ခရစ္စတီယာနို ရော်နယ်ဒိုလို ကစားသမားကို ဝှက်ဖဲအဖြစ် ပိုင်ထားတဲ့ ယူနိုက်တက်

UNICODE – သောကြာနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေ တစ်ကျော့ပြန် ယှသ်ပြိုင်ရတော့မှာဖြစ်ပြီး အမှတ်ပေးဇယား အပေါ်က ချယ်ဆီးအသင်းကို အမှီလိုက်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကြိုးစားသွားရမှာပါ။

ကိုရိုနာကပ်ဘေး ကာလအတွင်း ယူနိုက်တက်မှာ ထူးထူးခြားခြား သက်သေပြလာသူတစ်ဦးက ကွင်းလယ်လူ တော်မီနေးဖြစ်ကာ သူဟာ ယူနိုက်တက်ရဲ့ ဝှက်ဖဲတစ်ချပ်တောင် ဖြစ်လာနိုင်ပါတယ်။ စကော့ လက်ရွေးစင်ဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ၂၇ ပွဲထိ ပါဝင်ယှဉ်ပြိုင်ထားပြီး သွင်းဂိုး ၅ ဂိုး ရထားသူတစ်ဦး ဖြစ်ပပါတယ်။

မန်ချက်စတာအခြေစိုက် သတင်းဌာနတွေက ဖော်ပြမှုအရ တော်မီနေးရဲ့ ၅ ကီလိုမီတာ ပြေးနှုန်းဟာ အရမ်းကို ကောင်းတဲ့ အနေအထားမှာ ရှိနေတယ်လို့ ဖော်ပြတယ်။ သူဟာ စီ ရော်နယ်ဒိုရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ နှိုင်းယှဉ်ရလောက်အောင် ကြံ့ခိုင်မှုပိုင်းမှာလည်း အတော်လေးကို ထူးချွန်ပါတယ်။ တောမီနေးက ယူနိုက်တက် ကစားသမားဟောင်းကြီးရဲ့ ခြားနားတဲ့ နေရာတွေမှာ ကစားနိုင်စွမ်းကိုလည်း လေ့လာသင်ယူထားတယ်လို့ သိရတယ်။

တော်မီနေး ကိုယ်တိုင်ကလည်း “ ရော်နယ်ဒိုလို ကစားသမားကို ကြည့်လိုက်။ သူရဲ့ စိတ်ဓါတ်ပိုင်းက ထိပ်ဆုံးရဲ့ ထိပ်ဆုံးမှာ ရှိနေတယ်။ အဲ့တာထက် ပိုကောင်းတာ မရှိတော့ဘူး။ ကျနော်က သူ့လို ကစားသမားကို စံနမူနာ ယူပါတယ်။ သူမှာရှိတဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ သူ့ဘာသာ ကြိုးစားပျိုးထောင်မှုတွေပေါ့။

အရင်နှစ်ရက်ကပဲ သူ့ပုံတွေကို မြင်ထားတယ်။ ဖတ်ထားတယ်။ ကွင်းပြင်ပမှာ သူကြိုးစားတဲ့ လူနေမှုဘဝ ခြားနားခြင်းတွေကို ပြန်ပြီး လေ့လာသင်ယူထားပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ကွင်းလယ်လူဟာ ဘောလုံးပွဲတွေ ပြန်စတင်ရင် ဖာနန်ဒက်စ်၊ ပေါ့ဘာတို့နဲ့ တွဲဘက်ပြီး ကစားခွင်ရမှာဖြစ်ကာ သူတို့ သုံးဦးရှိတဲ့ ကွင်းလယ်ဟာ ပရီးမီးယားလိဂ် အကောင်းဆုံး ကွင်းလယ်တွေထဲ ပါဝင်နေမှာ ဖြစ်ပါတယ်။

