ပိုချက်တီနို၊ ဘရန်ဒန်ရော်ဂျာ၊ ဇီဒန်း၊ တန်ဟက်တို့နဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ ဘရန်ဒန် ရော်ဂျာကို မန်နေဂျာသစ် အဖြစ် ခန့်အပ်ဖို့ ဆက်သွယ်ထားကြောင်း သိရပြီး ရော်ဂျာကို ရဖို့ ဆိုရင် လက်စတာကို ပေါင် ၈ သန်း လျော်ကြေးပေးရမှာ ဖြစ်ပါတယ်။

ဇီဒန်းကတော့ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ရာထူးကို ငြင်းဆန်လိုက်ပြီ ဖြစ်ပြီး တကယ်လို့ ယူနိုက်တက်ကသာ ပိုချက်တီနို ကို ခေါ်ယူမယ်ဆိုရင် ဇီဒန်းက ပီအက်စ်ဂျီကို ကိုင်တွယ်ဖွယ် ရှိပါတယ်။

အိုးထရက်ဖို့ဒ်ရဲ့ အိုင်ကွန် ယူနိုက်တက် ဂန္တဝင်ကြီး ဆာအဲလက်စ် ဖာဂူဆန်က ပိုချက်တီနို ကို နည်းပြသစ် ဖြစ်လာစေလိုနေပါတယ်။ ဇီဒန်းကို ယူနိုက်တက်က အဓိက ကြိုးစားနေပေမယ့် ဆာအဲလက်စ်က ပိုချက်တီနိုကို ခန့်နိုင်ဖို့ ဦးဆောင် ကြိုးစားနေကြောင်း သိရပါတယ်။

အိုလေ ဂန်နာဆိုးရှားဟာ အသင်းနဲ့ လမ်းမခွဲခင် သူ့ရဲ့ နည်းပြ အဖွဲ့ဝင်တွေကို အပြောင်းအလဲ လုပ်ဖို့ အခွင့်အရေး ပေးခဲ့သေးပေမယ့် နော်ဝေသားက ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရပါတယ်။

ဂယ်ရီ နဗီးလ်ကတော့ ဆိုးရှား ထုတ်ပယ်ခံရအောင် ရှုံးချက်နာသွားတဲ့ ဝက်ဖို့ဒ်ပွဲက ယူနိုက်တက် အသင်းသား တချို့ရဲ့ ခြေစွမ်းကို ဝေဖန်လိုက်ပြီး ဒီလို ကစားသမားတွေနဲ့ နိုင်ပွဲရအောင် ဆိုးရှားက ဘယ်လို ကိုင်တွယ်နိုင်မလဲ လို့ မေးခွန်း ထုတ်သွားခဲ့ပါတယ်။

အေဂျက် နည်းပြ တန်ဟက်ကတော့ ယူနိုက်တက်ရဲ့ ချိတ်ဆက်မှုတွေ ရှိနေပေမယ့် လက်ရှိကလပ်အတွက်သာ အာရုံစိုက် အလုပ်လုပ်မှာ ဖြစ်ကြောင်း ပြောဆိုကာ ငြင်းပယ်လိုက်ပါတယ်။

ဘရန်ဒန် ရော်ဂျာက လက်စတာစီးတီး ကစားသမားတွေကို ခေါ်ယူပြီး အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ကာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ချိတ်ဆက်မှုနဲ့ ပတ်သတ်ပြီး ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ဆိုးရှား ထွက်ခွာသွားပြီးနောက် မန်ချက်စတာ ယူနိုက်တက် မန်နေဂျာသစ် ဖြစ်လာဖို့ အကောင်းဆုံး ရွေးချယ်မှုက လက်စတာ နည်းပြ ဘရန်ဒန် ရော်ဂျာ ပဲလို့ ချယ်ဆီးနဲ့ ဝက်စ်ဟမ်း တိုက်စစ်မှုးဟောင်း ကာလ်တန် ကိုးလ်က ထောက်ခံ လိုက်ပါတယ်။

ဒါ့အပြင် ရော်ဂျာ နည်းပြသစ် ဖြစ်လာရင် ခရစ္စတီယာနို ရော်နယ်ဒိုကို အရန်ခုံပို့ပစ်ရမှာက ပထမဆုံး လုပ်ရမယ့် ကိစ္စပဲ လို့လည်း ကိုးလ်က ဆိုခဲ့ပါတယ်။

