ဝုဗ်နဲ့ ပွဲ ရွှေ့ပေးဖို့ တောင်းဆိုခဲ့တာကို ပယ်ချပြီး အတင်းကန်ခိုင်းတဲ့ ပရီးမီးယားလိဂ်ကို တူချယ် ဒေါကန်

ဝုဗ်နဲ့ပွဲကို ရွှေ့ဆိုင်းပေးဖို့ ပရီးမီးယားလိဂ်ထံ တောင်းဆိုခဲ့ပေမယ့် ပယ်ချပြီး ပုံမှန်အတိုင်း ဆက်ကစားစေခဲ့တာကြောင့် ချယ်ဆီးနည်းပြ တူချယ်က အတော်လေး ဒေါသထွက်နေပါတယ်။

ချယ်ဆီးအသင်းဟာ ကိုဗစ် ရိုက်ခတ်မှု ကြီးမားလာနေပြီး အသင်းမှာ ပိုးတွေ့ရှိသူ ၇ ဦးထိ ရှိလာနေတာပါ။ ပရီးမီးယားလိဂ်ဘက်က ပိုးတွေ့မှုအလိုက် ဖြစ်ရပ်တွေကို စစ်ဆေးမှုလုပ်ပြီး ပွဲရွှေ့ဆိုင်းတာတွေ ခွင့်ပြုပေးနေပေမယ့် ချယ်ဆီးအသင်းရဲ့ တောင်းဆိုမှုကိုတော့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

ဝုဗ်နဲ့ပွဲမှာတော့ ချယ်ဆီးအသင်းဟာ လူငယ်တွေ၊ ဒဏ်ရာကနေ သက်သာလာတဲ့ ကစားသမားတွေကိုပါ ပွဲနေ့ လူစာရင်းအတွင်း ခေါ်ယူလာခဲ့ရတယ်။ ကစားသမားအချို့ကို ပုံမှန် မဟုတ်တဲ့ နေရာတွေမှာပါ ပြောင်းကစားစေခဲ့ရပြီး အဆုံးမှာတော့ ဂိုးမရှိ သရေရလဒ်နဲ့ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ တူချယ်က ” ကျနော်တို့အသင်းမှာ ပို့တွေ့မှု ၇ ခုထိ ရှိနေပြီး ကစားသမားတွေရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးအတွက် ခိုင်မာတဲ့ အကြောင်းရင်းတွေ ရှိနေတယ်လို့ ထင်ပါတယ်။ ကျနေ်ာတို့က ဘက်စ်ကားနဲ့ သုံးနာရီလောက် ခရီးအတူသွားရတယ်၊ ပွဲအတွက် စည်းဝေးမှုတွေ လုပ်ရတယ်။ ညစာ၊ နေ့လည်စာတွေ အတူစားခဲ့ရတယ်။

ပွဲမကစားရဖို့နဲ့ အခြေအနေကို ထိန်းချုပ်မှုအောက်ရောက်အောင် ကြိုးစားဖို့ တောင်းဆိုမှုဟာ ငြင်းဆန်ခံရတယ်။ ဒါက နားလည်ဖို့ သိပ်ခက်ခဲပါတယ်။ ကျနေ်ာတို့က ကစားသမားတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေရတာပါ။ ဒဏ်ရာက ပြန်သက်သာလာတဲ့ ကစားသမားတွေကို ထည့်သုံးပြီး အရဲစွန့်မှုပါ လုပ်ခဲ့ရတယ်။

ဆေးဘက်ဆိုင်ရာ အမြင်အရ စိုးရိမ်ပါတယ်။ လေးရက်အတွင်းမှာ ပိုးတွေ့မှုတေ ဆက်တိုက်ဖြစ်လာနေတာပါ။ ဘက်စ်ကာအတူစီးပြီး စည်းဝေးမှုတွေ လုပ်နေချိန်မှာ ပိုးတွေ့မှုကို ဘယ်လို ရပ်တန့်နိုင်မလဲ? ပွဲရပ်နားခွင့် မပေးတာအတွက် ကျနေ်ာတို့ သိပ်ကို စိတ်ပျက်ခဲ့ရသလို ဒေါသလည်း ထွက်ရပါတယ် ” ဆိုပြီး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – ဝုဗ္နဲ႔ပြဲကို ေရႊ႔ဆိုင္းေပးဖို႔ ပရီးမီးယားလိဂ္ထံ ေတာင္းဆိုခဲ့ေပမယ့္ ပယ္ခ်ျပီး ပံုမွန္အတုိုင္း ဆက္ကစားေစခဲ့တာေၾကာင့္ ခ်ယ္ဆီးနည္းျပ တူခ်ယ္က အေတာ္ေလး ေဒါသထြက္ေနပါတယ္။

