နွေဈေးကွက်ရဲ့ အောင်နိုင်သူက ချယ်ဆီးဖြစ်သွားလိမ့်မယ်လို့ ဟောကိန်းထုတ်တဲ့ ကာရေဂါ

UNICODE – ပရီးမီးယားလိဂ် ခံစစ်သမားဟောင်း ကာရေဂါက ကိုရိုနာကပ်ဘေးအတွင်း နွေဈေးကွက်ကို ဝင်ရောက်မှုမှာ ချယ်ဆီးက အားသာချက်တွေ ပိုင်ဆိုင်ထားတယ်လို့ သုံးသပ်သွားပါတယ်။

မနှစ်က နွေအပြောင်းအရွှေ့ကို ဝင်ရောက်ခွင့် ပိတ်ခံထားရတဲ့ ချယ်ဆီးဟာ ငွေသား သန်းရာနဲ့ချီ အသုံးစရိတ် ရှိနေတာပါ။ ဒီနွေမှာ ကလပ်တွေက ဈေးကွက်ထဲ ဝင်ဖို့ တွန့်ဆုတ်နေခြင်းကြောင့် ချယ်ဆီးဟာ လိုချင်တဲ့ ကစားသမားကို ရွေးခေါ်ခွင့် ရနေခဲ့ပြီး လီဗာပူးနဲ့ သတင်းကြီးထားတဲ့ ဝါနာကိုတောင် ကြားဖြတ်ခေါ်ယူဖို့ အသာရထားခဲ့တာဖြစ်တယ်။

ကာရေဂါက ပြောရာမှာ ” အသင်းတိုင်းက ဒီနွေမှာ ဘဏ္ဍာရေးဆိုင်ရာ ထိခိုက်မှုတွေ ခံရမှာဖြစ်လို့ နွေဈေးကွက်ထဲ ဝင်ရောက်မှုအပေါ် သက်ရောက်မှု ရှိလာပါလိမ့်မယ်။ ဒီအခြေအနေမှာ ခေါ်ယူမှုကြီး အနည်းငယ်တော့ မြင်ထားရပြီး အသင်း အနည်းငယ်ကပဲ လုပ်ထားနိုင်တာပါ။

ကစားသမား အများအပြားကို ခေါ်ယူဖို့ အလှုပ်ရှားဆုံးက ချယ်ဆီးအသင်း ဖြစ်ပါတယ်။ သူတို့က မနှစ်ကနွေမှာ ဝင်ရောက်ခွင့် ပိတ်ခံထားရပြီး ဟာဇက်နဲ့ မိုရာတာတို့ကို ရောင်းထုတ်ထားတဲ့ ငွေကြေးတွေ အခုချိန်ထိ လက်ထဲမှာ ကိုင်ထားဆဲဖြစ်ပါတယ်။

ချယ်ဆီးက ဒီရာသီမှာတော့ မှန်ကန်စွာ အသုံးချသွားမှာဖြစ်ပါတယ်။ လီဗာပူးအသင်းက ဒီနွေမှာ အသုံးစရိတ်ကြီးတွေ မထုတ်ဖူးဆိုရင် ချယ်ဆီးက အဲ့သည် အခွင့်အရေးကို အရယူသွားဖို့ လုပ်ဆောင်နေပါတယ် ” လို့ ဆိုလိုက်တာဖြစ်တယ်။

ချယ်ဆီးဟာ အေဂျက်ကနေ ဇီးယက်ကို ယူရို သန်း ၄၀ ဖြင့် ခေါ်ယူဖို့ သဘောတူညီမှု ရထားတယ်။ ဘွန်ဒက်လီဂါ အပြီးသတ်ပြီးခဲ့ရင် ဝါနာကို ခေါ်ယူဖို့ပါ အခွင့်အရေး ကောင်းနေပြီး ထပ်ပြီး ခေါ်ယူမယ့် ကစားသမားထဲမှာ ကိုင်းဟာဗက်၊ ဘမ် ချီဝဲလ်လို ကစားသမားတွေ ပါနေခဲ့တာကြောင့် လာမယ့်ရာသီမှာ အင်အား ပိုတောင့်တင်းလာဖို့ ရှိနေပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ ခံစစ္သမားေဟာင္း ကာေရဂါက ကိုရိုနာကပ္ေဘးအတြင္း ေႏြေစ်းကြက္ကို ဝင္ေရာက္မႈမွာ ခ်ယ္ဆီးက အားသာခ်က္ေတြ ပိုင္ဆိုင္ထားတယ္လို႔ သံုးသပ္သြားပါတယ္။