Zawgyi

မန္ခ်က္စတာ ယူနိုက္တက္ဟာ ဘရန္ဒန္ ေရာ္ဂ်ာကို မန္ေနဂ်ာသစ္ အျဖစ္ ခန္႔အပ္ဖို႔ ဆက္သြယ္ထားေၾကာင္း သိရျပီး ေရာ္ဂ်ာကို ရဖို႔ ဆိုရင္ လက္စတာကို ေပါင္ ၈ သန္း ေလ်ာ္ေၾကးေပးရမွာ ျဖစ္ပါတယ္။

ဇီဒန္းကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ မန္ေနဂ်ာ ရာထူးကို ျငင္းဆန္လိုက္ျပီ ျဖစ္ျပီး တကယ္လို႔ ယူနိုက္တက္ကသာ ပိုခ်က္တီနို ကို ေခၚယူမယ္ဆိုရင္ ဇီဒန္းက ပီအက္စ္ဂ်ီကို ကိုင္တြယ္ဖြယ္ ရွိပါတယ္။

အိုးထရက္ဖို႔ဒ္ရဲ႕ အိုင္ကြန္ ယူနိုက္တက္ ဂႏၱဝင္ၾကီး ဆာအဲလက္စ္ ဖာဂူဆန္က ပိုခ်က္တီနို ကို နည္းျပသစ္ ျဖစ္လာေစလိုေနပါတယ္။ ဇီဒန္းကို ယူနိုက္တက္က အဓိက ၾကိဳးစားေနေပမယ့္ ဆာအဲလက္စ္က ပိုခ်က္တီနိုကို ခန္႔နုိင္ဖို႔ ဦးေဆာင္ ၾကိဳးစားေနေၾကာင္း သိရပါတယ္။

အိုေလ ဂန္နာဆိုးရွားဟာ အသင္းနဲ႕ လမ္းမခြဲခင္ သူ႔ရဲ႕ နည္းျပ အဖြဲ႕ဝင္ေတြကို အေျပာင္းအလဲ လုပ္ဖို႔ အခြင့္အေရး ေပးခဲ့ေသးေပမယ့္ ေနာ္ေဝသားက ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္း သိရပါတယ္။

ဂယ္ရီ နဗီးလ္ကေတာ့ ဆိုးရွား ထုတ္ပယ္ခံရေအာင္ ရံႈးခ်က္နာသြားတဲ့ ဝက္ဖို႔ဒ္ပြဲက ယူနိုက္တက္ အသင္းသား တခ်ိဳ႕ရဲ႕ ေျခစြမ္းကို ေဝဖန္လိုက္ျပီး ဒီလို ကစားသမားေတြနဲ႕ နုိင္ပြဲရေအာင္ ဆိုးရွားက ဘယ္လို ကိုင္တြယ္နိုင္မလဲ လို႔ ေမးခြန္း ထုတ္သြားခဲ့ပါတယ္။

ေအဂ်က္ နည္းျပ တန္ဟက္ကေတာ့ ယူနိုက္တက္ရဲ႕ ခ်ိတ္ဆက္မႈေတြ ရိွေနေပမယ့္ လက္ရွိကလပ္အတြက္သာ အာရံုစိုက္ အလုပ္လုပ္မွာ ျဖစ္ေၾကာင္း ေျပာဆိုကာ ျငင္းပယ္လိုက္ပါတယ္။

ဘရန္ဒန္ ေရာ္ဂ်ာက လက္စတာစီးတီး ကစားသမားေတြကို ေခၚယူျပီး အစည္းအေဝး တစ္ရပ္ ျပဳလုပ္ခဲ့ကာ မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ခ်ိတ္ဆက္မႈနဲ႕ ပတ္သတ္ျပီး ေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။

ဆိုးရွား ထြက္ခြာသြားျပီးေနာက္ မန္ခ်က္စတာ ယူနိုက္တက္ မန္ေနဂ်ာသစ္ ျဖစ္လာဖို႔ အေကာင္းဆံုး ေရြးခ်ယ္မႈက လက္စတာ နည္းျပ ဘရန္ဒန္ ေရာ္ဂ်ာ ပဲလို႔ ခ်ယ္ဆီးနဲ႕ ဝက္စ္ဟမ္း တိုက္စစ္မႈးေဟာင္း ကာလ္တန္ ကိုးလ္က ေထာက္ခံ လိုက္ပါတယ္။

ဒါ့အျပင္ ေရာ္ဂ်ာ နည္းျပသစ္ ျဖစ္လာရင္ ခရစၥတီယာနို ေရာ္နယ္ဒိုကို အရန္ခံုပို႔ပစ္ရမွာက ပထမဆံုး လုပ္ရမယ့္ ကိစၥပဲ လို႔လည္း ကိုးလ္က ဆိုခဲ့ပါတယ္။