ဇန်နဝါရီ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဗန်ဒီဘိခ် အား သူ့ ဆုံးဖြတ်ချက် အသိပေးလိုက်တဲ့ နည်းပြ ရန်းနစ်

မန်ချက်စတာ ယူနိုက်တက် ယာယီနည်းပြ ရပ်ဖ် ရန်းနစ်ကတော့ အသင်းသစ် ပြောင်းချင်နေတဲ့ ကွင်းလယ်တိုက်စစ်သမား ဗန်ဒီဘိခ်ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာတော့ ထွက်ခွာခွင့် မပြုနိုင်ဘူးလို့ သူ့ ဆုံးဖြတ်ချက်ကို အသိပေးလိုက်ကြောင်း သိရပါတယ်။

ဆိုးရှား လက်ထက် ၂ဝ၂ဝ နွေမှာတည်းက အေဂျက်ကနေ ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့တဲ့ ဗန်ဒီဘိခ်ဟာ မန်ချက်စတာ ကလပ်မှာ လုံလောက်တဲ့ အခွင့်အရေးတွေ မရဘဲ တိမ်မြုပ်နေခဲ့တာပါ။ ဒါကြောင့် အသင်းပြောင်းဖို့ စဉ်းစားနေချိန်မှာ နည်းပြ အပြောင်းအလဲ ဖြစ်ပြီး ရန်းနစ် ရောက်လာခဲ့ပါတယ်။

ဂျာမန်သားရဲ့ ပရီးမီးယားလိဂ် ကိုင်ထားတဲ့ ၂ ပွဲမှာလည်း ဗန်ဒီဘိခ်က နောက်ကျမိနစ်မှသာ လူစားဝင် ကစားခွင့် ရတာ ဖြစ်ပြီး ချန်ပီယံလိဂ် ရမ်းဘွိုင်းစ်နဲ့ ပွဲမှာတော့ ပွဲထွက်ခွင့် ရခဲ့ပါတယ်။ ဒါကြောင့် နယ်သာလန် လက်ရွေးစင် ကစားသမားက ဇန်နဝါရီမှာ အသင်းပြောင်းဖို့ ကြံရွယ်နေဆဲပါ။

ရန်းနစ်ကတော့ အသက် ၂၄ နှစ် အရွယ် ဗန်ဒီဘိခ်ရဲ့ အရည်အချင်းကို သဘောပေါက် သိမြင်တာကြောင့် ဒီဇန်နဝါရီမှာ ထွက်ခွာခွင့် မပေးဘဲ ဆက်ထိန်းထားဦးမယ်လို့ သိရပါတယ်။

လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူနိုက်တက် တိုက်စစ်သမားတွေထဲက အန်တိုနီ မာရှယ်နဲ့ လင်ဂတ်တို့က ထွက်ခွာဖြစ်ဖို့ သေချာသလောက် နီးပါး ရှိနေပါတယ်။ မာရှယ်ရဲ့ အေးဂျင့် ဖြစ်သူက သူ့ ကစားသမား ပွဲကစားခွင့် ပိုရမယ့် အသင်း ရှာရတော့မှာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။

လင်ဂတ်ကလည်း လက်ရှိစာချုပ် နောက်ဆုံး ၆ လထဲ ဝင်လာပြီ ဖြစ်တာကြောင့် ရာသီကုန်မှ အလွတ်နဲ့ လက်လွှတ်မယ့် အစား ဇန်နဝါရီမှာ ရသလောက်နဲ့ ရောင်းချဖွယ် ရှိနေပါတယ်။ ဒီလို တိုက်စစ်အင်အားတွေ လျော့မှာ ဖြစ်တာကြောင့် ဗန်ဒီဘိခ်ကို အဆောတလျင် လက်လွှတ်မယ့် အစား ရာသီကုန်ထိ ဆက်ခေါ်ထားဖို့ ရန်းနစ်က ဆုံးဖြတ်ပြီး ကစားသမားအား အသိပေးထားကြောင်း အင်္ဂလန် သတင်းတွေက ဆိုပါတယ်။

