စပါးကို လီဗာပူး မနိုင် ဆိုတဲ့ လော်ရိုးရဲ့ စူပါဆန်းဒေးပွဲစဉ်အတွက် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်
လီဗာပူးအသင်းဟာ ဒီတပတ်မှာ လန်ဒန် အခြေစိုက် တော့တင်ဟမ် စပါးအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ဒီနှစ်သင်းဟာ မနက်ဖြန် တနင်္ဂနွေနေ့ ည ၁၁ နာရီမှာ ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးက စပါးနဲ့ လီဗာပူးတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
လော်ရိုး က “စပါးဟာ ကိုဗစ်ကြောင့် နှစ်ပတ်လောက်ထိ ဘောလုံးမကစားထားရဘူး ဒါပေမယ့် သူတို့ရဲ့ အချိန်အများစုကို လေ့ကျင့်ရေးဆင်းခွင့် ရနေတာကြောင့် နည်းပြကွန်တီက ကျေနပ် ပျော်ရွှင်နေမှာပါ။
ကွန်တီက ဘယ်လိုလူလဲဆိုတာကို သိထားမှုအရ သူဟာ စပါးအသင်းကို ကောင်းကောင်း လေ့ကျင့်ရေးပြီး လီဗာပူးပွဲအတွက် စောင့်ဆိုင်းနေမှာ ဖြစ်ပါတယ်။ သူတို့ရထားတဲ့ ပြင်ဆင်မှုတွေနဲ့အတူ ဒီပွဲမှာ ရလဒ်တစ်ခုခုကို ရယူသွားနိုင်ပါတယ်။
ဒီရာသီ လီဗာပူးအသင်းက လန်ဒန်မှာ နိုင်ပွဲမရထားသေးပါဘူး။ ဘရန့်ဖိုဒ့်ကို သရေကျပြီး ဝက်ဟမ်းကို အရေးနိမ့်ထားတယ်။ ကိစ္စတွေ မှန်ကန်လာအောင် လန်ဒန်မှာ နိုင်ပွဲယူနိုင်ဖို့ ၂၀၂၂ မှာ ယှဉ်ပြိုင်ရမယ့် ချယ်ဆီးပွဲထိ စောင့်ရမယ်ထင်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။
လော်ရိုး ခန့်မှန်းရလဒ် ကတော့ တော့တင်ဟမ် စပါး ၁-၁ လီဗာပူး ဖြစ်ပါတယ်။
Zawgyi