ဘာစီလိုနာ နည်းပြ ဇာဗီဟာ ဇန်နဝါရီမှာ တိုက်စစ်မှုးသစ် တစ်ဦး ခေါ်ယူဖို့ ရှာဖွေ နေတာ မှန်ပေမယ့် ယူနိုက်တက် တိုက်စစ်မှုး ကာဗာနီ ကို ခေါ်ဖို့တော့ မချိန်ရွယ်ထားကြောင်း စပိန်သတင်းတွေက ဖြေရှင်းလာပါတယ်။
ချယ်ဆီး ဂိုးသမားကီပါဟာ လာဇီယို အသင်းထံ ရာသီဝက် အငှားနဲ့ ပြောင်းရွှေ့ဖွယ် ရှိကြောင်း အီတလီ သတင်းတွေက ဖော်ပြနေပါတယ်။
ပြင်သစ်က သတင်းတွေ အရ ပီအက်စ်ဂျီအသင်းဟာ ဇီဒန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ် ပြောဆိုနေတယ်လို့ သိရပြီး ပိုချက်တီနိုနဲ့ အနာဂတ်က မရေရာ ဖြစ်လာပါတယ်။ ပိုချက်တီနိုကို ယူနိုက်တက်က အလိုချင်ဆုံး ဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ရင်းဂ်နစ်ကိုပဲ ခန့်အပ်တော့မှာပါ။

နာပိုလီအသင်းဟာ ရီးရဲလ်မက်ဒရစ် မှ လူကာဂျိုဗစ်နဲ့ မာရီယာနို ဒိုင်ယာ့ဇ်တို့ နှစ်ဦးကို ခေါ်ယူဖို့ ကြံရွယ်နေကြောင်း သတင်းတွေမှာ ဖော်ပြလာပါတယ်။ ရီးရဲလ် တိုက်စစ်အတွဲဟာ ပွဲကစားချိန် နည်းပါးနေတာကြောင့် ဇန်နဝါရီမှာ အသင်း ပြောင်းသွားနိုင်ပါတယ်။
နယူးကာဆယ် ယူနိုက်တက်ဟာ ဇန်နဝါရီမှာ ဘာစီလိုနာ တိုက်စစ်သမား ဒမ်ဘီလီ ကို ခေါ်ယူဖို့ အသည်းအသန် ကြိုးစားနေကြောင်း စပိန်သတင်းတွေက ဖော်ပြလာပါတယ်။
မန်ချက်စတာ ယူနိုက်တက်ကလည်း ဖီအိုရင်တီးနား တိုက်စစ်မှုး ဒူဆန် ဗလာဟိုဗစ်ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲ ပါဝင်လာပါတယ်။ နောက်နှစ်နွေမှာ အသင်းပြောင်းဖွယ် ရှိနေတဲ့ ဗလာဟိုဗစ်ကို မန်စီးတီး၊ စပါး၊ အာဆင်နယ်နဲ့ ဂျူဗင်တပ်တို့က ခေါ်ယူလိုနေပါတယ်။
ပေါ်တိုနဲ့ ပွဲမှာ ဝင်ကစား အစွမ်းပြသွားတဲ့ လီဗာပူးရဲ့ ဆယ်ကျော်သက် ကွင်းလယ်လူငယ်လေး မော်တန် ဟာ အဲဗာတန်သို့လည်း ရောက်လုနီးပါး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မော်တန်က အသက် ၆နှစ်ကနေ ၈နှစ်ထိ ကြားမှာ လီဗာပူးနဲ့ အဲဗာတန် အကယ်ဒမီတို့မှာ ကစားခဲ့ပါတယ်။

ခြေစွမ်းကောင်းတွေ ပြန်ပြသနေတဲ့ တိုက်စစ်သမား ရာဟင်း စတားလင်းကို မန်စီးတီးက သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်နေကြောင်း အင်္ဂလန်သတင်းတွေက ဖော်ပြလာပါတယ်။
ချယ်ဆီးအသင်းဟာ ၂၀၂၂ ထဲမှာတော့ ပူလီဆစ်ကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပြီး တန်ကြေး ပေါင် ၄၂ သန်း သတ်မှတ်လိုက်ပါတယ်။ ချယ်ဆီးဟာ အမေရိကန်သားကို ပရီးမီးယားလိဂ် ကလပ်တွေကိုတော့ ရောင်းမှာ မဟုတ်ဘဲ ပြည်ပကလပ်တွေကိုပဲ ရောင်းချမှာပါ။
