စပါးနဲ့ ပွဲမှာ ပေါ့ဘာကို သုံး၊ မသုံး ဆုံးဖြတ်ချက်ချပြီး ဖြစ်တဲ့ ယူနိုက်တက်နည်းပြ ဆိုးရှား

မန်ချက်စတာ ယူနိုက်တက်ဟာ သောကြာနေ့ညမှာတော့ ပရီးမီးယားလိဂ် ပွဲ အဖြစ် စပါးအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရတော့မှာ ဖြစ်ပါတယ်။ သုံးလလောက် ပွဲတွေ ရပ်နားထားရာကနေ ပြန်လည် စတင်မှာ ဖြစ်လို့ ကလပ်အသင်းတွေကတော့ တာထွက်ကောင်းဖို့ အသေအချာ ပြင်ဆင်နေကြပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အရေးပါမယ့် စပါးနဲ့ ပွဲမှာ ပေါ့ဘာကို ပွဲထွက် မကစားစေဖို့ ဆုံးဖြတ် ရည်ရွယ်ထားကြောင်း သိရပါတယ်။

ပြင်သစ်သားဟာ ဒဏ်ရာကြောင့် ပွဲမကစားတာလည်း အတော်ကို ကြာပြီ ဖြစ်လို့ ရုတ်ချည်း အရေးကြီး ပွဲစဉ်မှာ ပွဲထွက် ကစားစေဖို့ ဆိုးရှားက တွန့်ဆုတ်နေပါတယ်။

ပေါ့ဘာ နောက်ဆုံး ပါဝင်ကစားထားတာက လွန်ခဲ့တဲ့ ၆ လနီးပါးလောက်က ဘောက်ဆင်ဒေး ပွဲစဉ်မှာ ဖြစ်ပြီး ဒီရာသီ တစ်လျှောက်လုံး မှာလည်း ဒဏ်ရာနဲ့ ရုန်းကန်နေရတာကြောင့် အသင်းအတွက် ပြိုင်ပွဲစုံ ၈ ပွဲသာ ပါဝင်ကစားထားရပါတယ်။

အခုအချိန်မှာ ပြင်သစ်သားက ဒဏ်ရာ ကင်းစင် ကြံ့ခိုင်မှု ပြည့်ဝနေပြီ ဖြစ်သော်လည်း အသင်းမှာ ပွဲကစားရဖို့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်း ရဖွယ် ရှိပါတယ်။ The Athletic အဆို အရတော့ စပါးနဲ့ ပွဲမှာ ပရိသတ်တွေ မျှော်လင့်နေတဲ့ ပေါ့ဘာ ဖာနန်ဒက်စ် ကွင်းလယ် အတွဲကို မြင်ရဦးမှာ မဟုတ်ဘဲ ပေါ့ဘာကို အရန်ကနေတော့ ခေါ်လာဖွယ် ရှိကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ လာမယ့် ပွဲစဉ်တွေ အတွက် ပေါ့ဘာ မပါဝင်ဘဲ ကစားနိုင်ဖို့လည်း လေ့ကျင့်ရေးမှာ ထည့်သွင်း ပြင်ဆင်ထားပြီး ၎င်း မပါဝင်တာက အသင်း ပေါက်ကွဲအားကို မထိခိုက်စေဖို့လည်း မျှော်လင့်ထားပါတယ်။ ယူနိုက်တက်ဟာ ပြင်သစ်သား မပါဝင်နိုင်စဉ် ဘောလုံးပွဲတွေ မနားခင်ကလည်း ၁၁ ပွဲ ဆက် ရှုံးပွဲ မရှိဘဲ ပုံစံကောင်းရအောင် ကစားပြထားပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ေသာၾကာေန႔ညမွာေတာ့ ပရီးမီးယားလိဂ္ ပြဲ အျဖစ္ စပါးအသင္းကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ ကစားရေတာ့မွာ ျဖစ္ပါတယ္။ သံုးလေလာက္ ပြဲေတြ ရပ္နားထားရာကေန ျပန္လည္ စတင္မွာ ျဖစ္လို႔ ကလပ္အသင္းေတြကေတာ့ တာထြက္ေကာင္းဖို႔ အေသအခ်ာ ျပင္ဆင္ေနၾကပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားကေတာ့ ခ်န္ပီယံလိဂ္ ၀င္ခြင့္အတြက္ အေရးပါမယ့္ စပါးနဲ႕ ပြဲမွာ ေပါ့ဘာကို ပြဲထြက္ မကစားေစဖို႔ ဆံုးျဖတ္ ရည္ရြယ္ထားေၾကာင္း သိရပါတယ္။

ျပင္သစ္သားဟာ ဒဏ္ရာေၾကာင့္ ပြဲမကစားတာလည္း အေတာ္ကို ၾကာျပီ ျဖစ္လို႔ ရုတ္ခ်ည္း အေရးၾကီး ပြဲစဥ္မွာ ပြဲထြက္ ကစားေစဖို႔ ဆိုးရွားက တြန္႔ဆုတ္ေနပါတယ္။

ေပါ့ဘာ ေနာက္ဆံုး ပါ၀င္ကစားထားတာက လြန္ခဲ့တဲ့ ၆ လနီးပါးေလာက္က ေဘာက္ဆင္ေဒး ပြဲစဥ္မွာ ျဖစ္ျပီး ဒီရာသီ တစ္ေလွ်ာက္လံုး မွာလည္း ဒဏ္ရာနဲ႕ ရုန္းကန္ေနရတာေၾကာင့္ အသင္းအတြက္ ျပိဳင္ပြဲစံု ၈ ပြဲသာ ပါ၀င္ကစားထားရပါတယ္။

အခုအခ်ိန္မွာ ျပင္သစ္သားက ဒဏ္ရာ ကင္းစင္ ၾကံ႕ခိုင္မႈ ျပည့္၀ေနျပီ ျဖစ္ေသာ္လည္း အသင္းမွာ ပြဲကစားရဖို႔ စိတ္ရွည္ရွည္နဲ႕ ေစာင့္ဆိုင္း ရဖြယ္ ရွိပါတယ္။ The Athletic အဆို အရေတာ့ စပါးနဲ႕ ပြဲမွာ ပရိသတ္ေတြ ေမွ်ာ္လင့္ေနတဲ့ ေပါ့ဘာ ဖာနန္ဒက္စ္ ကြင္းလယ္ အတြဲကို ျမင္ရဦးမွာ မဟုတ္ဘဲ ေပါ့ဘာကို အရန္ကေနေတာ့ ေခၚလာဖြယ္ ရွိေၾကာင္း သိရပါတယ္။

ယူနိုက္တက္ဟာ လာမယ့္ ပြဲစဥ္ေတြ အတြက္ ေပါ့ဘာ မပါ၀င္ဘဲ ကစားနိုင္ဖို႔လည္း ေလ့က်င့္ေရးမွာ ထည့္သြင္း ျပင္ဆင္ထားျပီး ၄င္း မပါ၀င္တာက အသင္း ေပါက္ကြဲအားကို မထိခိုက္ေစဖို႔လည္း ေမွ်ာ္လင့္ထားပါတယ္။ ယူနိုက္တက္ဟာ ျပင္သစ္သား မပါ၀င္နုိင္စဥ္ ေဘာလံုးပြဲေတြ မနားခင္ကလည္း ၁၁ ပြဲ ဆက္ ရွံဳးပြဲ မရွိဘဲ ပံုစံေကာင္းရေအာင္ ကစားျပထားပါတယ္။