လိုက်ပ်ဇစ်ရဲ့ ချန်ပီယံလိဂ် လူစာရင်းက ဖယ်ထုတ်ခံလိုက်ရပြီး ချယ်ဆီးနဲ့ ပိုနီးစပ်လာတဲ့ တီမိုဝါနာ

ချယ်ဆီးအသင်းနဲ့ သဘောတူညီမှု ရခဲ့ပြီးပြီ သတင်းကြီးနေတဲ့ တီမိုဝါနာရဲ့ အပြောင်းအရွှေ့ အနေအထားကို ပိုမို သေချာသွားစေတဲ့ အရွေ့တစ်ခု လိုက်ပ်ဇစ်က ပြုလုပ်လိုက်ပြီ ဖြစ်ပါတယ်။ အဲဒါကတော့ ဘောလုံးပွဲတွေ ပြန်စတင်ရင် ကစားရမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲဝင် ကစားသမားစာရင်းကနေ သူတို့ တိုက်စစ်မှူး တီမိုဝါနာကို ချန်လှပ်လိုက်တာပါ။

ချယ်ဆီးအသင်းဟာ ကစားသမား စိတ်ဝင်စားနေတဲ့ လီဗာပူးအသင်းထံ ရောက်မသွားရအောင် လက်ဦးမှု ယူကာ လှုပ်ရှားနိုင်ခဲ့ခြင်း ဖြစ်ပြီး ဂျာမန်သား တိုက်စစ်မှူးရဲ့ အပြောင်းအရွှေ့ အတွက် ဆေးစစ်ဖို့နဲ့ နောက်ဆံ့ုး အဆင့်များသာ ကျန်ရှိတယ်လို့ သိရပါတယ်။

တီမိုဝါနာရဲ့ စာချုပ်ဖျက်သိမ်းကြေး အသက်ဝင်မှုကလည်း ဇွန် ၁၅ မှာ ကုန်ဆုံးပြီ ဖြစ်လို့ လန်ဒန်ကလပ်ဟာ လိုက်ပ်ဇစ်အသင်းနဲ့ သေချာပေါက် ကြိုတင်ညှိနှိုင်းထားပြီး ဖြစ်တယ် ယူဆရပါတယ်။

ဂျာမနီဘက်က သတင်းတွေ အရတော့ ချယ်ဆီးက တီမိုဝါနာကို တစ်နှစ် လုပ်ခ ယူရို ၁၀ သန်း တန်ကြေး ရှိ ၅ နှစ်သက်တမ်း စာချုပ် ချုပ်ဆိုဖို့ သဘောတူထားတယ်လို့ သိရပါတယ်။

အပြောင်းအရွှေ့ အပြီးသတ်ဖို့နဲ့ ဆေးစစ်ဖို့ ကိစ္စများမှာတော့ ကွာရန်တင်း စည်းမျဉ်းများကြောင့် ချယ်ဆီး အသင်း ဆရာဝန်တွေလည်း ဂျာမနီ မသွားနိုင်သေး သလို ကစားသမားကလည်း ဘွန်ဒစ်လီဂါ ပွဲတွေနဲ့ စည်းမျဥ်းတွေကြောင့် လန်ဒန်လာဖို့ မဖြစ်နိုင်သေးတာကြောင့် တရားဝင် အတည်ပြုချက် မထုတ်ပြန်နိုင်သေးတာ ဖြစ်ပါတယ်။

ဒါပေမယ့် လိုက်ပ်ဇစ်ဘက်က တီမိုဝါနာကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဆက်လက် ယှဉ်ပြိုင်မယ့် လူစာရင်းကနေ ဖယ်ထုတ်လိုက်ပြီ ဖြစ်လို့ ဂျာမန်သားဟာ ဘွန်ဒစ်လီဂါ ပွဲတွေ ပြီးတာနဲ့ တပြိုင်နက် ဇူလိုင်လမှာ ချယ်ဆီးအသင်းနဲ့ လာရောက် ပူးပေါင်းတော့မယ်လို့ ယူဆရပါတယ်။

