ချယ်ဆီးရဲ့ ကြယ်ပွင့်က ပျောက်နေခြင်းထက် အစွမ်းကုန် လင်းလက်ဖို့ အရှိန်ယူနေခြင်းသာဖြစ်

UNICODE – ချယ်ဆီးအသင်းက မျှော်လင့်ချက် ကြီးကြီးဖြင့် ခေါ်ယူထားတဲ့ လူငယ်စတား ပူလီဆစ်ဟာ ဒီကာလတွေမှာ ပွဲထွက်လူစာရင်းကနေ ပျောက်ကွယ်နေခဲ့ပါတယ်။

ရာသီစက သြဂုတ်လ ၃၁ ရက်နေ့ကနေ အောက်တိုဘာလ ၂၆ ရက်အတွင်းမှာ နှစ်လနီးပါးလောက် ပူလီဆစ်ကို မမြင်ထားရဘူး။ နောက်ပိုင်း ကာလတွေမှာလည်း သူက ပွဲထွက် လူစာရင်းကနေ မကြာခဏ ပျောက်ကွယ်နေတဲ့ အနေအထားတွေ မြင်ထားရတယ်။ တကယ်တော့ ဒါတွေက လမ်းပတ်ရဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။

မနှစ်တုန်းက ဒေါ့မွန်ကနေ ပေါင် ၅၇.၆ သန်းဖြင့် ခေါ်ယူထားတဲ့ အမေရိကန်သား တိုက်စစ်သမားကို ပရီးမီးယားလိဂ်မှာ အထိုင်ကျစေဖို့အတွက် လမ်းပတ်က အသေအချာ ပြင်ဆင်လိုပါတယ်။ ပူလီဆစ်ရဲ့ အတွင်းထဲမှာ တောက်လောင်နေတဲ့ လိုအင်ဆန္ဒနဲ့ အရည်အချင်းတွေအတွက် အချိန်ပေးဖို့ လိုအပ်မယ်လို့ လမ်းပတ်က ယုံကြည်ထားတယ်။

The Athletic သတင်းကို ချယ်ဆီးအတွင်းလူတစ်ဥိးက ဖြေဆိုပေးရာမှာ မန်နေဂျာလမ်းပတ်က ပူလီဆစ်လို ကစားသမားသစ်အတွက် နယ်မြေသစ်မှာ ကာကွယ်မှုတွေ ပေးဖို့ လိုအပ်တယ်လို့ ယူဆထားပါတယ်။ ရာသီကြိုမှာ CONCACAF Gold အပြီး အနားမယူဘဲ ချယ်ဆီးနဲ့ ပူးပေါင်းခဲ့တဲ့ ပူလီဆစ်ရဲ့ ပြင်းပြတဲ့ ဆန္ဒတွေကိုလည်း လမ်းပတ်က ခံစားမိထားတယ်။

အနာဂတ်အတွက် ရည်ရွယ်ပြီး ခေါ်ယူထားတဲ့ လူငယ်လေးကို ဖိအားတွေကြောင့် ငုပ်သွားမှာထက် သူ့ရဲ့ ပင်ကိုယ်သဘာဝအတိုင်း ထူးချွန်စေဖို့ကို လမ်းပတ်က ဆန္ဒရှိနေပါတယ်။ ဒီကြားထဲ ကံဆိုးမှုဖြစ်ခဲ့တာကတော့ တိုက်စစ်သမားဟာ ကြံ့ခိုင်မှုဆိုင်ရာ ပြဿနာ ပေါ်လာခဲ့တာဖြစ်ပြီး ဒဏ်ရာကြောင့် အနားယူနေခဲ့ရတာပါ။

မနေ့က ယှဉ်ပြိုင်ကစားတဲ့ ချယ်ဆီးနဲ့ ကျူပီအာပွဲမှာတော့ ပူလီဆစ်ဟာ ပါဝင်နိုင်ခဲ့တယ်။ သူက ရီးဒင်းကို ၁-၀ နဲ့ အနိုင်ရတဲ့ပွဲမှာလည်း ပါဝင်ကစားခွင့် ရခဲ့တယ်လို့ သိထားရတယ်။ ချယ်ဆီးရဲ့ မျှော်လင့်ချက် ကစားသမားလေးဟာ ကြံ့ခိုင်မှု ပုံမှန် အနေအထားမှာ ရှိနေပြီး ရာသီသိမ်းမယ့် ပွဲစဉ်တွေမှာ ကလပ်ရဲ့ အရေးပါသူတစ်ဦး အဖြစ် တောက်ပခွင့် ရလာဖို့ ရှိနေပါတယ်။

