖော်ထုတ်လိုက်ပါတယ်။ အသက် ၁၉ နှစ် အရွယ် ကစားသမားကို လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်း ချိတ်ဆက်နေတာပါ။

ရိုးမားနဲ့ ဂျူဗင်တပ်အသင်းတို့ဟာ ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား လင်းဒရို ပါရီဒက်စ်ကို ခေါ်ယူဖို့ မျက်စိ ကျနေပါတယ်။ အသက် ၂၇ နှစ် အရွယ် ကစားသမားဟာ ပြင်သစ်ကလပ်မှာ နေရာ မရဘဲ လက်ရှိစာချုပ် နောက်ဆုံး ၁၈ လထဲ ဝင်လာနေပြီ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းဟာ တော့တင်ဟမ်စပါး ကွင်းလယ်ကစားသမား ဟယ်ရီဝင့်ကို ချိန်ရွယ်လာကြောင်း ဒေးလီးမေးလ် သတင်းက ဖော်ပြထားပါတယ်။ အသက် ၂၅ နှစ် အရွယ် ဝင့်ကို နယူးကာဆယ်နည်းပြ ဟိုဝီက ဇန်နဝါရီမှာ ခေါ်ယူလိုနေတာပါ။

ချယ်ဆီးအသင်းဟာ ခံစစ်မှုး ခရစ္စတန်ဆန် ကို သက်တမ်းတိုး စာချုပ်သစ် တစ်ရပ် ချုပ်ဆိုတော့မှာ ဖြစ်ကြောင်း စပိန်သတင်းတွေက ဖော်ပြလာပါတယ်။ ဒိန်းမတ် လက်ရွေးစင် ကစားသမားကို ဘာစီလိုနာကလည်း ချိတ်ဆက်နေပါတယ်။

Zawgyi

မန္ခ်က္စတာ ယူနိုက္တက္ဟာ နည္းျပ ဆိုးရွားကို ထုတ္ပယ္လိုက္ျပီးေနာက္ ကားရစ္ကို ယာယီနည္းျပ ရာထူး ေပးအပ္ထားေပမယ့္ အျမဲတမ္း အသင္းနည္းျပ အျဖစ္ ခန္႔အပ္ဖုိ႔ ရွာေဖြေနဆဲ ျဖစ္ပါတယ္။

ခရစၥတီယာနို ေရာ္နယ္ဒိုကေတာ့ ဘာစီလိုနာ နည္းျပေဟာငး္ လူးဝစ္ အင္းနရစ္ကို ယူနိုက္တက္ နည္းျပ အျဖစ္ ခန္႔အပ္ေစလိုေနေၾကာင္း စကိုင္းစေပါ့မွာ ေဖာ္ျပထားပါတယ္။ ယူနိုက္တက္ဟာ ဇီဒန္းနဲ႕ ေအဂ်က္နည္းျပ တန္ဟက္ ကိုလည္း ၾကိဳးစားေနဆဲပါ။

ေအဂ်က္အသင္းမွ ဆယ္ေက်ာ္သက္ ဂိုးသမားေလး ခ်ာလီ ဆက္ဖို႔ဒ္ကို ပရီးမီးယားလိဂ္ ကလပ္တခ်ိဳ႕ ခ်ိတ္ဆက္ေနျပီး ေဆာက္သမ္တန္အသင္းလည္း ပါဝင္လာေၾကာင္း သိရပါတယ္။

ဆဲလ္ဘတ္ တိုက္စစ္မႈး အဒီေရမီ ကို ေခၚယူခ်င္တဲ့ အသင္းေတြထဲ အာဆင္နယ္ အသင္းလည္း ပါလာေၾကာင္း Mirror သတင္းဌာနက ေဖာ္ထုတ္လိုက္ပါတယ္။ အသက္ ၁၉ နွစ္ အရြယ္ ကစားသမားကို လီဗာပူးနဲ႕ ဘိုင္ယန္ျမဴးနစ္တို႔ကလည္း ခ်ိတ္ဆက္ေနတာပါ။

ရိုးမားနဲ႕ ဂ်ဴဗင္တပ္အသင္းတို႔ဟာ ပီအက္စ္ဂ်ီ ကြင္းလယ္ကစားသမား လင္းဒရို ပါရီဒက္စ္ကို ေခၚယူဖို႔ မ်က္စိ က်ေနပါတယ္။ အသက္ ၂၇ နွစ္ အရြယ္ ကစားသမားဟာ ျပင္သစ္ကလပ္မွာ ေနရာ မရဘဲ လက္ရွိစာခ်ဳပ္ ေနာက္ဆံုး ၁၈ လထဲ ဝင္လာေနျပီ ျဖစ္ပါတယ္။

နယူးကာဆယ္အသင္းဟာ ေတာ့တင္ဟမ္စပါး ကြင္းလယ္ကစားသမား ဟယ္ရီဝင့္ကို ခ်ိန္ရြယ္လာေၾကာင္း ေဒးလီးေမးလ္ သတင္းက ေဖာ္ျပထားပါတယ္။ အသက္ ၂၅ နွစ္ အရြယ္ ဝင့္ကို နယူးကာဆယ္နည္းျပ ဟိုဝီက ဇန္နဝါရီမွာ ေခၚယူလိုေနတာပါ။

ခ်ယ္ဆီးအသင္းဟာ ခံစစ္မႈး ခရစၥတန္ဆန္ ကို သက္တမ္းတိုး စာခ်ဳပ္သစ္ တစ္ရပ္ ခ်ဳပ္ဆိုေတာ့မွာ ျဖစ္ေၾကာင္း စပိန္သတင္းေတြက ေဖာ္ျပလာပါတယ္။ ဒိန္းမတ္ လက္ေရြးစင္ ကစားသမားကို ဘာစီလိုနာကလည္း ခ်ိတ္ဆက္ေနပါတယ္။