ချယ်ဆီး ဘယ်တော့ ပရီးမီးယားလိဂ် ပြန်ရမလဲ ခန့်မှန်းလိုက်တဲ့ ပေါမာဆန်

ဂျာမန်သား တိုက်စစ်မှူး တီမိုဝါနာကို ချယ်ဆီးတို့ ရဖို့ သေချာသလောက် ရှိအပြီးမှာ ပေါမာဆန်ကတော့ ချယ်ဆီးအသင်း ပရီးမီးယားလိဂ် ဖလားကို လာမယ့် လေးနှစ်အတွင်းပဲ ရယူသွားနိုင်လိမ့်မယ်လို့ ခန့်မှန်း ပြောဆိုလိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ ဝါနာကို ရဖို့ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက် လီဗာပူးအသင်းကို အသာရကာ ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ လိုက်ပ်ဇစ် ကြယ်ပွင့် တိုက်စစ်သမားဟာ စတန်းဖို့ဘရစ်ချ် အခြေစိုက် အသင်းနဲ့ လုပ်ခ တစ်ပတ် ပေါင် ၁သိန်းခွဲ ဝန်းကျင် ရမယ့် ကာလရှည် စာချုပ်တစ်ရပ် ချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။

လိုက်ပ်ဇစ် အတွက် ၁၅၆ ပွဲ ကစားပြီး ၉၂ ဂိုး သွင်းထားတဲ့ တီမိုဝါနာက ပွဲကို အပြောင်းအလဲ လုပ်နိုင်တဲ့ ကစားသမား ဖြစ်ပြီး ချယ်ဆီးအတွက် အလွန်ကောင်းမွန်တဲ့ အင်အားဖြည့်မှု ဖြစ်ခဲ့ပြီလို့ ပေါမာဆန်က ချီးကျူး ထောက်ခံခဲ့ပါတယ်။

” တီမိုဝါနာကို ခေါ်ယူနိုင်တော့မှာက ချယ်ဆီး ပြန်လာပြီလို့ အချက်ပြလိုက်သလိုပါပဲ။ သူတို့ လာမယ့် လေးနှစ် အတွင်း ပရီးမီးယားလိဂ်မှာ ဗိုလ်မစွဲရင် ကျနော်တော့ အံ့သြမိမှာပဲ။ တခြားကလပ်အသင်းတွေ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြာနေချိန်မှာ စီးပွားရေးသမား ပီပီ ရိုမန် အေဗရာမိုဗစ်ချ်ကတော့ လုပ်ပြသွားခဲ့ပြီ။

ဒီနှစ်တွေ အတွင်းတက်နေတဲ့ မန်စီးတီးနဲ့ လီဗာပူးကို ချယ်ဆီးတို့ ဘယ်လို ယှဉ်မလဲ ကျနော် စဉ်းစားနေခဲ့မိတာ။ ပေါင် သန်း ၄၀၀-၅၀၀ လောက်တော့ သုံးရပြီလို့ ကျနော်က တွေးမိခဲ့တယ်။ ဒါပေမယ့် အခု ဖြစ်နေတဲ့ အခြေအနေမှာ သူတို့က ဒါ အချိန်ကောင်းပဲ ဆိုပြီး လှုပ်ရှားနိုင်ခဲ့တယ်။ သူ့ရဲ့ ချယ်ဆီးကတော့ အောင်နိုင်သူပဲ။ ချယ်ဆီးက ပြိုင်ဘက်တွေကို ခြိမ်းခြောက်နိုင်တဲ့ အသင်းကောင်း ပြန်ဖြစ်လာနေပြီ။ ” လို့ ပေါမာဆန်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ တီမိုဝါနာကို ရတော့မယ့် အပြင် ကြိုတင် ခေါ်ယူထားတဲ့ အေဂျက်မှ တိုက်စစ်သမား ဇီယက်လည်း လာရောက် ပူးပေါင်းတော့မှာ ဖြစ်လို့ နောက်ရာသီမှာ ပေါက်ကွဲမယ့် တိုက်စစ်အားကို မြင်ရတော့မှာ ရင်ခုန်စရာ ဖြစ်ပါတယ်။

