ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (16/06/20)

တနင်္လာနေ့က ထုတ်ပြန်ကြေငြာလိုက်တဲ့ Goldey Boy ဆု အတွက် ကနဦး ဆန်ကာတင်စာရင်းမှာ ယူနိုက်တက် လူငယ်ကြယ်ပွင့် မေဆန် ဂရင်းဝုဒ်လည်း ပါဝင်နေပါတယ်။

ယူနိုက်တက်ဟာ ဦးစားပေး ပစ်မှတ်တွေဖြစ်တဲ့ ဆန်ချိုနဲ့ ဂရီလစ်တို့ရဲ့ ပြောင်းရွှေ့ကြေး မြင့်မားမှုတွေကြောင့် အခြားသော ပစ်မှတ်တွေဘက် ဦးလှည့်လာခဲ့ပြီး လေဗာကူဆင် တိုက်စစ်သမား ဘိုင်လေကို ကြိုးစားကြည့်လိုနေပါတယ်။

ဒါ့အပြင် ကွင်းလယ်ခံစစ်မှာလည်း ဘန်ဒါဘိခ်ကို မခေါ်နိုင်ရင် ပရီးမီးယားလိဂ်မှာ တောက်ပနေတဲ့ လက်စတာ ကွင်းလယ်လူ အန်ဒီဒီကို ခေါ်ယူဖို့ ရည်ရွယ်ထားတယ်လို့ သိရတယ်။

ယူနိုက်တက်မှာ ကွင်းလယ်ကစားသမား ပေါ့ဘာသာ ကောင်းကောင်းမွန် ခြေစွမ်းပြ ပါဝင် ကစားနိုင်ရင် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ထိပ်သီးတွေ ဖြစ်နေတဲ့ မန်စီးတီးနဲ့ လီဗာပူးကို ကောင်းစွာ ယှဉ်နိုင်ကြောင်း ဖီးလ် နဗီးက သုံးသပ်လိုက်ပါတယ်။

ပရီးမီးယားလိဂ် ပွဲတွေ ပြန်စရင် မန်ချက်စတာယူနိုက်တက်ဟာ ဒဏ်ရာကင်းနေပြီ ဖြစ်တဲ့ ကစားသမားတွေနဲ့ လူစာရင်း အပြည့် ပြန်လာမှာ ဖြစ်တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အတွက် လမ်းပတ်နဲ့ ချယ်ဆီးအသင်း စိုးရိမ်နေသင့်ကြောင်း ရက်နက်က သတိပေး လိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူတွေဟာ ချယ်ဆီး တိုက်စစ်သမား ဝီလီယံရဲ့ အေးဂျင့် ဖြစ်သူထံ အဆက်အသွယ် ပြုလုပ်ခဲ့ကြောင်း France Football က ဖော်ထုတ်လိုက်ပါတယ်။ ဝီလီယံက ချယ်ဆီးနဲ့ စာချုပ် ကုန်ဆုံးတော့မှာ ဖြစ်ပြီး ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူနိုင်မယ့် ကစားသမား ဖြစ်ပါတယ်။

Zawgyi – တနင်္လာနေ့က ထုတ်ပြန်ကြေငြာလိုက်တဲ့ Goldey Boy ဆု အတွက် ကနဦး ဆန်ကာတင်စာရင်းမှာ ယူနိုက်တက် လူငယ်ကြယ်ပွင့် မေဆန် ဂရင်းဝုဒ်လည်း ပါဝင်နေပါတယ်။




