ချယ်ဆီးနဲ့ လမ်းပတ်က ယူနိုက်တက်ကို ကြည့်ပြီး စိုးရိမ် စိတ်ပူနေသင့်ပါပြီ

ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ရာသီသိမ်းချိန်မှာ အဆင့် ၄ အတွင်း တင်ကျန်နေဖို့ အတွက် မန်ချက်စတာယူနိုက်တက် ကို ကြည့်ပြီး စိတ်ပူနေသင့်ပြီလို့ ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး ဂျင်မီရက်နက်က သတိပေးလိုက်ပါတယ်။

နည်းပြ ဆိုးရှား ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ လူမစုံတဲ့ချိန် ဘောလုံးပွဲတွေ မနားခင်ကကို ပုံစံကောင်း ရနေပြီး ပွဲတွေ ပြန်စရင် ပေါ့ဘာ၊ ရက်ဖို့ဒ်တို့လည်း ပါဝင်တော့မှာ ဖြစ်လို့ ပိုမို အင်အားတောင့်တင်းနေပြီး ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အတွက် အားကုန် ရုန်းဖို့ ပြင်ဆင်နေကြပါတယ်။

ဖရန့်လမ်းပတ်ရဲ့ အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရှိနေပြီး ယူနိုက်တက်ထက် ၃ မှတ် အကွာမှာ သာ ရှိနေပါတယ်။ ဘောလုံး ရာသီ ပြီးဆုံးဖို့ဆို ပွဲကျန် ကစားဖို့က ၉ ပွဲ ရှိနေပါသေးတယ်။ ရက်နက်ကတော့ လမ်းပတ်နဲ့ ချယ်ဆီးအသင်းဟာ ယူနိုက်တက်ကို သတိထား စိတ်ပူသင့်တယ်လို့ ထောက်ပြလိုက်တာပါ။

” ယူနိုက်တက်မှာ အရေးကြီးတဲ့ ကစားသမားတွေ ပြန် ပါဝင်လာနိုင်ဖို့ ရှိတယ်။ သူတို့ အသင်းကို ကြည့်လိုက်စမ်းပါ။ လူငယ် ကစားသမား ရက်ဖို့ဒ်ဆိုလည်း ကြံ့ခိုင်မှု ပြန်ပြည့်နေပြီ။ ယူနိုက်တက်က သူ့ကို ပြန်ရလိုက်တာကြောင့် လုံး၀ ပိုလန်းသွားဖို့ပဲ ရှိတယ်။ ရက်ဖို့ဒ် ပြန်လာတာက ကစားသမားသစ် ခေါ်ယူမှု တစ်ခုလိုပါပဲ။ ကွင်းလယ်မှာလည်း စိတ်ဝင်စားစရာပဲ။ ပေါ့ဘာ ပြန်လာပြီ။ ကျနေ်ာကတော့ ယူနိုက်တက်ဟာ ပိုကောင်းပြီး အခွင့်အရေး ရလာမယ်လို့ မြင်တယ်။

ယူနိုက်တက်ကို ကြည့်ပြီး တခြားအသင်းတွေက စိုးရိမ်နေလိမ့်မယ်။ ထိပ်သီးလေးသင်းထဲမှာ ရောက်နေပြီးတဲ့ ချယ်ဆီး လို အသင်းတွေက ကိုယ့်နေရာ ကိုယ် လန့်နေရိလမ့်မယ်။ ” လို့ ရက်နက်က သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲတွေ ပြန်လည် စတင်ရင် ယူနိုက်တက်က ၎င်းရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အတွက် အပြိုင် လုမယ့် စပါးအသင်းကို သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး လက်ရှိ စပါးနည်းပြ ဖြစ်နေတဲ့ ယူနိုက်တက် နည်းပြဟောင်း မော်ရင်ညိုကိုလည်း ရင်ဆိုင်ရမှာပါ။ ချယ်ဆီးအသင်း ဘက်မှာလည်း တန်းဆင်းဇုန်မှာ ရှိနေလို့ အားကုန် ရုန်းမယ့် အက်စတွန်ဗီလာကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ ရာသီသိမး္ခ်ိန္မွာ အဆင့္ ၄ အတြင္း တင္က်န္ေနဖို႔ အတြက္ မန္ခ်က္စတာယူနုိက္တက္ ကို ၾကည့္ျပီး စိတ္ပူေနသင့္ျပီလို႔ ပရီးမီးယားလိဂ္ ကစားသမားေဟာင္းၾကီး ဂ်င္မီရက္နက္က သတိေပးလိုက္ပါတယ္။

