ဖျတ်လတ်တက်ကြွနေလို့ ယူနိုက်တက် နည်းပြတွေအားလုံး အထင်ကြီးနေရတဲ့ ကစားသမား

UNICODE – ပရီးမီးယားလိဂ် ပြန်လည်စတင်ချိန်မှာ ပထမဆုံးပွဲအဖြစ် ဇွန်လ ၁၉ ရက်နေ့မှာ ယူနိုက်တက်ဟာ စပါးအသင်း အိမ်ကွင်းထံသွားပြီး ယှဉ်ပြိုင်ရမှာပါ။

ပွဲစဉ် ၃၀ ကနေစပြီး ပွဲစဉ် ၃၈ အတွင်းမှာ အရေးကြီးတဲ့ ကိစ္စတစ်ခုက ကလပ်တွေဟာ အိမ်ကွင်းအားသာချက်တွေ ရှိနေမှာ မဟုတ်တော့ပါဘူး။ ဒါ့အပြင် ယူနိုက်တက်ကလည်း အဆင့်လေးနေရာက ချယ်ဆီးနဲ့ ၃ မှတ်ပဲ ကွာဟနေပြီး အောက်က အသင်းတွေနဲ့လည်း အမှတ် သိပ်ပြတ်နေတဲ့ အနေအထား မဟုတ်သေးတာ ဖြစ်ပါတယ်။

တယ်လီဂရပ်က ဖော်ပြရာမှာ ယူနိုက်တက် စီနီယာအသင်း လေ့ကျင့်ရေး ပြန်ဝင်ခွင့် ရလာကတည်းက ဖျတ်လတ်တက်ကြွနေသလို ဆာလောင်မှု ပြင်းထန်နေတဲ့ အသင်းသားကတော့ ပေါ့ဘာဖြစ်ပါတယ်။ ဘောလုံးရာသီ ဒုတိယပိုင်းမှာ သူ့အပေါ် ဝေဖန်သူတွေကို မှားယွင်းကြောင်း သက်သေပြဖို့ ပေါ့ဘာက အတော်လေး စိတ်အားထက်သန်နေသလို ပွဲတွေအတွက် အဆင်သင့်ဖြစ်နေတယ်လို့ သိရတယ်။

ကမ္ဘာဖလားချန်ပီယံရဲ့ စိတ်ဓါတ်ပိုင်းနဲ့ လှုပ်အားနှုန်းကို ကာရင်တန်က နည်းပြအဖွဲ့ဝင်တွေ အတော်လေး အံ့အားသင့်နေကြရပါတယ်။ ပေါ့ဘာရဲ့ ကြံ့ခိုင်ရေး အခြေအနေက ပိုပြီး ကြံ့ခိုင် ပြည့်စုံလာနေတယ်။ သူက လေ့ကျင့်ရေးမှာလည်း ထိပ်တန်း စွမ်းဆောင်ရည်တွေကို ပြန်ပြထားတယ်လို့ သိရတယ်။

အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားတဲ့ ဝက်ဘရွန်းနဲ့ ကွင်းပိတ် ချစ်ကြည်ရေးပွဲမှာလည်း ပေါ့ဘာက တွဲဘက် ကွင်းလယ်လူ ဖာနန်ဒက်စ်နဲ့အတူ ကစားပြနိုင်ခဲ့တယ်။ သူတို့နှစ်ဦးက ဖန်တီးမှုပိုင်းတွေမှာ ယူနိုက်တက်ကို များပြားတဲ့ ရွေးချယ်စရာတွေ ပေးနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်နဲ့ စပါးဟာ အမှတ်ပေးဇယားမှာ ၃ မှတ်ပဲ ကွာနေတာဖြစ်ပြီး ယူနိုက်တက်ဟာ စပါးအသင်း အိမ်ကွင်းထံသွားပြီး ယှဉ်ပြိုင်ရမှာက အရေးပါတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာစေပါမယ်။