Zawgyi – ဂ်ာမန္သား တိုက္စစ္မွဴး တီမို၀ါနာကို ခ်ယ္ဆီးတို႔ ရဖို႕ ေသခ်ာသေလာက္ ရွိအျပီးမွာ ေပါမာဆန္ကေတာ့ ခ်ယ္ဆီးအသင္း ပရီးမီးယားလိဂ္ ဖလားကို လာမယ့္ ေလးနွစ္အတြင္းပဲ ရယူသြားနိုင္လိမ့္မယ္လို႔ ခန္႔မွန္း ေျပာဆိုလိုက္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ၀ါနာကို ရဖို႔ ပရီးမီးယားလိဂ္မွာ ျပိဳင္ဘက္ လီဗာပူးအသင္းကို အသာရကာ ေခၚယူနိုင္ခဲ့ျခင္း ျဖစ္ပါတယ္။ လိုက္ပ္ဇစ္ ၾကယ္ပြင့္ တိုက္စစ္သမားဟာ စတန္းဖို႔ဘရစ္ခ်္ အေျခစိုက္ အသင္းနဲ႕ လုပ္ခ တစ္ပတ္ ေပါင္ ၁သိန္းခြဲ ၀န္းက်င္ ရမယ့္ ကာလရွည္ စာခ်ဳပ္တစ္ရပ္ ခ်ဳပ္ဆိုေတာ့မွာ ျဖစ္ပါတယ္။

လိုက္ပ္ဇစ္ အတြက္ ၁၅၆ ပြဲ ကစားျပီး ၉၂ ဂိုး သြင္းထားတဲ့ တီမို၀ါနာက ပြဲကို အေျပာင္းအလဲ လုပ္နိုင္တဲ့ ကစားသမား ျဖစ္ျပီး ခ်ယ္ဆီးအတြက္ အလြန္ေကာင္းမြန္တဲ့ အင္အားျဖည့္မႈ ျဖစ္ခဲ့ျပီလို႔ ေပါမာဆန္က ခ်ီးက်ဴး ေထာက္ခံခဲ့ပါတယ္။

” တီမို၀ါနာကို ေခၚယူနိုင္ေတာ့မွာက ခ်ယ္ဆီး ျပန္လာျပီလို႔ အခ်က္ျပလိုက္သလိုပါပဲ။ သူတို႔ လာမယ့္ ေလးနွစ္ အတြင္း ပရီးမီးယားလိဂ္မွာ ဗိုလ္မစြဲရင္ က်ေနာ္ေတာ့ အံ့ၾသမိမွာပဲ။ တျခားကလပ္အသင္းေတြ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ျပာေနခ်ိန္မွာ စီးပြားေရးသမား ပီပီ ရိုမန္ ေအဗရာမိုဗစ္ခ်္ကေတာ့ လုပ္ျပသြားခဲ့ျပီ။

ဒီနွစ္ေတြ အတြင္းတက္ေနတဲ့ မန္စီးတီးနဲ႕ လီဗာပူးကို ခ်ယ္ဆီးတို႔ ဘယ္လို ယွဥ္မလဲ က်ေနာ္ စဥ္းစားေနခဲ့မိတာ။ ေပါင္ သန္း ၄၀၀-၅၀၀ ေလာက္ေတာ့ သံုးရျပီလို႔ က်ေနာ္က ေတြးမိခဲ့တယ္။ ဒါေပမယ့္ အခု ျဖစ္ေနတဲ့ အေျခအေနမွာ သူတို႔က ဒါ အခ်ိန္ေကာင္းပဲ ဆိုျပီး လႈပ္ရွားနုိင္ခဲ့တယ္။ သူ႔ရဲ႕ ခ်ယ္ဆီးကေတာ့ ေအာင္နုိင္သူပဲ။ ခ်ယ္ဆီးက ျပိဳင္ဘက္ေတြကို ျခိမ္းေျခာက္နုိင္တဲ့ အသင္းေကာင္း ျပန္ျဖစ္လာေနျပီ။ ” လုိ႔ ေပါမာဆန္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ တီမို၀ါနာကို ရေတာ့မယ့္ အျပင္ ၾကိဳတင္ ေခၚယူထားတဲ့ ေအဂ်က္မွ တိုက္စစ္သမား ဇီယက္လည္း လာေရာက္ ပူးေပါင္းေတာ့မွာ ျဖစ္လို႔ ေနာက္ရာသီမွာ ေပါက္ကြဲမယ့္ တိုက္စစ္အားကို ျမင္ရေတာ့မွာ ရင္ခုန္စရာ ျဖစ္ပါတယ္။