ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (14/06/20)

ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ မန်ချက်စတာမှာ မအောင်မြင်ခဲ့တဲ့ ဆန်းချက်ကို လာမယ့်ရာသီမှာ ပွဲထွက် ကစားခွင့် တိုက်ပွဲဝင်သွားဖို့ အားပေး စိန်ခေါ်လိုက်ပါတယ်။

ယူနိုက်တက်ဟာ ပေါင် ၄၄ သန်းတန် အေဂျက် ကွင်းလယ်ကစားသမား ဗန်ဒါဘိ ကို ခေါ်ယူဖို့ ပိုစိတ်ဝင်စားနေပြီး အသင်းမှ စီနီယာ ကွင်းလယ်သမား ပါရဲရားကို ရောင်းချသွားဖို့ ပြင်ဆင်နေပါတယ်။

ယူနိုက်တက် ခံစစ်မှူးဟောင်းကြီး ဖာဒီနန်ကတော့ မန်ချက်စတာယူနိုက်တက်ဟာ ဒီရာသီပရီးမီးယားလိဂ် ပြိုင်ပွဲမှာ လက်ရှိ ကစားသမားတွေနဲ့ ဆိုရင်တောင် အဆင့် ၄ နေရာ ဝင်နိုင်တယ် လို့ ဆိုလိုက်ပြီး ယူနိုက်တက်က နောက်နှစ်ရာသီမှာ ချန်ပီယံလိဂ် ဝင်နိုင်မယ်လို့ ယုံကြည်နေ ပါတယ်။

ဒေါ့မွန်မှာ အစွမ်းပြနေတဲ့ ဂျေဒန်ဆန်ချိုသာ မန်ယူနိုက်တက် သို့မဟုတ် လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့လာခဲ့မယ် ဆိုရင် ဆန်ချို အတွက် မတူညီတဲ့ အခွင့်အရေးတွေ ရရှိလာနိုငကြောင်း အင်္ဂလန် လက်ရွေးစင်အသင်း နည်းပြ ဂါရက်ဆောက်ဂိတ်က မှတ်ချက်ပြုလိုက်ပါတယ်။

ရှက်ဖီးမှာ အငှား သွားရောက် ကစားနေတဲ့ ဂိုးသမားလေး ဒင်း ဟန်ဒါဆန်ဟာ တချိန်မှာ ယူနိုက်တက်နဲ့ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နံပါတ် ၁ ဂိုးသမား ဖြစ်လာမယ်လို့ နည်းပြ ဆိုးရှားက ချီးကျူးပြောဆိုလိုက်ပါတယ်။

ယူနိုက်တက် ချိတ်ဆက်မှုတွေ ရှိထားတဲ့ ဘာစီလိုနာအသင်းရဲ့ ညာစွန်ခံစစ် လူငယ်ကစားသမား မာ့ ဂျူရာဒိုဟာ အသင်းကနေ ထွက်ခွာ သွားနိုင်တယ်လို့ ဘာစီလိုနာဒါရိုက်တာ ဇေးဗီးယား ဗီလာဟွာနာက ဝန်ခံစကား ဆိုလိုက်ပါတယ်။

Zawgyi – ယူနိုက္တက္ နည္းျပ ဆိုးရွားကေတာ့ မန္ခ်က္စတာမွာ မေအာင္ျမင္ခဲ့တဲ့ ဆန္းခ်က္ကို လာမယ့္ရာသီမွာ ပြဲထြက္ ကစားခြင့္ တိုက္ပြဲ၀င္သြားဖို႔ အားေပး စိန္ေခၚလိုက္ပါတယ္။

ယူနိုက္တက္ဟာ ေပါင္ ၄၄ သန္းတန္ ေအဂ်က္ ကြင္းလယ္ကစားသမား ဗန္ဒါဘိ ကို ေခၚယူဖို႔ ပိုစိတ္၀င္စားေနျပီး အသင္းမွ စီနီယာ ကြင္းလယ္သမား ပါရဲရားကို ေရာင္းခ်သြားဖို႔ ျပင္ဆင္ေနပါတယ္။

ယူနိုက္တက္ ခံစစ္မွဴးေဟာင္းၾကီး ဖာဒီနန္ကေတာ့ မန္ခ်က္စတာယူနိုက္တက္ဟာ ဒီရာသီပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ လက္ရွိ ကစားသမားေတြနဲ႔ ဆိုရင္ေတာင္ အဆင့္ ၄ ေနရာ ဝင္ႏိုင္တယ္ လို႔ ဆိုလိုက္ျပီး ယူနိုက္တက္က ေနာက္ႏွစ္ရာသီမွာ ခ်န္ပီယံလိဂ္ ဝင္ႏိုင္မယ္လို႔ ယုံၾကည္ေန ပါတယ္။

ေဒါ့မြန္မွာ အစြမ္းျပေနတဲ့ ေဂ်ဒန္ဆန္ခ်ိဳသာ မန္ယူႏိုက္တက္ သို႔မဟုတ္ လီဗာပူးလ္အသင္းဆီ ေျပာင္းေ႐ႊ႕လာခဲ့မယ္ ဆိုရင္ ဆန္ခ်ိဳ အတြက္ မတူညီတဲ့ အခြင့္အေရးေတြ ရရွိလာနို္ငေၾကာင္း အဂၤလန္ လက္ေ႐ြးစင္အသင္း နည္းျပ ဂါရက္ေဆာက္ဂိတ္က မွတ္ခ်က္ျပဳလိုက္ပါတယ္။

ရွက္ဖီးမွာ အငွား သြားေရာက္ ကစားေနတဲ့ ဂိုးသမားေလး ဒင္း ဟန္ဒါဆန္ဟာ တခ်ိန္မွာ ယူနိုက္တက္နဲ႕ အဂၤလန္ လက္ေရြးစင္ အသင္းရဲ႕ နံပါတ္ ၁ ဂိုးသမား ျဖစ္လာမယ္လို႔ နည္းျပ ဆိုးရွားက ခ်ီးက်ဴးေျပာဆိုလိုက္ပါတယ္။

ယူနိုက္တက္ ခ်ိတ္ဆက္မႈေတြ ရွိထားတဲ့ ဘာစီလိုနာအသင္းရဲ႕ ညာစြန္ခံစစ္ လူငယ္ကစားသမား မာ့ ဂ်ဴရာဒိုဟာ အသင္းကေန ထြက္ခြာ သြားႏိုင္တယ္လို႔ ဘာစီလိုနာဒါ႐ိုက္တာ ေဇးဗီးယား ဗီလာဟြာနာက ၀န္ခံစကား ဆိုလိုက္ပါတယ္။