ရီးရဲလ်မက်ဒရစ်ဟာ ၎င်းတို့အသင်းမှာ နေရာမရဖြစ်နေတဲ့ တိုက်စစ်သမား ဟာဇက်အတွက် ဝက်ဟမ်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်တယ်လို့ စပိန်သတင်းတွေကို ကိုးကားပြီး Goal သတင်းဌာနက ဖော်ပြသွားပါတယ်။
ဝက်ဟမ်းဘက်က ယူရို ၂၅ သန်းဖြင့် ကမ်းလှမ်းခဲ့တာဖြစ်ကာ ရီးရဲလ်ကတော့ အဆိုပါ ပြောင်းရွှေ့ကြေးဖြင့် ရောင်းထုတ်ပေးမှာ မဟုတ်ပါဘူး။ ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်က အသင်းကို ရောက်လာပြီးတည်းက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ ဘယ်ဂျီယံသားအတွက် သင့်လျော်တဲ့ ကမ်းလှမ်းမှုဆိုရင် နားထောင်ပေးမှာပါ။
ဝက်ဟမ်းရဲ့ ကနဦး ကမ်းလှမ်းမှုကိုတော့ သဘောကျခြင်း မရှိဘဲ ၂၀၁၉ တုန်းက ယူရို သန်း ၁၀၀ ပေးပြီး ခေါ်ယူခဲ့ရတဲ့ ဟာဇက်အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ ထိ ပေးရမယ်လို့ ဝက်ဟမ်းကို အကြောင်းပြန်ခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ် အသင်းကလည်း ဟာဇက်ကို ခေါ်ယူလိုပေမယ့် တန်းဆင်းဇုန်နား ကပ်နေတဲ့ ကလပ်ထံ ပြောင်းဖို့ကို ဟာဇက်က လုံးဝ စိတ်မဝင်စားပါဘူး။ သူဟာ ရီးရဲလ်မက်ဒရစ်မန်နေဂျာ အန်ဆယ်လော့တီရဲ့ မျက်နှာသာပေးခြင်း လျော့နည်းနေတာကြောင့် မကြာခင်မှာ အသင်းပြောင်းဖို့ စဉ်းစားတော့မှာဖြစ်တယ်။
ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် ၁၂ ပွဲ ကစားပေးထားတဲ့ ဟာဇက်ဟာ ပြိုင်ပွဲစုံမှာ ဂိုးမရသေးဘဲ သွင်းဂိုး ထောက်ပံ့မှု ၁ ကြိမ်ပဲ လုပ်ထားနိုင်တာ ဖြစ်ပါတယ်။

ZAWGYI – ရီးရဲလ္မက္ဒရစ္ဟာ ၄င္းတို႔အသင္းမွာ ေနရာမရျဖစ္ေနတဲ့ တိုက္စစ္သမား ဟာဇက္အတြက္ ဝက္ဟမ္းရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္လုိက္တယ္လို႔ စပိန္သတင္းေတြကို ကိုးကားျပီး Goal သတင္းဌာနက ေဖာ္ျပသြားပါတယ္။
ဝက္ဟမ္းဘက္က ယူရို ၂၅ သန္းျဖင့္ ကမ္းလွမ္းခဲ့တာျဖစ္ကာ ရီးရဲလ္ကေတာ့ အဆိုပါ ေျပာင္းေရႊ႔ေၾကးျဖင့္ ေရာင္းထုတ္ေပးမွာ မဟုတ္ပါဘူး။ ရီးရဲလ္ဥကၠ႒ ပီရက္ဇ္က အသင္းကို ေရာက္လာျပီးတည္းက ဒဏ္ရာျပႆနာေတြနဲ႔ ရုန္းကန္ေနရတဲ့ ဘယ္ဂ်ီယံသားအတြက္ သင့္ေလ်ာ္တဲ့ ကမ္းလွမ္းမႈဆိုရင္ နားေထာင္ေပးမွာပါ။
ဝက္ဟမ္းရဲ႕ ကနဦး ကမ္းလွမ္းမႈကိုေတာ့ သေဘာက်ျခင္း မရွိဘဲ ၂၀၁၉ တုန္းက ယူရို သန္း ၁၀၀ ေပးျပီး ေခၚယူခဲ့ရတဲ့ ဟာဇက္အတြက္ ေျပာင္းေရႊ႔ေၾကး ယူရို သန္း ၅၀ ထိ ေပးရမယ္လို႔ ဝက္ဟမ္းကို အေၾကာင္းျပန္ခဲ့တာျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ကလပ္ နယူးကာဆယ္ အသင္းကလည္း ဟာဇက္ကို ေခၚယူလိုေပမယ့္ တန္းဆင္းဇုန္နား ကပ္ေနတဲ့ ကလပ္ထံ ေျပာင္းဖို႔ကို ဟာဇက္က လံုးဝ စိတ္မဝင္စားပါဘူး။ သူဟာ ရီးရဲလ္မက္ဒရစ္မန္ေနဂ်ာ အန္ဆယ္ေလာ့တီရဲ႕ မ်က္ႏွာသာေပးျခင္း ေလ်ာ့နည္းေနတာေၾကာင့္ မၾကာခင္မွာ အသင္းေျပာင္းဖို႔ စဥ္းစားေတာ့မွာျဖစ္တယ္။
ဒီရာသီမွာ ရီးရဲလ္မက္ဒရစ္အတြက္ ၁၂ ပြဲ ကစားေပးထားတဲ့ ဟာဇက္ဟာ ျပိဳင္ပြဲစံုမွာ ဂိုးမရေသးဘဲ သြင္းဂိုး ေထာက္ပံ့မႈ ၁ ၾကိမ္ပဲ လုပ္ထားႏုိင္တာ ျဖစ္ပါတယ္။