လိုက်ပ်ဇစ်ဟာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ စပါးကို နှစ်ကျော့လုံး နိုင်ကာ နောက်တစ်ဆင့် တက်ရောက်ပြီး ဖြစ်တာကြောင့် ဥရောပ ပွဲတွေ ပြန်စရင် ကွာတားဖိုင်နယ်ကနေ စတင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းနဲ႕ သေဘာတူညီမႈ ရခဲ့ျပီးျပီ သတင္းၾကီးေနတဲ့ တီမို၀ါနာရဲ႕ အေျပာင္းအေရႊ႕ အေနအထားကို ပိုမို ေသခ်ာသြားေစတဲ့ အေရြ႕တစ္ခု လိုက္ပ္ဇစ္က ျပဳလုပ္လိုက္ျပီ ျဖစ္ပါတယ္။ အဲဒါကေတာ့ ေဘာလံုးပြဲေတြ ျပန္စတင္ရင္ ကစားရမယ့္ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲ၀င္ ကစားသမားစာရင္းကေန သူတို႔ တိုက္စစ္မွဴး တီမို၀ါနာကို ခ်န္လွပ္လိုက္တာပါ။

ခ်ယ္ဆီးအသင္းဟာ ကစားသမား စိတ္၀င္စားေနတဲ့ လီဗာပူးအသင္းထံ ေရာက္မသြားရေအာင္ လက္ဦးမႈ ယူကာ လႈပ္ရွားနုိင္ခဲ့ျခင္း ျဖစ္ျပီး ဂ်ာမန္သား တိုက္စစ္မွဴးရဲ႕ အေျပာင္းအေရႊ႕ အတြက္ ေဆးစစ္ဖို႔နဲ႕ ေနာက္ဆံ့ုး အဆင့္မ်ားသာ က်န္ရွိတယ္လို႔ သိရပါတယ္။

တီမို၀ါနာရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကး အသက္၀င္မႈကလည္း ဇြန္ ၁၅ မွာ ကုန္ဆံုးျပီ ျဖစ္လို႔ လန္ဒန္ကလပ္ဟာ လိုက္ပ္ဇစ္အသင္းနဲ႕ ေသခ်ာေပါက္ ၾကိဳတင္ညွိနိႈင္းထားျပီး ျဖစ္တယ္ ယူဆရပါတယ္။

ဂ်ာမနီဘက္က သတင္းေတြ အရေတာ့ ခ်ယ္ဆီးက တီမို၀ါနာကို တစ္နွစ္ လုပ္ခ ယူရို ၁၀ သန္း တန္ေၾကး ရွိ ၅ နွစ္သက္တမ္း စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ သေဘာတူထားတယ္လို႔ သိရပါတယ္။

အေျပာင္းအေရႊ႕ အျပီးသတ္ဖို႔နဲ႕ ေဆးစစ္ဖို႔ ကိစၥမ်ားမွာေတာ့ ကြာရန္တင္း စည္းမ်ဥ္းမ်ားေၾကာင့္ ခ်ယ္ဆီး အသင္း ဆရာ၀န္ေတြလည္း ဂ်ာမနီ မသြားနိုင္ေသး သလို ကစားသမားကလည္း ဘြန္ဒစ္လီဂါ ပြဲေတြနဲ႕ စည္းမ်ဥး္ေတြေၾကာင့္ လန္ဒန္လာဖို႔ မျဖစ္နုိင္ေသးတာေၾကာင့္ တရား၀င္ အတည္ျပဳခ်က္ မထုတ္ျပန္နုိင္ေသးတာ ျဖစ္ပါတယ္။

ဒါေပမယ့္ လိုက္ပ္ဇစ္ဘက္က တီမို၀ါနာကို ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ဆက္လက္ ယွဥ္ျပိဳင္မယ့္ လူစာရင္းကေန ဖယ္ထုတ္လိုက္ျပီ ျဖစ္လို႔ ဂ်ာမန္သားဟာ ဘြန္ဒစ္လီဂါ ပြဲေတြ ျပီးတာနဲ႕ တျပိဳင္နက္ ဇူလိုင္လမွာ ခ်ယ္ဆီးအသင္းနဲ႕ လာေရာက္ ပူးေပါင္းေတာ့မယ္လို႔ ယူဆရပါတယ္။

လိုက္ပ္ဇစ္ဟာ ခ်န္ပီယံလိဂ္ ၁၆ သင္း အဆင့္မွာ စပါးကို နွစ္ေက်ာ့လံုး နုိင္ကာ ေနာက္တစ္ဆင့္ တက္ေရာက္ျပီး ျဖစ္တာေၾကာင့္ ဥေရာပ ပြဲေတြ ျပန္စရင္ ကြာတားဖိုင္နယ္ကေန စတင္ ယွဥ္ျပိဳင္ရမွာ ျဖစ္ပါတယ္။