ဟာလန်းကို ခေါ်ဦးမယ့် ယူနိုက်တက်၊ လီဗာပူး ခံစစ်မှုးကို ချိန်နေတဲ့ ဂျရတ်နဲ့ အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ အိုးထရက်ဖို့ထံ နည်းပြ ရန်းနစ် ရောက်လာတာက နောက်နှစ် နွေမှာ တိုက်စစ်ကြယ်ပွင့် အာလင်း ဟာလန်းကို ခေါ်ယူရေးမှာ အထောက်အကူ ဖြစ်နိုင်မယ်လို့ ယုံကြည် မျှော်လင့်နေပါတယ်။

အက်စတွန်ဗီလာ အသင်းမန်နေဂျာ စတီဗင် ဂျရတ် ဟာ ခံစစ်မှုး တစ်ဦး ခေါ်ယူဖို့ ဦးစားပေး စဉ်းစားနေပြီး အသင်းဟောင်း လီဗာပူးထံမှ ဂျိုးဂိုမက်ဇ် ကို ပစ်မှတ်ထားနေပါတယ်။

အာဆင်နယ် တိုက်စစ်မှုး ဖိုလာရင် ဘာလိုဂန် ကို စောင့်ကြည့်နေတဲ့ ဘောလုံး ကင်းထောက်တွေ အများအပြား ရှိနေပြီး ပြင်သစ်ကလပ် စိန့်အီတီနီ ကလည်း ကင်းထောက် လွှတ်ထားကြောင်း သိရပါတယ်။

မန်ယူနိုက်တက်ဟာ ဖီအိုရင်တီးနား ဂိုးသွင်းစက် ဗလာဟိုဗစ်ကို စောင့်ကြည့်နေဆဲ ဖြစ်ပြီး ၎င်းအတွက် ပေါင် ၅၅ သန်း ဖီအိုရင်တီးနား ဘက်က အလိုရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လာမယ့်နွေမှာ ယူနိုက်တက် ကွင်းလယ်သမား ပေါ့ဘာကို အလွတ်နဲ့ ရရင်တောင် မခေါ်ယူလိုတော့ဘူး လို့ စပိန်က သတင်းတွေမှာ ဖော်ပြလာပါတယ်။

ကယ်ဗင် ဖိလစ်ဟာ မန်ချက်စတာ ယူနိုက်တက်ကို လိဒ်ရဲ့ သမိုင်းပြိုင်ဘက်ကြီး ဖြစ်တာကြောင့် ငြင်းဆန်ပယ်ချလိုက်ပြီ ဖြစ်ကာ ၎င်းကို စောင့်ကြည့်နေတဲ့ လီဗာပူးအတွက် အားတက်စရာ ဖြစ်လာပါတယ်။

မန်စီးတီး တိုက်စစ်သမား ဖာရန် တောရက်စ်က ၎င်းကို အသင်းကနေ ထွက်ခွာခွင့်ပေးပြီး ဘာစီလိုနာထံ ပြောင်းခွင့် ပေးဖို့ ဂွာဒီယိုလာအား တောင်းဆိုထားကြောင်း စပိန်က သတင်းတွေမှာ ဖော်ပြထားပါတယ်။

တိုက်စစ်မှုး လာကာဇက်ကတော့ အာဆင်နယ်မှာ ဆက်ရှိဖို့ အနာဂတ် မရေရာတော့တာကြောင့် သူ့ အေးဂျင့်တွေက ပြောင်းရွှေ့နိုင်မယ့် အသင်းတွေ ရှာဖွေနေကြောင်း ဝန်ခံစကား ဆိုလာပါတယ်။

Zawgyi

မန္ခ်က္စတာ ယူနိုက္တက္ဟာ အိုးထရက္ဖို႔ထံ နည္းျပ ရန္းနစ္ ေရာက္လာတာက ေနာက္နွစ္ ေႏြမွာ တိုက္စစ္ၾကယ္ပြင့္ အာလင္း ဟာလန္းကို ေခၚယူေရးမွာ အေထာက္အကူ ျဖစ္နိုင္မယ္လို႔ ယံုၾကည္ ေမွ်ာ္လင့္ေနပါတယ္။

အက္စတြန္ဗီလာ အသင္းမန္ေနဂ်ာ စတီဗင္ ဂ်ရတ္ ဟာ ခံစစ္မႈး တစ္ဦး ေခၚယူဖို႔ ဦးစားေပး စဥ္းစားေနျပီး အသင္းေဟာင္း လီဗာပူးထံမွ ဂ်ိဳးဂိုမက္ဇ္ ကို ပစ္မွတ္ထားေနပါတယ္။

အာဆင္နယ္ တိုက္စစ္မႈး ဖိုလာရင္ ဘာလိုဂန္ ကို ေစာင့္ၾကည့္ေနတဲ့ ေဘာလံုး ကင္းေထာက္ေတြ အမ်ားအျပား ရွိေနျပီး ျပင္သစ္ကလပ္ စိန္႔အီတီနီ ကလည္း ကင္းေထာက္ လႊတ္ထားေၾကာင္း သိရပါတယ္။

မန္ယူနိုက္တက္ဟာ ဖီအိုရင္တီးနား ဂိုးသြင္းစက္ ဗလာဟိုဗစ္ကို ေစာင့္ၾကည့္ေနဆဲ ျဖစ္ျပီး ၄င္းအတြက္ ေပါင္ ၅၅ သန္း ဖီအိုရင္တီးနား ဘက္က အလိုရွိေနပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ လာမယ့္ေႏြမွာ ယူနိုက္တက္ ကြင္းလယ္သမား ေပါ့ဘာကို အလြတ္နဲ႕ ရရင္ေတာင္ မေခၚယူလိုေတာ့ဘူး လို႔ စပိန္က သတင္းေတြမွာ ေဖာ္ျပလာပါတယ္။

ကယ္ဗင္ ဖိလစ္ဟာ မန္ခ်က္စတာ ယူနိုက္တက္ကို လိဒ္ရဲ႕ သမိုင္းျပိဳင္ဘက္ၾကီး ျဖစ္တာေၾကာင့္ ျငင္းဆန္ပယ္ခ်လိုက္ျပီ ျဖစ္ကာ ၄င္းကို ေစာင့္ၾကည့္ေနတဲ့ လီဗာပူးအတြက္ အားတက္စရာ ျဖစ္လာပါတယ္။

မန္စီးတီး တိုက္စစ္သမား ဖာရန္ ေတာရက္စ္က ၄င္းကို အသင္းကေန ထြက္ခြာခြင့္ေပးျပီး ဘာစီလိုနာထံ ေျပာင္းခြင့္ ေပးဖို႔ ဂြာဒီယိုလာအား ေတာင္းဆိုထားေၾကာင္း စပိန္က သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

တိုက္စစ္မႈး လာကာဇက္ကေတာ့ အာဆင္နယ္မွာ ဆက္ရွိဖို႔ အနာဂတ္ မေရရာေတာ့တာေၾကာင့္ သူ႔ ေအးဂ်င့္ေတြက ေျပာင္းေရႊ႕နုိင္မယ့္ အသင္းေတြ ရွာေဖြေနေၾကာင္း ဝန္ခံစကား ဆိုလာပါတယ္။