Transfer: ဖာရန်တောရက်စ် ကို ခေါ်ဖို့ ကော်တင်ညိုနဲ့ ဒမ်ဘီလီ ပေါ် မူတည်နေတဲ့ ဘာစီလိုနာ

စပိန်ကလပ် ဘာစီလိုနာ အသင်းဟာ တိုက်စစ်သမား ဈေးကွက်ထဲမှာ ရှာဖွေနေပြီး မန်စီးတီးရဲ့ ဖာရန် တောရက်စ်ကို ခေါ်ဖို့ အတော် လိုလားနေပြီ ဖြစ်ပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း စပိန်သို့ ပြန်လိုနေပြီး မန်စီးတီးကလည်း လိုက်လျောဖွယ် ရှိနေပါတယ်။

ဒါပေမယ့် ဘာစီလိုနာ အတွက် ဖာရန်တောရက်စ်ကို ခေါ်ဖို့အရေးက စီးတီးနဲ့ ကစားသမား အပေါ်ထက် သူ့အသင်းသား ကော်တင်ညိုနဲ့ ဒမ်ဘီလီ အပေါ် မူတည်နေတဲ့ အခြေအနေ ရင်ဆိုင်နေရပါတယ်။

ဘာစီလိုနာဟာ ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့ ညီဖို့နဲ့ အသင်း ဟန်ချက်ညီဖို့မှာ ကော်တင်ညို ကို ရောင်းထုတ်နိုင်ပြီး ဒမ်ဘီလီကို လစာလျှော့ စာချုပ်သစ် ချုပ်နိုင်မှသာ ဖာရန် တောရက်စ်ကို ဇန်နဝါရီမှာ ခေါ်ယူနိုင်မှာ ဖြစ်တယ်လို့ စပိန် သတင်းတွေက ဖော်ထုတ်သွားပါတယ်။

ဒါပေမယ့် ကော်တင်ညိုက ဘာစီလိုနာကနေ ထွက်ခွာဖို့ တွန့်ဆုတ်နေပြီး မန်စီးတီး၊ မန်ချက်စတာ ယူနိုက်တက် တို့ကလည်း ဘရာဇီးသားကို ခေါ်ဖို့ အခွင့်အရေး ငြင်းဆန်ထားကြပါတယ်။

ဒမ်ဘီဘီ အတွက်ကတော့ စာချုပ်သစ် ချုပ်ဆိုဖို့ ဒီတစ်နှစ်လုံး အချိန်ဆွဲနေခဲ့တာ ဖြစ်ပြီး စာချုပ်ကို ကုန်အောင် စောင့်ကာ နောက်နှစ်နွေမှာ အလွတ်နဲ့ ထွက်ခွာမယ့် ပုံ ရှိနေပါတယ်။

အသက် ၂၁ နှစ် အရွယ် ဖာရန် တောရက်စ်ဟာ ဘာစီလိုနာ နည်းပြ ဇာဗီရဲ့ စိတ်ကြိုက် ပစ်မှတ် ကစားသမား ဖြစ်နေပြီး ကလပ်အသင်း တာဝန်ရှိသူတွေကတော့ ၎င်းထက် အင်တာမှ ဆန်းချက်ကို ခေါ်ယူဖို့ ပို စိတ်ဝင်စား နေပြန်ပါတယ်။

Zawgyi

စပိန္ကလပ္ ဘာစီလိုနာ အသင္းဟာ တိုက္စစ္သမား ေစ်းကြက္ထဲမွာ ရွာေဖြေနျပီး မန္စီးတီးရဲ႕ ဖာရန္ ေတာရက္စ္ကို ေခၚဖို႔ အေတာ္ လိုလားေနျပီ ျဖစ္ပါတယ္။ ကစားသမားကိုယ္တိုင္ကလည္း စပိန္သို႔ ျပန္လိုေနျပီး မန္စီးတီးကလည္း လိုက္ေလ်ာဖြယ္ ရွိေနပါတယ္။

ဒါေပမယ့္ ဘာစီလိုနာ အတြက္ ဖာရန္ေတာရက္စ္ကို ေခၚဖို႔အေရးက စီးတီးနဲ႕ ကစားသမား အေပၚထက္ သူ႔အသင္းသား ေကာ္တင္ညိဳနဲ႕ ဒမ္ဘီလီ အေပၚ မူတည္ေနတဲ့ အေျခအေန ရင္ဆိုင္ေနရပါတယ္။

ဘာစီလိုနာဟာ ဘ႑ာေရး စည္းမ်ဥ္းေတြနဲ႕ ညီဖို႔နဲ႕ အသင္း ဟန္ခ်က္ညီဖို႔မွာ ေကာ္တင္ညိဳ ကို ေရာင္းထုတ္နုိင္ျပီး ဒမ္ဘီလီကို လစာေလွ်ာ့ စာခ်ဳပ္သစ္ ခ်ဳပ္နုိင္မွသာ ဖာရန္ ေတာရက္စ္ကို ဇန္နဝါရီမွာ ေခၚယူနိုင္မွာ ျဖစ္တယ္လို႔ စပိန္ သတင္းေတြက ေဖာ္ထုတ္သြားပါတယ္။

ဒါေပမယ့္ ေကာ္တင္ညိဳက ဘာစီလိုနာကေန ထြက္ခြာဖို႔ တြန္႔ဆုတ္ေနျပီး မန္စီးတီး၊ မန္ခ်က္စတာ ယူနိုက္တက္ တို႔ကလည္း ဘရာဇီးသားကို ေခၚဖို႔ အခြင့္အေရး ျငင္းဆန္ထားၾကပါတယ္။

ဒမ္ဘီဘီ အတြက္ကေတာ့ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ဒီတစ္နွစ္လံုး အခ်ိန္ဆြဲေနခဲ့တာ ျဖစ္ျပီး စာခ်ဳပ္ကို ကုန္ေအာင္ ေစာင့္ကာ ေနာက္နွစ္ေႏြမွာ အလြတ္နဲ႕ ထြက္ခြာမယ့္ ပံု ရွိေနပါတယ္။

အသက္ ၂၁ နွစ္ အရြယ္ ဖာရန္ ေတာရက္စ္ဟာ ဘာစီလိုနာ နည္းျပ ဇာဗီရဲ႕ စိတ္ၾကိဳက္ ပစ္မွတ္ ကစားသမား ျဖစ္ေနျပီး ကလပ္အသင္း တာဝန္ရွိသူေတြကေတာ့ ၄င္းထက္ အင္တာမွ ဆန္းခ်က္ကို ေခၚယူဖို႔ ပို စိတ္ဝင္စား ေနျပန္ပါတယ္။