Zawgyi

မန္ခ်က္စတာ ယူနိုက္တက္ ယာယီနည္းျပ ရပ္ဖ္ ရန္းနစ္ကေတာ့ အသင္းသစ္ ေျပာင္းခ်င္ေနတဲ့ ကြင္းလယ္တိုက္စစ္သမား ဗန္ဒီဘိခ္ကို လာမယ့္ ဇန္နဝါရီ အေျပာင္းအေရႊ႕မွာေတာ့ ထြက္ခြာခြင့္ မျပဳနိုင္ဘူးလို႔ သူ႔ ဆံုးျဖတ္ခ်က္ကို အသိေပးလိုက္ေၾကာင္း သိရပါတယ္။

ဆိုးရွား လက္ထက္ ၂ဝ၂ဝ ေႏြမွာတည္းက ေအဂ်က္ကေန ယူနိုက္တက္ထံ ေျပာင္းေရႊ႕လာခဲ့တဲ့ ဗန္ဒီဘိခ္ဟာ မန္ခ်က္စတာ ကလပ္မွာ လံုေလာက္တဲ့ အခြင့္အေရးေတြ မရဘဲ တိမ္ျမဳပ္ေနခဲ့တာပါ။ ဒါေၾကာင့္ အသင္းေျပာင္းဖို႔ စဥ္းစားေနခ်ိန္မွာ နည္းျပ အေျပာင္းအလဲ ျဖစ္ျပီး ရန္းနစ္ ေရာက္လာခဲ့ပါတယ္။

ဂ်ာမန္သားရဲ႕ ပရီးမီးယားလိဂ္ ကိုင္ထားတဲ့ ၂ ပြဲမွာလည္း ဗန္ဒီဘိခ္က ေနာက္က်မိနစ္မွသာ လူစားဝင္ ကစားခြင့္ ရတာ ျဖစ္ျပီး ခ်န္ပီယံလိဂ္ ရမ္းဘြိဳင္းစ္နဲ႕ ပြဲမွာေတာ့ ပြဲထြက္ခြင့္ ရခဲ့ပါတယ္။ ဒါေၾကာင့္ နယ္သာလန္ လက္ေရြးစင္ ကစားသမားက ဇန္နဝါရီမွာ အသင္းေျပာင္းဖို႔ ၾကံရြယ္ေနဆဲပါ။

ရန္းနစ္ကေတာ့ အသက္ ၂၄ နွစ္ အရြယ္ ဗန္ဒီဘိခ္ရဲ႕ အရည္အခ်င္းကို သေဘာေပါက္ သိျမင္တာေၾကာင့္ ဒီဇန္နဝါရီမွာ ထြက္ခြာခြင့္ မေပးဘဲ ဆက္ထိန္းထားဦးမယ္လို႔ သိရပါတယ္။

လာမယ့္ ဇန္နဝါရီ အေျပာင္းအေရႊ႕မွာ ယူနိုက္တက္ တုိက္စစ္သမားေတြထဲက အန္တိုနီ မာရွယ္နဲ႕ လင္ဂတ္တုိ႔က ထြက္ခြာျဖစ္ဖို႔ ေသခ်ာသေလာက္ နီးပါး ရွိေနပါတယ္။ မာရွယ္ရဲ႕ ေအးဂ်င့္ ျဖစ္သူက သူ႔ ကစားသမား ပြဲကစားခြင့္ ပိုရမယ့္ အသင္း ရွာရေတာ့မွာ ျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။

လင္ဂတ္ကလည္း လက္ရွိစာခ်ဳပ္ ေနာက္ဆံုး ၆ လထဲ ဝင္လာျပီ ျဖစ္တာေၾကာင့္ ရာသီကုန္မွ အလြတ္နဲ႕ လက္လႊတ္မယ့္ အစား ဇန္နဝါရီမွာ ရသေလာက္နဲ႕ ေရာင္းခ်ဖြယ္ ရွိေနပါတယ္။ ဒီလို တိုက္စစ္အင္အားေတြ ေလ်ာ့မွာ ျဖစ္တာေၾကာင့္ ဗန္ဒီဘိခ္ကို အေဆာတလ်င္ လက္လႊတ္မယ့္ အစား ရာသီကုန္ထိ ဆက္ေခၚထားဖို႔ ရန္းနစ္က ဆံုးျဖတ္ျပီး ကစားသမားအား အသိေပးထားေၾကာင္း အဂၤလန္ သတင္းေတြက ဆိုပါတယ္။