ဆန်ချို ယူနိုက်တက်ကို ငြင်းဖို့ အံ့အားသင့်ဖွယ် တိုက်တွန်းလိုက်တဲ့ သရဲနီဟောင်း

အင်္ဂလန် တိုက်စစ် ကြယ်ပွင့် ဂျေဒန် ဆန်ချိုဟာ ဒီနွေမှာ စိတ်ရှည်ရှည်ထားပြီး လက်ရှိကလပ်အသင်းမှာပဲ ဆက်နေသင့်ကြောင်း ယူနိုက်တက် ကစားသမားကြီး ဖီးနဗီးလ်က အံ့အားသင့်ဖွယ် တိုက်တွန်းလိုက်ပါတယ်။ နဗီးလ်ရဲ့ ကလပ်အသင်းဟောင်းက ဆန်ချိုကို ချိတ်ဆက်နေပြီး ခေါ်ယူနိုင်ဖို့ အလားအလာ အကောင်းဆုံး အသင်း အဖြစ် ရှိနေတာပါ။

ဒေါ့မွန်က ဆန်ချို အတွက် ပေါင် သန်း ၁၂၀ တန်ကြေး သတ်မှတ်ထားတာကြောင့် အသင်းကြီး တော်တော်များများ က လက်လျှော့သွားပေမယ့် ယူနိုက်တက်ကတော့ ဆက်လက် ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ကစားသမား ကိုယ်တိုင်ကလည်း အင်္ဂလန်သို့ ပြန်လာချင်နေတာကြောင့် ယူနိုက်တက် ခေါ်ယူနိုင်မယ်လို့ ရေပန်းစားနေပါတယ်။

ဒါပေမယ့် ဖီးနဗီးလ်ကတော့ ဆန်ချိုက ပရော်ဖက်ရှင်နယ် ပီသစွာ ဆက်လက် ကြိုးစားပြီး လက်ရှိကလပ်မှာပဲ နေဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒါကပဲ အင်္ဂလန်သား အတွက် အကောင်းဆုံး ဖြစ်မယ်လို့ ၎င်းက ယုံကြည်နေတာပါ။

” ကျနော်ကတော့ ဆန်ချို တကယ့် ကလပ်အသင်းကောင်းမှာ ကစားနေရပြီး သီတင်းပတ် တော်တော်များများ ကစားခွင့် ရနေတာ မြင်ရတယ်။ သူ က တကယ့် ထိပ်တန်း အဆင့်မှာ ကစားနေတယ်။ ကျနော်သာ သူ့နေရာမှာ ဆိုရင် စိတ်ရှည်ရှည်ထားမှာပဲ။ လောလောဆယ်မှာ ဆန်ချိုလို (တက်သစ်စ) ကစားသမား တစ်ယောက် အတွက် ပေါင် သန်း ၁၀၀ ချက်ချင်းကြီးပေး ထွက်လာ ဝယ်မယ့် အသင်း မရှိနိုင်ပါဘူး။

ဒါပေမယ့် အဲဒါမျိုးက နောက်ထပ် ၁၂ လ လောက်ကြာရင် ပို ဖြစ်လာနိုင်ပြီ။ ဒီကလေးက တကယ့်ကို တိုးတက်လာမယ့် သူလို ကျနော် ထင်တယ်။ သူက တစ်ခုခု ထူးရှယ်အောင်မြင်မှုတွေ လုပ်ပြနိုင်လိမ့်မယ်။ ” လို့ နဗီးလ်က သုံးသပ်ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ လာမယ့် နွေ အပြောင်းအရွှေ့ ဦးစားပေး ထိပ်သီး ပစ်မှတ် အဖြစ် ဆန်ချိုကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေက ဆန်ချိုကို မခေါ်နိုင်ခဲ့တာကြောင့် ရေတို ဖြေရှင်းတဲ့ အနေနဲ့ ညာခြမ်းမှာ ဒန်နီရယ် ဂျိမ်းစ်ကို ခေါ်ယူ အားဖြည့်ခဲ့တာပါ။ ဆန်ချိုကို အသင်း မပြောင်းစေလိုသေးပေမယ့် ယူနိုက်တက် အတွက် ဒေါ့မွန်တိုက်စစ်သမားက အသင့်တော်ဆုံးလို့တော့ နဗီးလ်က လက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။