ZAWGYI – ခ်ယ္ဆီးအသင္းက ေမွ်ာ္လင့္ခ်က္ ၾကီးၾကီးျဖင့္ ေခၚယူထားတဲ့ လူငယ္စတား ပူလီဆစ္ဟာ ဒီကာလေတြမွာ ပြဲထြက္လူစာရင္းကေန ေပ်ာက္ကြယ္ေနခဲ့ပါတယ္။

ရာသီစက ၾသဂုတ္လ ၃၁ ရက္ေန႔ကေန ေအာက္တိုဘာလ ၂၆ ရက္အတြင္းမွာ ႏွစ္လနီးပါးေလာက္ ပူလီဆစ္ကို မျမင္ထားရဘူး။ ေနာက္ပိုင္း ကာလေတြမွာလည္း သူက ပြဲထြက္ လူစာရင္းကေန မၾကာခဏ ေပ်ာက္ကြယ္ေနတဲ့ အေနအထားေတြ ျမင္ထားရတယ္။ တကယ္ေတာ့ ဒါေတြက လမ္းပတ္ရဲ႕ အစီအစဥ္ပဲ ျဖစ္ပါတယ္။

မႏွစ္တုန္းက ေဒါ့မြန္ကေန ေပါင္ ၅၇.၆ သန္းျဖင့္ ေခၚယူထားတဲ့ အေမရိကန္သား တိုက္စစ္သမားကို ပရီးမီးယားလိဂ္မွာ အထိုင္က်ေစဖို႔အတြက္ လမး္ပတ္က အေသအခ်ာ ျပင္ဆင္လိုပါတယ္။ ပူလီဆစ္ရဲ႕ အတြင္းထဲမွာ ေတာက္ေလာင္ေနတဲ့ လိုအင္ဆႏၵနဲ႔ အရည္အခ်င္းေတြအတြက္ အခ်ိန္ေပးဖို႔ လိုအပ္မယ္လို႔ လမ္းပတ္က ယံုၾကည္ထားတယ္။

The Athletic သတင္းကို ခ်ယ္ဆီးအတြင္းလူတစ္ဥိးက ေျဖဆိုေပးရာမွာ မန္ေနဂ်ာလမ္းပတ္က ပူလီဆစ္လို ကစားသမားသစ္အတြက္ နယ္ေျမသစ္မွာ ကာကြယ္မႈေတြ ေပးဖို႔ လိုအပ္တယ္လို႔ ယူဆထားပါတယ္။ ရာသီၾကိဳမွာ CONCACAF Gold အျပီး အနားမယူဘဲ ခ်ယ္ဆီးနဲ႔ ပူးေပါင္းခဲ့တဲ့ ပူလီဆစ္ရဲ႕ ျပင္းျပတဲ့ ဆႏၵေတြကိုလည္း လမး္ပတ္က ခံစားမိထားတယ္။

အနာဂတ္အတြက္ ရည္ရြယ္ျပီး ေခၚယူထားတဲ့ လူငယ္ေလးကို ဖိအားေတြေၾကာင့္ ငုပ္သြားမွာထက္ သူ႔ရဲ႕ ပင္ကိုယ္သဘာဝအတိုင္း ထူးခၽြန္ေစဖို႔ကို လမ္းပတ္က ဆႏၵရွိေနပါတယ္။ ဒီၾကားထဲ ကံဆိုးမႈျဖစ္ခဲ့တာကေတာ့ တိုက္စစ္သမားဟာ ၾကံ႔ခိုင္မႈဆိုင္ရာ ျပႆနာ ေပၚလာခဲ့တာျဖစ္ျပီး ဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရတာပါ။

မေန႔က ယွဥ္ျပိဳင္ကစားတဲ့ ခ်ယ္ဆီးနဲ႔ က်ဴပီအာပြဲမွာေတာ့ ပူလီဆစ္ဟာ ပါဝင္ႏုိင္ခဲ့တယ္။ သူက ရီးဒင္းကို ၁-၀ နဲ႔ အႏုိင္ရတဲ့ပြဲမွာလည္း ပါဝင္ကစားခြင့္ ရခဲ့တယ္လို႔ သိထားရတယ္။ ခ်ယ္ဆီးရဲ႕ ေမွ်ာ္လင့္ခ်က္ ကစားသမားေလးဟာ ၾကံ႕ခိုင္မႈ ပံုမွန္ အေနအထားမွာ ရွိေနျပီး ရာသီသိမ္းမယ့္ ပြဲစဥ္ေတြမွာ ကလပ္ရဲ႕ အေရးပါသူတစ္ဦး အျဖစ္ ေတာက္ပခြင့္ ရလာဖို႔ ရွိေနပါတယ္။