သောမက်စ် ပါတေးကို ခေါ်ယူနိုင်ဖို့ ကလပ် ၃ သင်း အပြိုင် ကြိုးပမ်းရဖွယ်ရှိနေ

UNICODE – အက်သလက်တီကိုနဲ့ သက်တမ်းတိုးဖို့ သဘောတူညီမှု မရသေးတဲ့ ကွင်းလယ်လူ သောမက်စ် ပါတေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်း သုံးသင်းထဲမှာ အာဆင်နယ်၊ ယူနိုက်တက်တို့လည်း ပါဝင်လာပါတယ်။

စပိန်သတင်းဌာနတွေက ဖော်ပြလာတဲ့ သတင်းဖြစ်ပြီး အင်တာမီလန်၊ အာဆင်နယ်နဲ့ ယူနိုက်တက်တို့က အက်သလက်တီကို အသင်းရဲ့ ဂါနာ ကွင်းလယ်လူကို ခေါ်ယူလိုနေတာပါ။ ပါတေးဟာ လာလီဂါမှာကော၊ ချန်ပီယံလိဂ်မှာပါ ခြေစွမ်းပြနေတဲ့ ကစားသမားဖြစ်ပြီး ကစားအားကောင်းမွန်မှုကြောင့် စိတ်ဝင်စားတဲ့ ကလပ်တွေ များပြားလာတာ ဖြစ်ပါတယ်။

အထူးသဖြင့် ကွင်းလယ်ပိုင်း အင်အားဖြည့်လိုနေတဲ့ အာဆင်နယ်နဲ့ အင်တာမီလန်တို့က ခေါ်ယူလိုနေတာဖြစ်ကာ ကစားသမားဟာ စပိန်အခြေစိုက် ကလပ်နဲ့ ၂၀၂၃ ခုနှစ်မှာ စာချုပ် ကုန်မှာဖြစ်တယ်။ ဒီလတွေအတွင်း မက်ဒရစ်ကလပ်ဘက်က စကားပြောမှုတွေ လုပ်ပေမယ့် အခြေအနေတွေ တိုးတက်မလာပါဘူး။

သူ့ရဲ့ စာချုပ်ပါ ပြောင်းရွှေ့ကြေးက ယူရို သန်း ၅၀ ဖြစ်ကာ ချန်ပီယံလိဂ် အတွေ့အကြုံရှိပြီး ထူးချွန်တဲ့ ခြေစွမ်းတွေ ပြသထားတဲ့ ကစားသမား တစ်ဦးအတွက် ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူကို သက်တမ်းတိုးနိုင်ဖို့ အက်သလက်တီကိုကလည်း ကြိုးစားနေခြင်းဖြစ်ကာ သဘောတူညီမှုတော့ မရသေးပါဘူး။ ၂၀၁၅ ခုနှစ်မှာ လာလီဂါကလပ်အတွက် စတင်ကစားခဲ့တဲ့ ပါတေးဟာ ဥရောပ အကောင်းဆုံး ကွင်းလယ် ခံစစ်သမားတွေထဲ တစ်ဦးအဖြစ် ပါဝင်ထားသူဖြစ်ပါတယ်။

ZAWGYI – အက္သလက္တီကိုနဲ႔ သက္တမ္းတိုးဖို႔ သေဘာတူညီမႈ မရေသးတဲ့ ကြင္းလယ္လူ ေသာမက္စ္ ပါေတးကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ အသင္း သံုးသင္းထဲမွာ အာဆင္နယ္၊ ယူႏုိက္တက္တို႔လည္း ပါဝင္လာပါတယ္။

စပိန္သတင္းဌာနေတြက ေဖာ္ျပလာတဲ့ သတင္းျဖစ္ျပီး အင္တာမီလန္၊ အာဆင္နယ္နဲ႔ ယူႏုိက္တက္တို႔က အက္သလက္တီကို အသင္းရဲ႕ ဂါနာ ကြင္းလယ္လူကို ေခၚယူလိုေနတာပါ။ ပါေတးဟာ လာလီဂါမွာေကာ၊ ခ်န္ပီယံလိဂ္မွာပါ ေျခစြမ္းျပေနတဲ့ ကစားသမားျဖစ္ျပီး ကစားအားေကာင္းမြန္မႈေၾကာင့္ စိတ္ဝင္စားတဲ့ ကလပ္ေတြ မ်ားျပားလာတာ ျဖစ္ပါတယ္။

အထူးသျဖင့္ ကြင္းလယ္ပိုင္း အင္အားျဖည့္လိုေနတဲ့ အာဆင္နယ္နဲ႔ အင္တာမီလန္တို႔က ေခၚယူလိုေနတာျဖစ္ကာ ကစားသမားဟာ စပိန္အေျခစိုက္ ကလပ္နဲ႔ ၂၀၂၃ ခုႏွစ္မွာ စာခ်ဳပ္ ကုန္မွာျဖစ္တယ္။ ဒီလေတြအတြင္း မက္ဒရစ္ကလပ္ဘက္က စကားေျပာမႈေတြ လုပ္ေပမယ့္ အေျခအေနေတြ တိုးတက္မလာပါဘူး။

သူ႔ရဲ႕ စာခ်ဳပ္ပါ ေျပာင္းေရႊ႔ေၾကးက ယူရို သန္း ၅၀ ျဖစ္ကာ ခ်န္ပီယံလိဂ္ အေတြ႔အၾကံဳရွိျပီး ထူးခၽြန္တဲ့ ေျခစြမ္းေတြ ျပသထားတဲ့ ကစားသမား တစ္ဦးအတြက္ ထိုက္တန္တဲ့ ေျပာင္းေရႊ႔ေၾကးလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း အသက္ ၂၆ ႏွစ္အရြယ္ ကြင္းလယ္လူကို သက္တမ္းတိုးႏုိင္ဖို႔ အက္သလက္တီကိုကလည္း ၾကိဳးစားေနျခင္းျဖစ္ကာ သေဘာတူညီမႈေတာ့ မရေသးပါဘူး။ ၂၀၁၅ ခုႏွစ္မွာ လာလီဂါကလပ္အတြက္ စတင္ကစားခဲ့တဲ့ ပါေတးဟာ ဥေရာပ အေကာင္းဆံုး ကြင္းလယ္ ခံစစ္သမားေတြထဲ တစ္ဦးအျဖစ္ ပါဝင္ထားသူျဖစ္ပါတယ္။