ညက အီတီဟက်မှာ ကစားသွားတဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ အိမ်ရှင် မန်စီးတီးက ပီအက်စ်ဂျီကို ၂-၁ နဲ့ အနိုင် ရရှိသွားခဲ့ပါတယ်။ ထိုပွဲအပြီး အင်တာဗျူးမှာ ပိုချက်တီနို ကို ရှုံးထွက်အဆင့်မှာ ပီအက်စ်ဂျီကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတဲ့ မေးခွန်း မေးခံရရာ ၎င်းက ရှောင်ရှားသွားခဲ့တာကြောင့် မန်ယူနိုက်တက်နဲ့ သတင်းတွေ ပိုကျယ်လောင် လာတော့မှာပါ။
ပိုချက်တီနိုဟာ မန်ချက်စတာ ယူနိုက်တက် ကို ကိုင်တွယ်ချင်ရင် နောက်ထပ် ၆ လ စောင့်ရမှာ ဖြစ်တယ်လို့ ဒေးလီးစတားက ဆိုပါတယ်။ အာဂျင်တိုင်းသားကို ဆိုးရှားနေရာ အစားထိုးဖို့ နံပါတ် ၁ ပစ်မှတ် အဖြစ် ယူနိုက်တက် က သတ်မှတ်ထားပေမယ့် ရာသီဝက်မှာ ပီအက်စ်ဂျီက ထွက်ခွာခွင့် ပြုဖွယ် မရှိပါဘူး။

ပီအက်စ်ဂျီ ခံစစ်မှုး ကင်ပမ်ဘီကတော့ ညက ချန်ပီယံလိဂ် ရှုံးပွဲဟာ သူတို့အသင်းရဲ့ တကယ့် အရည်အသွေးကို မျှတစွာ ထင်ဟပ်ခြင်း မရှိကြောင်း ပြောဆိုလိုက်ပါတယ်။ ထိုပွဲမှာ ပီအက်စ်ဂျီအတွက် တစ်လုံးတည်းသော သွင်းဂိုးကို အမ်ဘတ်ပီက သွင်းပေးခဲ့တာပါ။
ဥရောပ ထိပ်သီးကလပ် တော်တော်များများ မျက်စိကျခြင်း ခံလာရပေမယ့် မေဆန်မောင့်က ချယ်ဆီးမှာပဲ ပျော်ရွှင်နေသလို အသင်းမှာ ထပ်နေရာပေးခြင်း ခံရဦးမယ်လို့ တယ်လီဂရပ်ဖ်က ဆိုထားပါတယ်။ မောင့်ကို ချယ်ဆီး ကလည်း ရောင်းဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။
လီဗာပူး ပစ်မှတ်ထားနေတဲ့ လိဒ်ယူနိုက်တက်မှ ဘရာဇီး ကြယ်ပွင့် ရာဖင်ဟာကတော့ လက်ရှိ ကလပ်မှာ ပျော်ရွှင်နေကြောင်း နဲ့ ဒီမှာပဲ သူ့ရည်မှန်းချက်တွေ ပြည့်မှီအောင် လုပ်နိုင်ကြောင်း ပြောဆိုလိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ မန်နေဂျာသစ် ရာထူးအတွက် နည်းပြလောင်း ၆ ဦးထိ ဆက်သွယ်ထားကြောင်း Mirror သတင်းက ဖော်ထုတ်လိုက်ပါတယ်။ ထို ၆ ဦးကတော့ ဗယ်ဗာဒီ၊ ရမ်နစ်၊ ဖွန်စီကာ၊ လူစီယန် ဖာဘရီနဲ့ ရူဒီ ဂါစီယာတို့ ဖြစ်ကာ အားလုံးကလည်း ကလပ်နဲ့ အင်တာဗျူး လုပ်ထားပြီလို့ သိရပါတယ်။
လီဗာပူးအသင်းဟာ ညက ပေါ်တိုကို နိုင်တဲ့ပွဲမှာ ကွင်းလယ်ကနေ ဆယ်ကျော်သက် လူငယ်လေး တိုင်လာ မော်တန် ကို ပွဲထုတ်ခဲ့ပြီး အကယ်ဒမီက လူငယ်လေးဟာ ခြွင်းချက်မရှိ ကောင်းမွန်တဲ့ ခြေစွမ်းပြသခဲ့တယ်လို့ ကလော့ပ်က ပွဲအပြီးမှာ ချီးကျူးခဲ့ပါတယ်။

