ကိုဗစ်ကူးစက်မှုတွေကြောင့် ယူနိုက်တက်ပွဲ ရွှေ့ဆိုင်းလိုက်ခြင်းနဲ့ ယနေ့ နံနက်ခင်း သတင်းများ

ကိုဗစ်ပေါ့စတစ် ရလဒ်များစွာက တနင်္ဂနွေနေ့ လေ့ကျင့်ရေးအစီစဉ်ကို ပျက်ဆီးစေခဲ့တဲ့နောက် ဘရန့်ဖို့ဒ်နဲ့ ယူနိုက်တက်ပွဲကို တရားဝင် ရွှေ့ဆိုင်းခဲ့ရပြီဖြစ်ပါတယ်။

စပါးဟာ ကိုဗစ်ကူးစက်ခံရမှု များပြားခြင်းကြောင့် ပြီးခဲ့တဲ့အပတ်က ပွဲချိန်ဇယားကို ပြောင်းလဲခဲ့ရတဲ့နောက် အခု ပထမအသင်းနဲ့ လေ့ကျင့်ရေး ပြန်ဆင်းနေပြီ ဖြစ်ပါတယ်။

ပါရဲရားဟာ အိုးလ်ထရက်ဖို့ဒ်ကနေ အပြီးသတ် ထွက်ခွာလိုတဲ့ ဆန္ဒကို လူသိရှင်ကြား ဖွင့်ဟခဲ့တဲ့ နောက်ဆုံး ယူနိုက်တက်ကစားသမား ဖြစ်လာခဲ့ပါတယ်။

ယူနိုက်တက်မှာ ဒါးလော့ရဲ့ အခြေအနေက ရန်းနစ်လက်အောက်မှာ ပြောင်းလဲလာတာနဲ့အတူ သူ့ကို ခေါ်ယူချင်နေတဲ့ ရိုးမားနည်းပြ မော်ရင်ညိုအနေနဲ့ ပစ်မှတ်ပြောင်းဖို့ စီစဉ်နေပါတယ်။

အူဘာမီယန်းကို အစောကြီးကတည်းက အသင်းခေါင်းဆောင်လက်ပတ် မပေးခဲ့သင့်ဘူလို့ အာဆင်နယ် ကြယ်ပွင့်များစွာက ထင်မြင်ခဲ့ကြပါတယ်။

ရက်ဘူးဆဲဘက် တိုက်စစ်မှူး အဒီရယ်မီရဲ့ နောက်ဆုံး မှတ်ချက်စကားတွေအရ လီဗာပူးဟာ အပြောင်းအရွှေ့ကာလမှာ သူ့ကို ခေါ်ယူနိုင်ဖို့ ပြိုင်ဆိုင်မှုထဲမှာ ကြီးကြီးမားမား ထိခိုက်သွားခဲ့ရပါတယ်။

အာဆင်နယ်ဟာ တိုက်စစ်ကြယ်ပွင့် ခါယွန် အက်ဒ်ဝပ်ကို ဆက်ထိန်းထားဖို့ တိုက်ပွဲဝင်နေရပြီး ၎င်းဟာ ချယ်ဆီးအပါအဝင် အင်္ဂလန်နဲ့ ပြည်ပကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာပါ။

UEFA ဟာ ဒီဇင်ဘာ ၃၁ နောက်ဆုံးသတ်မှတ်ရက်အပြီး စပါးနဲ့ ရန်းနက်စ်ပွဲကို ပြန်ကန်ခွင့်ပေးဖို့ စည်းမျဉ်းပြောင်းလဲပေးဖို့ စဉ်းစားနိုင်ဖွယ်ရှိပါတယ်။

ဝီလီယံ ဆလီလာဟာ အာဆင်နယ်အနာဂတ်အတွက် မေးခွန်းထုတ်မှုကို ငြင်းပယ်ခဲ့သလို နောက်ရာသီမှာ ဘယ်မှာကစားမလဲဆိုတာ ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

နာပိုလီကွင်းလယ်လူ ဇီလင်စကီဟာ အသက်ရှုဖို့ ရုန်းကန်နေခဲ့ရတာကြောင့် အမ်ပိုလီနဲ့ပွဲမှာ ၁၉ မိနစ်အတွင်း ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။

ဂျိုရှူဝါ ကင်မစ်ချ်ဟာ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်ခဲ့ပြီးမှ ရောဂါကူးစက်ခံခဲ့ရတဲ့နောက် နောင်တရမိကြောင်း ဖွင့်ဟခဲ့ပါတယ်။