မႏွစ္က ေႏြအေျပာင္းအေရႊ႔ကို ဝင္ေရာက္ခြင့္ ပိတ္ခံထားရတဲ့ ခ်ယ္ဆီးဟာ ေငြသား သန္းရာနဲ႔ခ်ီ အသံုးစရိတ္ ရွိေနတာပါ။ ဒီေႏြမွာ ကလပ္ေတြက ေစ်းကြက္ထဲ ဝင္ဖို႔ တြန္႔ဆုတ္ေနျခင္းေၾကာင့္ ခ်ယ္ဆီးဟာ လိုခ်င္တဲ့ ကစားသမားကို ေရြးေခၚခြင့္ ရေနခဲ့ျပီး လီဗာပူးနဲ႔ သတင္းၾကီးထားတဲ့ ဝါနာကိုေတာင္ ၾကားျဖတ္ေခၚယူဖို႔ အသာရထားခဲ့တာျဖစ္တယ္။

ကာေရဂါက ေျပာရာမွာ ” အသင္းတိုင္းက ဒီေႏြမွာ ဘ႑ာေရးဆိုင္ရာ ထိခိုက္မႈေတြ ခံရမွာျဖစ္လို႔ ေႏြေစ်းကြက္ထဲ ဝင္ေရာက္မႈအေပၚ သက္ေရာက္မႈ ရွိလာပါလိမ့္မယ္။ ဒီအေျခအေနမွာ ေခၚယူမႈၾကီး အနည္းငယ္ေတာ့ ျမင္ထားရျပီး အသင္း အနည္းငယ္ကပဲ လုပ္ထားႏုိင္တာပါ။

ကစားသမား အမ်ားအျပားကို ေခၚယူဖို႔ အလႈပ္ရွားဆံုးက ခ်ယ္ဆီးအသင္း ျဖစ္ပါတယ္။ သူတို႔က မႏွစ္ကေႏြမွာ ဝင္ေရာက္ခြင့္ ပိတ္ခံထားရျပီး ဟာဇက္နဲ႔ မိုရာတာတို႔ကို ေရာင္းထုတ္ထားတဲ့ ေငြေၾကးေတြ အခုခ်ိန္ထိ လက္ထဲမွာ ကိုင္ထားဆဲျဖစ္ပါတယ္။

ခ်ယ္ဆီးက ဒီရာသီမွာေတာ့ မွန္ကန္စြာ အသံုးခ်သြားမွာျဖစ္ပါတယ္။ လီဗာပူးအသင္းက ဒီေႏြမွာ အသံုးစရိတ္ၾကီးေတြ မထုတ္ဖူးဆိုရင္ ခ်ယ္ဆီးက အဲ့သည္ အခြင့္အေရးကို အရယူသြားဖို႔ လုပ္ေဆာင္ေနပါတယ္ ” လို႔ ဆိုလိုက္တာျဖစ္တယ္။

ခ်ယ္ဆီးဟာ ေအဂ်က္ကေန ဇီးယက္ကို ယူရို သန္း ၄၀ ျဖင့္ ေခၚယူဖို႔ သေဘာတူညီမႈ ရထားတယ္။ ဘြန္ဒက္လီဂါ အျပီးသတ္ျပီးခဲ့ရင္ ဝါနာကို ေခၚယူဖို႔ပါ အခြင့္အေရး ေကာင္းေနျပီး ထပ္ျပီး ေခၚယူမယ့္ ကစားသမားထဲမွာ ကိုင္းဟာဗက္၊ ဘမ္ ခ်ီဝဲလ္လို ကစားသမားေတြ ပါေနခဲ့တာေၾကာင့္ လာမယ့္ရာသီမွာ အင္အား ပိုေတာင့္တင္းလာဖို႔ ရွိေနပါတယ္။