လီဗာပူးနဲ့ မန်စီးတီးအသင်းတို့ဟာ လိုင်လီကွင်းလယ်သမား ရီနာတို ဆန်းချက်စ်ကို ကြိုးစားနေတဲ့ အသင်းတွေထဲမှာ ပါဝင်ကြောင်း ပြင်သစ်သတင်းတွေက ဆိုပါတယ်။ အသက် ၂၄ နှစ် အရွယ် ကစားသမားကို နယူးကာဆယ်၊ ဘာစီလိုနာနဲ့ အေစီမီလန်တို့ကလည်း စိတ်ဝင်စားနေပြီး တရားဝင် ကမ်းလှမ်းမှုတွေကိုတော့ လိုင်လီက မရရှိသေးပါဘူး။
ယူနိုက်တက် နည်းပြသစ် ရန်းနစ်ဟာ မန်ချက်စတာသို့ ရောက်ရောက်ချင်းမှာပဲ လိုက်ပ်ဇစ်အသင်းမှ ပေါင် ၃၂ သန်းတန် ကွင်းလယ်ကစားသမား အမ်ဒူ ဟိုဒါရာ ကို လာမယ့် ဇန်နဝါရီမှာ ခေါ်ယူလိုနေပါတယ်။

ဘာစီလိုနာ ခံစစ်မှုး အမ်တီတီကို စီးရီးအေကလပ် အေစီမီလန်က ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ ဘာစီလိုနာက လစာစရိတ်တွေ လျှော့ချချင်နေတာကြောင့် ဇန်နဝါရီမှာတည်းက အမ်တီတီအတွက် ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားမှာ ဖြစ်ပါတယ်။
လိုက်ပ်ဇစ်အသင်းဟာ နည်းပြ ဂျေဆီ မာ့ချ်နဲ့ နှစ်ဘက် သဘောတူပဲ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပါတယ်။
အဲဗာတန်အသင်းဟာ ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ်ကို ပေါင် သန်း ၃ဝ ပြောင်းရွှေ့ကြေး ရမယ် ဆိုရင် ရောင်းချလိုနေကြောင်း သိရပါတယ်။ အသက် ၂၇ နှစ် အရွယ် အင်္ဂလန်သားကို စပါးက စိတ်ဝင်စားနေပြီး ဇန်နဝါရီမှာ ညှိနှိုင်းလာဖွယ် ရှိပါတယ်။

ပီအက်စ်ဂျီ တိုက်စစ်မှုး အိုင်ကာဒီ ကို ပရီးမီးယားလိဂ်မှ လန်ဒန်ကလပ်တွေ ဖြစ်တဲ့ ချယ်ဆီးနဲ့ အာဆင်နယ်တို့ အပြိုင် စိတ်ဝင်စား စောင့်ကြည့်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဘာစီလိုနာ ရောင်းထုတ်ချင်နေတဲ့ ကော်တင်ညို ထက် ကွင်းလယ်သမား ဒီဂျောင်ကို ခေါ်ယူလိုနေပါတယ်။ ဒီဂျောင်ကို ရဖို့ ဘာစီလိုနာ အလိုရှိနေတဲ့ တိုက်စစ်မှုး ကာဗာနီကို အလိုက်ပေး ညှိနှိုင်းဖို့လည်း ကြံရွယ်နေပါတယ်။
