အရှုံးပေးထွက်ရမယ့် စပါး၊ ဂျာအိုဖီးလစ်၊ နည်းပြလောကထဲ ဝင်လာတဲ့ မာရှေယာနိုတို့နဲ့ နေ့လည်ခင်း သတင်းများ

ရီးရဲလ်မက်ဒရစ် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်ဟာ ကလပ်ရဲ့ ရာစုနှစ်အတွင်း အကောင်းဆုံးခေါ်ယူမှုအဖြစ် ခရစ္စတီယာနို ရော်နယ်ဒို မရွေးချယ်ခဲ့ပဲ အံ့အားသင့်စရာကောင်းစွာ တိုနီခရူးစ်ကို ရွေးချယ်ခဲ့ပါတယ်။

ဥရောပနဲ့ အင်္ဂလန်အသင်းများစွာဟာ ယူနိုက်တက် လူငယ်ကြယ်ပွင့် အာမက် ဒီရယ်လိုကို ဇန်နဝါရီမှာ အငှားခေါ်ယူဖို့ အပြိုင်ကြိုးစားနေကြပါတယ်။

ပရီးမီးယားလိဂ် ကလပ်လေးခုက စိတ်ဝင်စားနေတဲ့ ဂျာအိုဖီးလစ်အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတစ်ခု ရမှသာ ထွက်သွားခွင့်ပေးမယ်လို့ အက်သလက်တီကို မက်ဒရစ်က သတိပေးထားပါတယ်။

ချယ်ဆီး နည်းပြ တူချယ်ဟာ ဗဟိုကွင်းလယ်ကို အင်အားဖြည့်တင်းဖို့အတွက် ရီးရဲလ်မက်ဒရစ်ထံကနေ ကာဆီမီရိုကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

ဘာစီလိုနာဟာ ချန်ပီယံလိဂ်ကနေ စောစောစီးစီး အရှက်တကွဲ ထွက်ခွာခဲ့ရပြီး ယူရိုပါလိဂ်ကို ဆင်း ကစားရတဲ့နောက် ကလပ်တာဝန်ရှိသူတွေက အရေးပေါ် အစည်းအဝေးတွေ လုပ်ခဲ့ရပါတယ်။

ဂျာဗီယာ မာရှေယာနိုဟာ အာဂျင်တီးနား ယူ ၂၀ အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့ပြီး နည်းပြလောကထဲ ပထမဆုံး ခြေတစ်လှမ်း လှမ်းခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ ရန်းနစ်က ပေါ့ဘာကို အသင်းမှာ ဆက်ထိန်းနိုင်အောင် ကြိုးစားဖို့ထက် အသင်းမှာ မနေချင်တဲ့ ဘယ်ကစားသမားကိုမှ ဆွဲမထားပါဘူးလို့ တုန့်ပြန်လိုက်ပါတယ်။

စပါးဟာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရမှုတွေကြောင့် ဖျက်ခဲ့ရတဲ့ ရန်းနက်စ်နဲ့ ယူရိုပါ ကွန်ဖရန့်စ်လိဂ်ပွဲကို ဒီဇင်ဘာအတွင်း ပြန်ကစားဖို့ အတော် အခက်တွေ့နေပြီး မကစားနိုင်ခဲ့ရင် ရန်းနက်စ်ကို ၃-ဝ နဲ့ အနိုင်ပေးကာ ပြိုင်ပွဲက ထွက်ရတော့မှာ ဖြစ်ပါတယ်။

ဂျာမာန်ရဲ့ မြို့များစွာမှာ ပရိသတ်တွေ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်တာကြောင့် ဘဏ္ဍာရေး ထိခိုက်စေခဲ့တာနဲ့အတူ အကျိုးဆက်အနေနဲ့ ဂျာမန်ကလပ်တွေဟာ ဇန်နဝါရီမှာ အသုံးစရိတ် အများကြီး အသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူး။

လက်စတာဟာ နာပိုလီက ယူရိုပါလိဂ်ပွဲကို လာရောက်လာခဲ့တဲ့ အသင်းပရိသတ်တွေရဲ့ အဆင်မပြေမှုတွေအတွက် ကိုယ်စား UEFA ထံ တရားဝင် တိုင်ကြားချက် ပေးပို့ခဲ့ပါတယ်။

လိဒ်စ်အနေနဲ့ လာမယ့်ဈေးကွက်မှာ အသုံးစရိတ် ပမာဏ များစွာ သုံးစွဲရင် San Francisco 49ers ရဲ့ ရှယ်ယာ တိုးမြှင့် ဝယ်ယူမှုမှာ ရောင်းဈေးကျဆင်းသွားမှာ ဖြစ်တာကြောင့် လိဒ်စ် အသင်းပိုင်ရှင် ရာဒရစ်ဇာနီက ဇန်နဝါရီကာလအတွက် အပြောင်းအရွှေ့ အသုံးစရိတ်ကို အနည်းငယ်သာ ချပေးမှာ ဖြစ်ပါတယ်။