Zawgyi
ညက အီတီဟက္မွာ ကစားသြားတဲ့ ခ်န္ပီယံလိဂ္ အုပ္စုပြဲမွာ အိမ္ရွင္ မန္စီးတီးက ပီအက္စ္ဂ်ီကို ၂-၁ နဲ႕ အနိုင္ ရရွိသြားခဲ့ပါတယ္။ ထိုပြဲအျပီး အင္တာဗ်ဴးမွာ ပိုခ်က္တီနို ကို ရံႈးထြက္အဆင့္မွာ ပီအက္စ္ဂ်ီကို ဘယ္လို ကိုင္တြယ္မလဲ ဆိုတဲ့ ေမးခြန္း ေမးခံရရာ ၄င္းက ေရွာင္ရွားသြားခဲ့တာေၾကာင့္ မန္ယူနိုက္တက္နဲ႕ သတင္းေတြ ပိုက်ယ္ေလာင္ လာေတာ့မွာပါ။
ပိုခ်က္တီနိုဟာ မန္ခ်က္စတာ ယူနိုက္တက္ ကို ကိုင္တြယ္ခ်င္ရင္ ေနာက္ထပ္ ၆ လ ေစာင့္ရမွာ ျဖစ္တယ္လို႔ ေဒးလီးစတားက ဆိုပါတယ္။ အာဂ်င္တိုင္းသားကို ဆိုးရွားေနရာ အစားထိုးဖို႔ နံပါတ္ ၁ ပစ္မွတ္ အျဖစ္ ယူနိုက္တက္ က သတ္မွတ္ထားေပမယ့္ ရာသီဝက္မွာ ပီအက္စ္ဂ်ီက ထြက္ခြာခြင့္ ျပဳဖြယ္ မရွိပါဘူး။
ပီအက္စ္ဂ်ီ ခံစစ္မႈး ကင္ပမ္ဘီကေတာ့ ညက ခ်န္ပီယံလိဂ္ ရံႈးပြဲဟာ သူတို႔အသင္းရဲ႕ တကယ့္ အရည္အေသြးကို မွ်တစြာ ထင္ဟပ္ျခင္း မရွိေၾကာင္း ေျပာဆိုလိုက္ပါတယ္။ ထိုပြဲမွာ ပီအက္္စ္ဂ်ီအတြက္ တစ္လံုးတည္းေသာ သြင္းဂိုးကို အမ္ဘတ္ပီက သြင္းေပးခဲ့တာပါ။
ဥေရာပ ထိပ္သီးကလပ္ ေတာ္ေတာ္မ်ားမ်ား မ်က္စိက်ျခင္း ခံလာရေပမယ့္ ေမဆန္ေမာင့္က ခ်ယ္ဆီးမွာပဲ ေပ်ာ္ရႊင္ေနသလို အသင္းမွာ ထပ္ေနရာေပးျခင္း ခံရဦးမယ္လို႔ တယ္လီဂရပ္ဖ္က ဆိုထားပါတယ္။ ေမာင့္ကို ခ်ယ္ဆီး ကလည္း ေရာင္းဖို႔ အစီအစဥ္ မရွိဘူးလို႔ သိရပါတယ္။
လီဗာပူး ပစ္မွတ္ထားေနတဲ့ လိဒ္ယူနိုက္တက္မွ ဘရာဇီး ၾကယ္ပြင့္ ရာဖင္ဟာကေတာ့ လက္ရွိ ကလပ္မွာ ေပ်ာ္ရႊင္ေနေၾကာင္း နဲ႕ ဒီမွာပဲ သူ႔ရည္မွန္းခ်က္ေတြ ျပည့္မွီေအာင္ လုပ္နုိင္ေၾကာင္း ေျပာဆိုလိုက္ပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ဟာ မန္ေနဂ်ာသစ္ ရာထူးအတြက္ နည္းျပေလာင္း ၆ ဦးထိ ဆက္သြယ္ထားေၾကာင္း Mirror သတင္းက ေဖာ္ထုတ္လိုက္ပါတယ္။ ထို ၆ ဦးကေတာ့ ဗယ္ဗာဒီ၊ ရမ္နစ္၊ ဖြန္စီကာ၊ လူစီယန္ ဖာဘရီနဲ႕ ရူဒီ ဂါစီယာတို႔ ျဖစ္ကာ အားလံုးကလည္း ကလပ္နဲ႕ အင္တာဗ်ဴး လုပ္ထားျပီလို႔ သိရပါတယ္။
လီဗာပူးအသင္းဟာ ညက ေပၚတိုကို နုိင္တဲ့ပြဲမွာ ကြင္းလယ္ကေန ဆယ္ေက်ာ္သက္ လူငယ္ေလး တိုင္လာ ေမာ္တန္ ကို ပြဲထုတ္ခဲ့ျပီး အကယ္ဒမီက လူငယ္ေလးဟာ ျခြင္းခ်က္မရွိ ေကာင္းမြန္တဲ့ ေျခစြမ္းျပသခဲ့တယ္လို႔ ကေလာ့ပ္က ပြဲအျပီးမွာ ခ်ီးက်ဴးခဲ့ပါတယ္။
