ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (15/06/20)

လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်က တွဲကစားဖူးတဲ့ထဲ အကောင်းဆုံး အသင်းဖော်တွေကို ရွေးချယ်လိုက်ရာ အင်္ဂလန်အသင်းမှာ အတူ ကစားဖူးတဲ့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဝိန်း ရွန်းနီကိုပါ ထည့်သွင်းခဲ့ပါတယ်။

ယူနိုက်တက် ကွင်းလယ် ကစားသမား တော်မီနေးဟာ ပြေးနှုန်းလည်း ကောင်းသလို ကြံ့ခိုင်မှု ရုပ်ပိုင်းဆိုင်ရာမှာလည်း စီ ရော်နယ်ဒို နဲ့ နှိုှုင်းယှဉ်ရလောက်အောင် အတော်လေး ကောင်းမွန်နေကြောင်း မန်ချက်စတာအခြေစိုက် သတင်းဌာနတွေက ချီးကျူးဖော်ပြခဲ့ပါတယ်။

တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ ငယ်စဉ်က Single Mother မိခင်နဲ့ အတူ မိသားစု အကြပ်အတည်းတွေကြောင့် မှန်းထားတာထက် စောပြီး ငယ်ငယ်မှာပဲ ယူနိုက်တက်ဆီ ရောက်ရှိဖြစ်ကြောင်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။

ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ကစားသမား ဖြစ်ပေမယ့် အင်္ဂလန် တိုက်စစ် ကြယ်ပွင့် ဂျေဒန် ဆန်ချိုဟာ ဒီနွေမှာ စိတ်ရှည်ရှည်ထားပြီး ဒေါ့မွန်မှာပဲ ဆက်နေသင့်ကြောင်း ယူနိုက်တက် ကစားသမားဟောင်း ဖီးနဗီးလ်က တိုက်တွန်းလိုက်ပါတယ်။

ပရီးမီးယားလိဂ် ပွဲတွေ ပြန်စတင်ရင် ပွဲဦးထွက် ရင်ဆိုင်ရမယ့် စပါးနဲ့ ပွဲမှာ ကွင်းလယ်ကစားသမား ပေါ့ဘာကို ပွဲထွက်စာရင်းကနေ ချန်လှပ်ထားဖို့ နည်းပြ ဆိုးရှားက ကြံရွယ်နေပါတယ်။ ပေါ့ဘာဟာ ပွဲ မကစားဖြစ်တာ ၆ လ လောက် ကြာမြင့်နေပြီ ဖြစ်ပါတယ်။

ယူနိုက်တက် အကြီးအကဲတွေနဲ့ ဘုတ်အဖွဲ့ဝင်တွေ ရောင်းထုတ်စေလိုနေတဲ့ တိုက်စစ်သမား ဆန်းချက်ကို နည်းပြ ဆိုးရှားကတော့ လာမယ့် ဘောလုံးရာသီ မန်ချက်စတာကလပ်မှာ ဆက်လက် အခွင့်အရေး ပေးလိုတာကြောင့် ကစားသမားကို လစာလျှော့ယူဖို့ ညှိနှိုင်းနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ရှက်ဖီးယူနိုက်တက် အသင်း တာဝန်ရှိသူတွေဟာ ဂိုးသမား ဒင်းဟန်ဒါဆန်ကို တတိယမြောက် ဘောလုံးရာသီ ရှက်ဖီးမှာ ဆက် အငှားစေလွှတ်ဖို့ အတွက် ဆွေးနွေးနေပါတယ်။

Zawgyi – လီဗာပူးအသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္က တြဲကစားဖူးတဲ့ထဲ အေကာင္းဆံုး အသင္းေဖာ္ေတြကို ေရြးခ်ယ္လိုက္ရာ အဂၤလန္အသင္းမွာ အတူ ကစားဖူးတဲ့ ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း ၀ိန္း ရြန္းနီကိုပါ ထည့္သြင္းခဲ့ပါတယ္။

ယူနိုက္တက္ ကြင္းလယ္ ကစားသမား ေတာ္မီေနးဟာ ေျပးႏႈန္းလည္း ေကာင္းသလို ၾကံ႕ခိုင္မႈ ရုပ္ပိုင္းဆိုင္ရာမွာလည္း စီ ေရာ္နယ္ဒို နဲ႕ နိႈႈင္းယွဥ္ရေလာက္ေအာင္ အေတာ္ေလး ေကာင္းမြန္ေနေၾကာင္း မန္ခ်က္စတာအေျခစိုက္ သတင္းဌာနေတြက ခ်ီးက်ဴးေဖာ္ျပခဲ့ပါတယ္။

တိုက္စစ္မွဴး ရက္ဖို႔ဒ္ဟာ ငယ္စဥ္က Single Mother မိခင္နဲ႕ အတူ မိသားစု အၾကပ္အတည္းေတြေၾကာင့္ မွန္းထားတာထက္ ေစာျပီး ငယ္ငယ္မွာပဲ ယူနိုက္တက္ဆီ ေရာက္ရွိျဖစ္ေၾကာင္း ဖြင့္ဟေျပာဆိုလိုက္ပါတယ္။

ယူနိုက္တက္ ပစ္မွတ္ထားေနတဲ့ ကစားသမား ျဖစ္ေပမယ့္ အဂၤလန္ တိုက္စစ္ ၾကယ္ပြင့္ ေဂ်ဒန္ ဆန္ခ်ိဳဟာ ဒီေႏြမွာ စိတ္ရွည္ရွည္ထားျပီး ေဒါ့မြန္မွာပဲ ဆက္ေနသင့္ေၾကာင္း ယူနိုက္တက္ ကစားသမားေဟာင္း ဖီးနဗီးလ္က တိုက္တြန္းလိုက္ပါတယ္။

ပရီးမီးယားလိဂ္ ပြဲေတြ ျပန္စတင္ရင္ ပြဲဦးထြက္ ရင္ဆိုင္ရမယ့္ စပါးနဲ႕ ပြဲမွာ ကြင္းလယ္ကစားသမား ေပါ့ဘာကို ပြဲထြက္စာရင္းကေန ခ်န္လွပ္ထားဖို႔ နည္းျပ ဆိုးရွားက ၾကံရြယ္ေနပါတယ္။ ေပါ့ဘာဟာ ပြဲ မကစားျဖစ္တာ ၆ လ ေလာက္ ၾကာျမင့္ေနျပီ ျဖစ္ပါတယ္။

ယူနိုက္တက္ အၾကီးအကဲေတြနဲ႕ ဘုတ္အဖြဲ႔၀င္ေတြ ေရာင္းထုတ္ေစလိုေနတဲ့ တိုက္စစ္သမား ဆန္းခ်က္ကို နည္းျပ ဆိုးရွားကေတာ့ လာမယ့္ ေဘာလံုးရာသီ မန္ခ်က္စတာကလပ္မွာ ဆက္လက္ အခြင့္အေရး ေပးလိုတာေၾကာင့္ ကစားသမားကို လစာေလွ်ာ့ယူဖို႔ ညွိနိႈင္းေနပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ရွက္ဖီးယူနိုက္တက္ အသင္း တာ၀န္ရွိသူေတြဟာ ဂိုးသမား ဒင္းဟန္ဒါဆန္ကို တတိယေျမာက္ ေဘာလံုးရာသီ ရွက္ဖီးမွာ ဆက္ အငွားေစလႊတ္ဖို႔ အတြက္ ေဆြးေႏြးေနပါတယ္။