ZAWGYI – ေသာၾကာေန႔မွာေတာ့ ယူႏုိက္တက္ဟာ ပရီးမီးယားလိဂ္ျပိဳင္ပြဲေတြ တစ္ေက်ာ့ျပန္ ယွသ္ျပိဳင္ရေတာ့မွာျဖစ္ျပီး အမွတ္ေပးဇယား အေပၚက ခ်ယ္ဆီးအသင္းကို အမွီလိုက္ျပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္ ၾကိဳးစားသြားရမွာပါ။

ကိုရိုနာကပ္ေဘး ကာလအတြင္း ယူႏုိက္တက္မွာ ထူးထူးျခားျခား သက္ေသျပလာသူတစ္ဦးက ကြင္းလယ္လူ ေတာ္မီေနးျဖစ္ကာ သူဟာ ယူႏုိက္တက္ရဲ႕ ဝွက္ဖဲတစ္ခ်ပ္ေတာင္ ျဖစ္လာႏုိင္ပါတယ္။ စေကာ့ လက္ေရြးစင္ဟာ ဒီရာသီ ျပိဳင္ပြဲစံုမွာ ၂၇ ပြဲထိ ပါဝင္ယွဥ္ျပိဳင္ထားျပီး သြင္းဂိုး ၅ ဂိုး ရထားသူတစ္ဦး ျဖစ္ပပါတယ္။

မန္ခ်က္စတာအေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပမႈအရ ေတာ္မီေနးရဲ႕ ၅ ကီလိုမီတာ ေျပးႏႈန္းဟာ အရမ္းကို ေကာင္းတဲ့ အေနအထားမွာ ရွိေနတယ္လုိ႔ ေဖာ္ျပတယ္။ သူဟာ စီ ေရာ္နယ္ဒိုရဲ႕ ရုပ္ပိုင္းဆိုင္ရာနဲ႔ ႏိႈင္းယွဥ္ရေလာက္ေအာင္ ၾကံ႕ခိုင္မႈပိုင္းမွာလည္း အေတာ္ေလးကို ထူးခၽြန္ပါတယ္။ ေတာမီေနးက ယူႏုိက္တက္ ကစားသမားေဟာင္းၾကီးရဲ႕ ျခားနားတဲ့ ေနရာေတြမွာ ကစားႏုိင္စြမ္းကိုလည္း ေလ့လာသင္ယူထားတယ္လို႔ သိရတယ္။

ေတာ္မီေနး ကိုယ္တုိင္ကလည္း “ ေရာ္နယ္ဒိုလို ကစားသမားကို ၾကည့္လိုက္။ သူရဲ႕ စိတ္ဓါတ္ပိုင္းက ထိပ္ဆံုးရဲ႕ ထိပ္ဆံုးမွာ ရွိေနတယ္။ အဲ့တာထက္ ပိုေကာင္းတာ မရွိေတာ့ဘူး။ က်ေနာ္က သူ႔လို ကစားသမားကို စံနမူနာ ယူပါတယ္။ သူမွာရွိတဲ့ ကိုယ္လံုးကိုယ္ေပါက္နဲ႔ သူ႔ဘာသာ ၾကိဳးစားပ်ိဳးေထာင္မႈေတြေပါ့။

အရင္ႏွစ္ရက္ကပဲ သူ႔ပံုေတြကို ျမင္ထားတယ္။ ဖတ္ထားတယ္။ ကြင္းျပင္ပမွာ သူၾကိဳးစားတဲ့ လူေနမႈဘဝ ျခားနားျခင္းေတြကို ျပန္ျပီး ေလ့လာသင္ယူထားပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။

ယူႏုိက္တက္ရဲ႕ ကြင္းလယ္လူဟာ ေဘာလံုးပြဲေတြ ျပန္စတင္ရင္ ဖာနန္ဒက္စ္၊ ေပါ့ဘာတို႔နဲ႔ တြဲဘက္ျပီး ကစားခြင္ရမွာျဖစ္ကာ သူတို႔ သံုးဦးရွိတဲ့ ကြင္းလယ္ဟာ ပရီးမီးယားလိဂ္ အေကာင္းဆံုး ကြင္းလယ္ေတြထဲ ပါဝင္ေနမွာ ျဖစ္ပါတယ္။