Zawgyi – အဂၤလန္ တိုက္စစ္ ၾကယ္ပြင့္ ေဂ်ဒန္ ဆန္ခ်ိဳဟာ ဒီေႏြမွာ စိတ္ရွည္ရွည္ထားျပီး လက္ရွိကလပ္အသင္းမွာပဲ ဆက္ေနသင့္ေၾကာင္း ယူနိုက္တက္ ကစားသမားၾကီး ဖီးနဗီးလ္က အံ့အားသင့္ဖြယ္ တိုက္တြန္းလိုက္ပါတယ္။ နဗီးလ္ရဲ႕ ကလပ္အသင္းေဟာင္းက ဆန္ခ်ိဳကို ခ်ိတ္ဆက္ေနျပီး ေခၚယူနုိင္ဖို႔ အလားအလာ အေကာင္းဆံုး အသင္း အျဖစ္ ရွိေနတာပါ။

ေဒါ့မြန္က ဆန္ခ်ိဳ အတြက္ ေပါင္ သန္း ၁၂၀ တန္ေၾကး သတ္မွတ္ထားတာေၾကာင့္ အသင္းၾကီး ေတာ္ေတာ္မ်ားမ်ား က လက္ေလွ်ာ့သြားေပမယ့္ ယူနိုက္တက္ကေတာ့ ဆက္လက္ ၾကိဳးစားေနဆဲ ျဖစ္ပါတယ္။ ကစားသမား ကိုယ္တိုင္ကလည္း အဂၤလန္သုိ႔ ျပန္လာခ်င္ေနတာေၾကာင့္ ယူနိုက္တက္ ေခၚယူနိုင္မယ္လို႔ ေရပန္းစားေနပါတယ္။

ဒါေပမယ့္ ဖီးနဗီးလ္ကေတာ့ ဆန္ခ်ိဳက ပေရာ္ဖက္ရွင္နယ္ ပီသစြာ ဆက္လက္ ၾကိဳးစားျပီး လက္ရွိကလပ္မွာပဲ ေနဖို႔ တိုက္တြန္းလိုက္ပါတယ္။ ဒါကပဲ အဂၤလန္သား အတြက္ အေကာင္းဆံုး ျဖစ္မယ္လို႔ ၄င္းက ယံုၾကည္ေနတာပါ။

” က်ေနာ္ကေတာ့ ဆန္ခ်ိဳ တကယ့္ ကလပ္အသင္းေကာင္းမွာ ကစားေနရျပီး သီတင္းပတ္ ေတာ္ေတာ္မ်ားမ်ား ကစားခြင့္ ရေနတာ ျမင္ရတယ္။ သူ က တကယ့္ ထိပ္တန္း အဆင့္မွာ ကစားေနတယ္။ က်ေနာ္သာ သူ႔ေနရာမွာ ဆိုရင္ စိတ္ရွည္ရွည္ထားမွာပဲ။ ေလာေလာဆယ္မွာ ဆန္ခ်ိဳလို (တက္သစ္စ) ကစားသမား တစ္ေယာက္ အတြက္ ေပါင္ သန္း ၁၀၀ ခ်က္ခ်င္းၾကီးေပး ထြက္လာ ၀ယ္မယ့္ အသင္း မရွိနုိင္ပါဘူး။

ဒါေပမယ့္ အဲဒါမ်ိဳးက ေနာက္ထပ္ ၁၂ လ ေလာက္ၾကာရင္ ပို ျဖစ္လာနုိင္ျပီ။ ဒီကေလးက တကယ့္ကို တိုးတက္လာမယ့္ သူလို က်ေနာ္ ထင္တယ္။ သူက တစ္ခုခု ထူးရွယ္ေအာင္ျမင္မႈေတြ လုပ္ျပနို္င္လိမ့္မယ္။ ” လို႔ နဗီးလ္က သံုးသပ္ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ဟာ လာမယ့္ ေႏြ အေျပာင္းအေရႊ႕ ဦးစားေပး ထိပ္သီး ပစ္မွတ္ အျဖစ္ ဆန္ခ်ိဳကို သတ္မွတ္ထားတာ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ေႏြက ဆန္ခ်ိဳကို မေခၚနုိင္ခဲ့တာေၾကာင့္ ေရတို ေျဖရွင္းတဲ့ အေနနဲ႕ ညာျခမ္းမွာ ဒန္နီရယ္ ဂ်ိမ္းစ္ကို ေခၚယူ အားျဖည့္ခဲ့တာပါ။ ဆန္ခ်ိဳကို အသင္း မေျပာင္းေစလိုေသးေပမယ့္ ယူနိုက္တက္ အတြက္ ေဒါ့မြန္တိုက္စစ္သမားက အသင့္ေတာ္ဆံုးလို႔ေတာ့ နဗီးလ္က လက္ခံေၾကာင္း ေျပာဆိုခဲ့ပါတယ္။