လီဗာပူးအသင်းနဲ့ အတူ တိုက်စစ်မှုး မိုဆာလာက ဒီရာသီ ဂိုးသွင်းကြမ်းနေပြီး ဒရော့ဘာရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး မှတ်တမ်းကိုလည်း လက်လွှဲယူလိုက်ပြီ ဖြစ်ပါတယ်။ ချယ်ဆီး တိုက်စစ်မှူးဟောင်းကြီး ဒရော့ဘာက သူ့စံချိန်တွေကို ဆာလာက ချိုးပစ်နေလို့ ငိုတောင် ငိုချင်မိကြောင်း အရွှန်းဖောက်သွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ချယ်ဆီး လူငယ်တိုက်စစ်သမား မေဆန်မောင့်ကို ခေါ်ယူရေးမှာ ဦးဆောင်နေကြောင်း သတင်းထွက်လာပါတယ်။ ဒါ့အပြင် ဖြစ်နိုင်ခြေနည်းတဲ့ ကောလဟာလ အနေနဲ့ လီဗာပူး အသင်းထံလည်း မောင့်က ပြောင်းရွှေ့နိုင်တယ်လို့ ဆိုနေကြပါတယ်။

ချယ်ဆီး ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုဟာ လက်စတာနဲ့ ပွဲမှာ ဒဏ်ရာကြောင့် လူစားလဲခဲ့ရပေမယ့် နည်းပြ တူချယ်ကတော့ အီတလီသားရဲ့ ဒဏ်ရာက မပြင်းထန်ကြောင်း ဆိုခဲ့ပါတယ်။ ဒါကြောင့် ဂျူဗင်တပ်နဲ့ ပွဲမှာ ပါဝင်နိုင်ခြေ ရှိပါတယ်။
ချယ်ဆီးအသင်းဟာ ဗဟိုခံစစ်သမား သီယေဂို ဆေးလ်ဗားရဲ့ စွမ်းဆောင်ရည်တွေ အပေါ် အလွန်ကို ကျေနပ်သဘောကျ နေတာကြောင့် နောက်ထပ် တစ်နှစ် သက်တမ်းတိုးဖို့ ပြောဆိုနေကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ထားပါတယ်။
လိဒ်စ် ယူနိုက်တက်ဟာ ဇန်နဝါရီမှာ ချယ်ဆီး ကွင်းလယ်သမား ဘာကလေ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။ ဘာကလေကို အငှားလား အပြီး ဝယ်ယူချင်တာလားတော့ မရှင်းလင်းသေးပါဘူး။
ချယ်ဆီးနည်းပြ တူချယ်က ရူဒီဂါ အသင်းမှာ ဆက်နေဖို့ မျှော်လင့်ထားသလို ခရစ္စတန်ဆန်ကိုလည်း သက်တမ်းတိုးဖို့ ကြိုးစားနေပြီး ချယ်ဆီး ခံစစ်တံတိုင်းကို တည်တံ့အောင် ကြိုးစားနေပါတယ်။

Zawgyi
