ဦးစားပေး ပစ်မှတ်တွေ ကြံ့ကြာနေလို့ အရန်ပစ်မှတ် နှစ်ဦးကို ချိတ်ဆက်ကြည့်မယ့် ယူနိုက်တက်

UNICODE – ယူနိုက်တက်ဟာ ဦးစားပေး ပစ်မှတ်တွေဖြစ်တဲ့ ဆန်ချိုနဲ့ ဂရီလစ်တို့ကို ခေါ်ယူရေးတွေမှာ ပြောင်းရွှေ့ကြေး မြင့်မားမှုတွေကြောင့် အခြားသော ပစ်မှတ်တွေဘက် ဦးလှည့်နိုင်ပါတယ်။

တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ အင်္ဂလန် လူငယ်တွေကို ချိန်ရွယ်ပေမယ့်လည်း ပြောင်းရွှေ့ကြေးက ပေါင် ၇၅ သန်းနဲ့ ပေါင် သန်း ၁၀၀ လောက် တောင်းဆိုခံနေရတာပါ။ ယူနိုက်တက်ဟာ သူတို့လို အလားအလာကောင်းပြီး သူ့တို့ရဲ့ ထက်ဝက်လောက်ပဲ ပြောင်းရွှေ့ကြေး ပေးရမယ့် လေဗာကူဆင် တိုက်စစ်သမား ဘိုင်လေကို ကြိုးစားကြည့်လိုနေပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်သမားက လေဗာကူဆင်မှာ ကိုင်းဟာဗက်နဲ့ တွဲဘက် ခြေစွမ်းပြနေသူပါ။ သူဟာ စာချုပ် ၃ နှစ် ကျန်ရှိနေသေးပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ လောက်ပဲ ကျသင့်မယ်လို့ သိထားရတယ်။ သူ့ရဲ့ အသက်အရွယ်နဲ့ တိုးတက်နှုန်းကလည်း ယူနိုက်တက် အကြီးအကဲတွေကို မျက်စိကျစေပြီး ဆန်ချိုတို့ကို ခေါ်ယူဖို့ မအောင်မြင်ခဲ့ရင် အစားထိုးမယ့် စာရင်းထဲ ထည့်သွင်းထားတာဖြစ်တယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ အေဂျက် ကွင်းလယ်လူ ဘန်ဒါဘိခ်ကို ခေါ်ယူရေးကိစ္စ နှောင့်နှေးနေတာကို စိတ်တိုင်းမကျ ဖြစ်နေပါတယ်။ ဘန်ဒါဘလခ်က မန်ချက်စတာကို ပြောင်းလာဖို့ထက် လာလီဂါကို ပြောင်းဖို့ အခွင့်အရေးကို စောင့်ဆိုင်းနေတဲ့ အနေအထားဖြစ်လို့ ယူနိုက်တက် အခြားသော ပစ်မှတ်ကို ပြောင်းလဲ ချိတ်ဆက်လိုနေတာပါ။

Goal ကတော့ ယူနိုက်တက်ဟာ ဘန်ဒါဘိခ်ကို မခေါ်နိုင်ရင် ပရီးမီးယားလိဂ်မှာ တောက်ပနေတဲ့ လက်စတာ ကွင်းလယ်လူ အန်ဒီဒီကို ခေါ်ယူဖို့ ရည်ရွယ်ထားတယ်လို့ သိရတယ်။ အကယ်လို့ အန်ဒီဒီကို ခေါ်ယူရေးကိစ္စ အဆင်မပြေခဲ့ဘူးဆိုရင် ဘိုင်ယန် ကွင်းလယ်လူ တိုလီဆိုကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်က ရည်မှန်းထားပါတယ်။

ZAWGYI – ယူႏုိက္တက္ဟာ ဦးစားေပး ပစ္မွတ္ေတြျဖစ္တဲ့ ဆန္ခ်ိဳနဲ႔ ဂရီလစ္တို႔ကို ေခၚယူေရးေတြမွာ ေျပာင္းေရႊ႔ေၾကး ျမင့္မားမႈေတြေၾကာင့္ အျခားေသာ ပစ္မွတ္ေတြဘက္ ဦးလွည့္ႏုိင္ပါတယ္။

တိုက္စစ္ပိုင္းကို အားျဖည့္ဖို႔ အဂၤလန္ လူငယ္ေတြကို ခ်ိန္ရြယ္ေပမယ့္လည္း ေျပာင္းေရႊ႔ေၾကးက ေပါင္ ၇၅ သန္းနဲ႔ ေပါင္ သန္း ၁၀၀ ေလာက္ ေတာင္းဆိုခံေနရတာပါ။ ယူႏုိက္တက္ဟာ သူတို႔လို အလားအလာေကာင္းျပီး သူ႔တို႔ရဲ႕ ထက္ဝက္ေလာက္ပဲ ေျပာင္းေရႊ႔ေၾကး ေပးရမယ့္ ေလဗာကူဆင္ တိုက္စစ္သမား ဘိုင္ေလကို ၾကိဳးစားၾကည့္လိုေနပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ တိုက္စစ္သမားက ေလဗာကူဆင္မွာ ကိုင္းဟာဗက္နဲ႔ တြဲဘက္ ေျခစြမ္းျပေနသူပါ။ သူဟာ စာခ်ဳပ္ ၃ ႏွစ္ က်န္ရွိေနေသးျပီး ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၄၀ ေလာက္ပဲ က်သင့္မယ္လို႔ သိထားရတယ္။ သူ႔ရဲ႕ အသက္အရြယ္နဲ႔ တိုးတက္ႏႈန္းကလည္း ယူႏုိက္တက္ အၾကီးအကဲေတြကို မ်က္စိက်ေစျပီး ဆန္ခ်ိဳတို႔ကို ေခၚယူဖို႔ မေအာင္ျမင္ခဲ့ရင္ အစားထိုးမယ့္ စာရင္းထဲ ထည့္သြင္းထားတာျဖစ္တယ္။

ဒါ့အျပင္ ယူႏုိက္တက္ဟာ ေအဂ်က္ ကြင္းလယ္လူ ဘန္ဒါဘိခ္ကို ေခၚယူေရးကိစၥ ေႏွာင့္ေႏွးေနတာကို စိတ္တိုင္းမက် ျဖစ္ေနပါတယ္။ ဘန္ဒါဘလခ္က မန္ခ်က္စတာကို ေျပာင္းလာဖို႔ထက္ လာလီဂါကို ေျပာင္းဖို႔ အခြင့္အေရးကို ေစာင့္ဆိုင္းေနတဲ့ အေနအထားျဖစ္လို႔ ယူႏုိက္တက္ အျခားေသာ ပစ္မွတ္ကို ေျပာင္းလဲ ခ်ိတ္ဆက္လိုေနတာပါ။

Goal ကေတာ့ ယူႏုိက္တက္ဟာ ဘန္ဒါဘိခ္ကို မေခၚႏုိင္ရင္ ပရီးမီးယားလိဂ္မွာ ေတာက္ပေနတဲ့ လက္စတာ ကြင္းလယ္လူ အန္ဒီဒီကို ေခၚယူဖို႔ ရည္ရြယ္ထားတယ္လို႔ သိရတယ္။ အကယ္လို႔ အန္ဒီဒီကို ေခၚယူေရးကိစၥ အဆင္မေျပခဲ့ဘူးဆိုရင္ ဘိုင္ယန္ ကြင္းလယ္လူ တိုလီဆိုကို ေခၚယူဖို႔ မန္ခ်က္စတာ ယူႏုိက္တက္က ရည္မွန္းထားပါတယ္။