ခ်ယ္ဆီးအသင္းဟာ ကိုဗစ္ ရိုက္ခတ္မႈ ၾကီးမားလာေနျပီး အသင္းမွာ ပိုးေတြ႔ရွိသူ ၇ ဦးထိ ရွိလာေနတာပါ။ ပရီးမီးယားလိဂ္ဘက္က ပိုးေတြ႔မႈအလိုက္ ျဖစ္ရပ္ေတြကို စစ္ေဆးမႈလုပ္ျပီး ပြဲေရႊ႔ဆိုင္းတာေတြ ခြင့္ျပဳေပးေနေပမယ့္ ခ်ယ္ဆီးအသင္းရဲ႕ ေတာင္းဆိုမႈကိုေတာ့ ျငင္းဆန္ခဲ့တာျဖစ္ပါတယ္။

ဝုဗ္နဲ႔ပြဲမွာေတာ့ ခ်ယ္ဆီးအသင္းဟာ လူငယ္ေတြ၊ ဒဏ္ရာကေန သက္သာလာတဲ့ ကစားသမားေတြကိုပါ ပြဲေန႔ လူစာရင္းအတြင္း ေခၚယူလာခဲ့ရတယ္။ ကစားသမားအခ်ိဳ႔ကို ပံုမွန္ မဟုတ္တဲ့ ေနရာေတြမွာပါ ေျပာင္းကစားေစခဲ့ရျပီး အဆံုးမွာေတာ့ ဂိုးမရွိ သေရရလဒ္နဲ႔ အဆံုးသတ္ခဲ့တာ ျဖစ္ပါတယ္။

ပြဲအျပီးမွာ တူခ်ယ္က ” က်ေနာ္တို႔အသင္းမွာ ပို႔ေတြ႔မႈ ၇ ခုထိ ရွိေနျပီး ကစားသမားေတြရဲ႕ လံုျခံဳေရးနဲ႔ က်န္းမာေရးအတြက္ ခိုင္မာတ့ဲ အေၾကာင္းရင္းေတြ ရွိေနတယ္လို႔ ထင္ပါတယ္။ က်ေန္ာတို႔က ဘက္စ္ကားနဲ႔ သံုးနာရီေလာက္ ခရီးအတူသြားရတယ္၊ ပြဲအတြက္ စည္းေဝးမႈေတြ လုပ္ရတယ္။ ညစာ၊ ေန႔လည္စာေတြ အတူစားခဲ့ရတယ္။

ပြဲမကစားရဖို႔နဲ႔ အေျခအေနကို ထိန္းခ်ဳပ္မႈေအာက္ေရာက္ေအာင္ ၾကိဳးစားဖို႔ ေတာင္းဆိုမႈဟာ ျငင္းဆန္ခံရတယ္။ ဒါက နားလည္ဖို႔ သိပ္ခက္ခဲပါတယ္။ က်ေန္ာတို႔က ကစားသမားေတြရဲ႕ က်န္းမာေရးအတြက္ စိုးရိမ္ေနရတာပါ။ ဒဏ္ရာက ျပန္သက္သာလာတဲ့ ကစားသမားေတြကို ထည့္သံုးျပီး အရဲစြန္႔မႈပါ လုပ္ခဲ့ရတယ္။

ေဆးဘက္ဆိုင္ရာ အျမင္အရ စိုးရိမ္ပါတယ္။ ေလးရက္အတြင္းမွာ ပိုးေတြ႔မႈေတ ဆက္တိုက္ျဖစ္လာေနတာပါ။ ဘက္စ္ကာအတူစီးျပီး စည္းေဝးမႈေတြ လုပ္ေနခ်ိန္မွာ ပိုးေတြ႔မႈကို ဘယ္လို ရပ္တန္႔ႏုိင္မလဲ? ပြဲရပ္နားခြင့္ မေပးတာအတြက္ က်ေန္ာတို႔ သိပ္ကို စိတ္ပ်က္ခဲ့ရသလို ေဒါသလည္း ထြက္ရပါတယ္ ” ဆိုျပီး ေပါက္ကြဲခဲ့တာ ျဖစ္ပါတယ္။