မန်ချက်စတာ ယူနိုက်တက်ဟာ မန်နေဂျာ ရာထူးအတွက် ပိုချက်တီနိုနဲ့ ပြောဆို ဆွေးနွေးနေပြီ ဖြစ်ပြီး ဒီတစ်ပတ်ထဲ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ပွဲအတွက် မန်ချက်စတာ မြို့ကို ရောက်ရင် အသေးစိတ် ထပ်မံ ဆွေးနွေးဖွယ် ရှိနေပါတယ်။
အင်တာမီလန်၊ တော့တင်ဟမ် စပါးနဲ့ နာပိုလီအသင်းတို့ဟာ နောက်ရာသီမှာ ဘရာဇီးသား ဗဟိုခံစစ်မှုး ဂလင်ဆန် ဘရီမာကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။ ၎င်းရဲ့ တိုရီးနိုးအသင်းနဲ့ စာချုပ်က ၂၀၂၃ ထိ ရှိနေပြီး သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုလည်း ရှိထားပါတယ်။
နယူးကာဆယ် ချိတ်ဆက်လာတဲ့ နောက်ဆုံး ကစားသမားကတော့ မန်စီးတီး အစွန်ခံစစ်မှုး ဇင်ချန်ကို ဖြစ်လာပါတယ်။ ပရီးမီးယားလိဂ်ကို အင်အားကြီးနဲ့ ပြန်ဝင်လာဖို့ ရည်ရွယ်နေတဲ့ နယူးကာဆယ်က ကစားသမားများစွာ ပစ်မှတ်ထား နေပါတယ်။
ရိုးမားအသင်းဟာ အက်သလက်တီကို မက်ဒရစ် ကွင်းလယ်ကစားသမား ဟက်တာ ဟာရဲရားကို ခေါ်ယူဖို့ ပစ်မှတ် ထားနေပါတယ်။ မက္ကဆီကို လက်ရွေးစင်ဟာ အက်သလက်တီကိုကနေ ရာသီကုန်ရင် ထွက်ခွာဖွယ် ရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား အစ္စကိုဟာ ဇန်နဝါရီမှာ အသင်းပြောင်းမလား ရာသီကုန် စာချုပ်ကုန်ချိန်မှာ အသင်းသစ် ရှာမလား စဉ်းစားနေပြီ ဖြစ်ပါတယ်။
အမ်ဘတ်ပီ ရဲ့ စာချုပ်ဟာ ၂၀၂၂ မှာ ကုန်ဆုံးပြီး ဖရီးအေးဂျင့် ဖြစ်တော့မှာ ဆိုပေမယ့် ပီအက်စ်ဂျီ အသင်းက သက်တမ်းတိုးနိုင်ဖို့ အခုထိ မျှော်လင့်ဆဲပါ။ ပြင်သစ်လက်ရွေးစင် တိုက်စစ်သမားကို ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ စောင့်ဆိုင်းနေပါတယ်။

လီဗာပူးမှာ ပုံမှန် ပွဲကစားခွင့် ရဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှုး အိုရီဂီ ကို ခေါ်ဖို့ ဝက်စ်ဟမ်း အသင်းက စိတ်ဝင်စားလာနေပါတယ်။ လန်ဒန်ကလပ်ဟာ တိုက်စစ်မှာ အန်တိုနီယို ကိုချည်း မှီခိုနေရပါတယ်။