နည္းျပ ဆိုးရွား ဦးေဆာင္ေနတဲ့ မန္ခ်က္စတာ ယူနိုက္တက္ဟာ လူမစံုတဲ့ခ်ိန္ ေဘာလံုးပြဲေတြ မနားခင္ကကို ပံုစံေကာင္း ရေနျပီး ပြဲေတြ ျပန္စရင္ ေပါ့ဘာ၊ ရက္ဖို႔ဒ္တို႔လည္း ပါ၀င္ေတာ့မွာ ျဖစ္လို႔ ပိုမို အင္အားေတာင့္တင္းေနျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာ အတြက္ အားကုန္ ရုန္းဖို႔ ျပင္ဆင္ေနၾကပါတယ္။

ဖရန္႔လမ္းပတ္ရဲ႕ အသင္းဟာ လက္ရွိ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား အဆင့္ ၄ ေနရာမွာ ရွိေနျပီး ယူနိုက္တက္ထက္ ၃ မွတ္ အကြာမွာ သာ ရွိေနပါတယ္။ ေဘာလံုး ရာသီ ျပီးဆံုးဖို႔ဆုိ ပြဲက်န္ ကစားဖို႔က ၉ ပြဲ ရွိေနပါေသးတယ္။ ရက္နက္ကေတာ့ လမး္ပတ္နဲ႕ ခ်ယ္ဆီးအသင္းဟာ ယူနုိက္တက္ကို သတိထား စိတ္ပူသင့္တယ္လို႔ ေထာက္ျပလိုက္တာပါ။

” ယူနုိက္တက္မွာ အေရးၾကီးတဲ့ ကစားသမားေတြ ျပန္ ပါ၀င္လာနုိင္ဖို႔ ရွိတယ္။ သူတို႔ အသင္းကို ၾကည့္လိုက္စမ္းပါ။ လူငယ္ ကစားသမား ရက္ဖို႔ဒ္ဆိုလည္း ၾကံ႕ခုိင္မႈ ျပန္ျပည့္ေနျပီ။ ယူနိုက္တက္က သူ႔ကို ျပန္ရလိုက္တာေၾကာင့္ လံုး၀ ပိုလန္းသြားဖို႔ပဲ ရွိတယ္။ ရက္ဖို႔ဒ္ ျပန္လာတာက ကစားသမားသစ္ ေခၚယူမႈ တစ္ခုလိုပါပဲ။ ကြင္းလယ္မွာလည္း စိတ္၀င္စားစရာပဲ။ ေပါ့ဘာ ျပန္လာျပီ။ က်ေန္ာကေတာ့ ယူနိုက္တက္ဟာ ပိုေကာင္းျပီး အခြင့္အေရး ရလာမယ္လို႔ ျမင္တယ္။

ယူနိုက္တက္ကို ၾကည့္ျပီး တျခားအသင္းေတြက စိုးရိမ္ေနလိမ့္မယ္။ ထိပ္သီးေလးသင္းထဲမွာ ေရာက္ေနျပီးတဲ့ ခ်ယ္ဆီး လို အသင္းေတြက ကိုယ့္ေနရာ ကုိယ္ လန္႔ေနရိလမ့္မယ္။ ” လို႔ ရက္နက္က သံုးသပ္ ေျပာဆိုသြားခဲ့ပါတယ္။

ပရီးမီးယားလိဂ္ ပြဲေတြ ျပန္လည္ စတင္ရင္ ယူနိုက္တက္က ၄င္းရဲ႕ ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာ အတြက္ အျပိဳင္ လုမယ့္ စပါးအသင္းကို သြားေရာက္ ရင္ဆိုင္ ကစားရမွာ ျဖစ္ျပီး လက္ရွိ စပါးနည္းျပ ျဖစ္ေနတဲ့ ယူနိုက္တက္ နည္းျပေဟာင္း ေမာ္ရင္ညိဳကိုလည္း ရင္ဆိုင္ရမွာပါ။ ခ်ယ္ဆီးအသင္း ဘက္မွာလည္း တန္းဆင္းဇုန္မွာ ရွိေနလို႔ အားကုန္ ရုန္းမယ့္ အက္စတြန္ဗီလာကို အေ၀းကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ရဖို႔ ရွိေနပါတယ္။