သူ့ရဲ့မူပိုင် ပင်နယ်တီကို ရော်နယ်ဒိုကို ပေးကန်ရခြင်း အကြောင်းရင်း ဖာနန်ဒက်စ် ပြော

ယူနိုက်တက်က အာဆင်နယ်ကို ၃-၂ ဖြင့် အနိုင်ရတဲ့ပွဲမှာ ရော်နယ်ဒိုဟာ သွင်းဂိုး ၂ ဂိုး ရယူပြီး ကစားသမားဘဝ မှတ်တမ်းကောင်းတစ်ခုကိုလည်း ရေးထိုးခဲ့ပါတယ်။

ရက်ဖိုဒ့်ရဲ့ ပေးမှုကနေ သူ့ရဲ့ ပိတ်သွင်းမှုဟာ စီရော်နယ်ဒိုရဲ့ စီနီယာကစားသမားဘဝ သွင်းဂိုး ၈၀၀ မြောက်ဖြစ်ပါတယ်။ သူ့ရဲ့ ဒုတိယမြောက် သွင်းဂိုးကတော့ ပင်နယ်တီကနေ အဆုံးသတ်ခဲ့ခြင်းဖြစ်ပါတယ်။

အာဆင်နယ်ပွဲမှာ ရခဲ့တဲ့ ပင်နယ်တီကို ပုံမှန်အားဖြင့် ဖာနန်ဒက်စ်က တာဝန်ယူရတာဖြစ်ပေမယ့် ဒီတစ်ကြိမ်မှာတော့ ရော်နယ်ဒိုက ကန်သွင်းခွင့်ရခဲ့ပြီး ပွဲရဲ့ အနိုင်ဂိုးအဖြစ် အဆုံးသတ်ခဲ့တာပါ။ ယူနိုက်တက်ကို အနိုင်ရစေခဲ့တဲ့ အဆိုပါ ပင်နယ်တီ သွင်းဂိုးဟာ ရော်နယ်ဒိုရဲ့ သွင်းဂိုး ၈၀၁ ဂိုးမြောက်အဖြစ် မှတ်တမ်းဝင်သွားခဲ့တာပါ။

ဖာနန်ဒက်စ်ကပဲ ” ကျနေ်ာတို့ ပင်နယ်တီကိစ္စ ဆွေးနွေးထားတာ မရှိပါဘူး။ ပြီးခဲ့တဲ့ တစ်ကြိမ် ကျနော် လွဲထားပါတယ်။ ကျနော်က ကိုယ်ဘာသာ ယုံသလောက်ကို ပင်နယ်တီနဲ့ ပတ်သက်လာရင် ရော်နယ်ဒိုကို ယုံပါတယ်။ အရင်တစ်ကြိမ် ကျနော် လွဲထားလို့ ဒီတစ်ကြိမ် ရော်နယ်ဒို ကန်သွင်းခဲ့တာပါ။ ပင်နယ်တီကို ဘယ်သူ ကန်တယ်ဆိုတာက အရေးမကြီးပါဘူး ” ကပဲ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

အသက်ရွယ် ရနေတဲ့ ရော်နယ်ဒိုဟာ pressing မကစားနိုင်တာကြောင့် ရန်းနစ် အသင်းမှာ နေရာ ရနိုင်ပါ့မလား ပြောဆိုမှုတွေ ရှိနေပေမယ့် ပေါ်တူဂီသား ညက ပြသွားတဲ့ ခြေစွမ်းဟာ ပရီးမီးယားလိဂ်မှာ ဒုက္ခပေးနိုင်ဆဲဆိုတာ သက်သေပြခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္က အာဆင္နယ္ကို ၃-၂ ျဖင့္ အႏုိင္ရတဲ့ပြဲမွာ ေရာ္နယ္ဒိုဟာ သြင္းဂိုး ၂ ဂိုး ရယူျပီး ကစားသမားဘဝ မွတ္တမ္းေကာင္းတစ္ခုကိုလည္း ေရးထိုးခဲ့ပါတယ္။

ရက္ဖိုဒ့္ရဲ႕ ေပးမႈကေန သူ႔ရဲ႕ ပိတ္သြင္းမႈဟာ စီေရာ္နယ္ဒိုရဲ႕ စီနီယာကစားသမားဘဝ သြင္းဂိုး ၈၀၀ ေျမာက္ျဖစ္ပါတယ္။ သူ႔ရဲ႕ ဒုတိယေျမာက္ သြင္းဂိုးကေတာ့ ပင္နယ္တီကေန အဆံုးသတ္ခဲ့ျခင္းျဖစ္ပါတယ္။

အာဆင္နယ္ပြဲမွာ ရခဲ့တ့ဲ ပင္နယ္တီကို ပံုမွန္အားျဖင့္ ဖာနန္ဒက္စ္က တာဝန္ယူရတာျဖစ္ေပမယ့္ ဒီတစ္ၾကိမ္မွာေတာ့ ေရာ္နယ္ဒိုက ကန္သြင္းခြင့္ရခဲ့ျပီး ပြဲရဲ႕ အႏုိင္ဂိုးအျဖစ္ အဆံုးသတ္ခဲ့တာပါ။ ယူႏုိက္တက္ကို အႏုိင္ရေစခဲ့တဲ့ အဆိုပါ ပင္နယ္တီ သြင္းဂိုးဟာ ေရာ္နယ္ဒိုရဲ႕ သြင္းဂိုး ၈၀၁ ဂိုးေျမာက္အျဖစ္ မွတ္တမ္းဝင္သြားခဲ့တာပါ။

ဖာနန္ဒက္စ္ကပဲ ” က်ေန္ာတို႔ ပင္နယ္တီကိစၥ ေဆြးေႏြးထားတာ မရွိပါဘူး။ ျပီးခဲ့တဲ့ တစ္ၾကိမ္ က်ေနာ္ လြဲထားပါတယ္။ က်ေနာ္က ကိုယ္ဘာသာ ယံုသေလာက္ကို ပင္နယ္တီနဲ႔ ပတ္သက္လာရင္ ေရာ္နယ္ဒိုကို ယံုပါတယ္။ အရင္တစ္ၾကိမ္ က်ေနာ္ လြဲထားလို႔ ဒီတစ္ၾကိမ္ ေရာ္နယ္ဒို ကန္သြင္းခဲ့တာပါ။ ပင္နယ္တီကို ဘယ္သူ ကန္တယ္ဆိုတာက အေရးမၾကီးပါဘူး ” ကပဲ ေျပာဆိုသြားခဲ့တာ ျဖစ္ပါတယ္။

အသက္ရြယ္ ရေနတဲ့ ေရာ္နယ္ဒိုဟာ pressing မကစားနိုင္တာေၾကာင့္ ရန္းနစ္ အသင္းမွာ ေနရာ ရနိုင္ပါ့မလား ေျပာဆိုမႈေတြ ရွိေနေပမယ့္ ေပၚတူဂီသား ညက ျပသြားတဲ့ ေျခစြမ္းဟာ ပရီးမီးယားလိဂ္မွာ ဒုကၡေပးႏုိင္ဆဲဆိုတာ သက္ေသျပခဲ့ျခင္းပဲ ျဖစ္ပါတယ္။