ZAWGYI – ပရီးမီးယားလိဂ္ ျပန္လည္စတင္ခ်ိန္မွာ ပထမဆံုးပြဲအျဖစ္ ဇြန္လ ၁၉ ရက္ေန႔မွာ ယူႏုိက္တက္ဟာ စပါးအသင္း အိမ္ကြင္းထံသြားျပီး ယွဥ္ျပိဳင္ရမွာပါ။

ပြဲစဥ္ ၃၀ ကေနစျပီး ပြဲစဥ္ ၃၈ အတြင္းမွာ အေရးၾကီးတဲ့ ကိစၥတစ္ခုက ကလပ္ေတြဟာ အိမ္ကြင္းအားသာခ်က္ေတြ ရွိေနမွာ မဟုတ္ေတာ့ပါဘူး။ ဒါ့အျပင္ ယူႏုိက္တက္ကလည္း အဆင့္ေလးေနရာက ခ်ယ္ဆီးနဲ႔ ၃ မွတ္ပဲ ကြာဟေနျပီး ေအာက္က အသင္းေတြနဲ႔လည္း အမွတ္ သိပ္ျပတ္ေနတဲ့ အေနအထား မဟုတ္ေသးတာ ျဖစ္ပါတယ္။

တယ္လီဂရပ္က ေဖာ္ျပရာမွာ ယူႏုိက္တက္ စီနီယာအသင္း ေလ့က်င့္ေရး ျပန္ဝင္ခြင့္ ရလာကတည္းက ဖ်တ္လတ္တက္ၾကြေနသလို ဆာေလာင္မႈ ျပင္းထန္ေနတဲ့ အသင္းသားကေတာ့ ေပါ့ဘာျဖစ္ပါတယ္။ ေဘာလံုးရာသီ ဒုတိယပိုင္းမွာ သူ႔အေပၚ ေဝဖန္သူေတြကို မွားယြင္းေၾကာင္း သက္ေသျပဖို႔ ေပါ့ဘာက အေတာ္ေလး စိတ္အားထက္သန္ေနသလို ပြဲေတြအတြက္ အဆင္သင့္ျဖစ္ေနတယ္လို႔ သိရတယ္။

ကမၻာဖလားခ်န္ပီယံရဲ႕ စိတ္ဓါတ္ပိုင္းနဲ႔ လႈပ္အားႏႈန္းကို ကာရင္တန္က နည္းျပအဖြဲ႔ဝင္ေတြ အေတာ္ေလး အံ့အားသင့္ေနၾကရပါတယ္။ ေပါ့ဘာရဲ႕ ၾကံ႕ခိုင္ေရး အေျခအေနက ပိုျပီး ၾကံ႕ခိုင္ ျပည့္စံုလာေနတယ္။ သူက ေလ့က်င့္ေရးမွာလည္း ထိပ္တန္း စြမ္းေဆာင္ရည္ေတြကို ျပန္ျပထားတယ္လို႔ သိရတယ္။

အိုထရတ္ဖိုဒ့္မွာ ယွဥ္ျပိဳင္ကစားတဲ့ ဝက္ဘရြန္းနဲ႔ ကြင္းပိတ္ ခ်စ္ၾကည္ေရးပြဲမွာလည္း ေပါ့ဘာက တြဲဘက္ ကြင္းလယ္လူ ဖာနန္ဒက္စ္နဲ႔အတူ ကစားျပႏုိင္ခဲ့တယ္။ သူတို႔ႏွစ္ဦးက ဖန္တီးမႈပိုင္းေတြမွာ ယူႏုိက္တက္ကို မ်ားျပားတဲ့ ေရြးခ်ယ္စရာေတြ ေပးေနတယ္လို႔ သိရပါတယ္။

ယူႏုိက္တက္နဲ႔ စပါးဟာ အမွတ္ေပးဇယားမွာ ၃ မွတ္ပဲ ကြာေနတာျဖစ္ျပီး ယူႏုိက္တက္ဟာ စပါးအသင္း အိမ္ကြင္းထံသြားျပီး ယွဥ္ျပိဳင္ရမွာက အေရးပါတဲ့ ပြဲေကာင္းတစ္ပြဲ ျဖစ္လာေစပါမယ္။