အာဆင်နယ်ကနေ ထွက်ခွာဖို့ သူ့ကို အဓိက ဆုံးဖြတ်စေခဲ့တဲ့ အကြောင်းရင်းကို ဝန်ခံတဲ့ ဝီလီယံ

ဝီလီယံဟာ ချယ်ဆီးမှာ ၇ နှစ်အတွင်း လိဂ်ဖလား နှစ်ကြိမ် အောင်မြင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ထိပ်တန်းကွင်းလယ်လူတစ်ယောက်အဖြစ် နာမည်ရခဲ့တာပါ။ ဒါပေမယ့် ဘရာဇီးသားဟာ အာဆင်နယ်မှာတော့ အလားတူ လပုံစံကောင်းတွေ ဘယ်တော့မှ မပြသနိုင်ခဲ့ပဲ ၂၀၂၀-၂၁ ရာသီ ပြိုင်ပွဲစုံ ၃၇ ပွဲမှာ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ဂန်းနားပရိသတ်တွေဟာ သူတို့ မျှော်လင့်ထားသလို ဝီလီယံ မလုပ်နိုင်ခဲ့ဘူးဆိုတာ ဝီလီယံသိအောင် ပြဖို့ ဝန်မလေးခဲ့သလို ပရိသတ်တွေရဲ့ အမြင်က အာဆင်နယ်ကို စွန့်ခွာဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို အကူအညီပေးခဲ့တယ်လို့ ဝီလီယံက ဖွင့်ဟခဲ့ပါတယ်။

“ ဆိုရှယ်မီဒီယာပေါ်က ပရိသတ်တွေဆီကနေ မက်ဆေ့တွေအများကြီး ကျွန်တော် လက်ခံရရှိခဲ့တယ်။ ချယ်ဆီးထံက ပြောင်းလာတာမို့လို့လည်း ပါတာပေါ့။

ကျွန်တော့် တခြားကလပ် တစ်ခုကနေ လာခဲ့ရင် သူတို့အတွက် ပိုပြီးကောင်းခဲ့မယ်လို့ ထင်ပါတယ်။ ကျွန်တော်က ချယ်ဆီးကနေ ပြောင်းလာတဲ့အပြင် ကောင်းကောင်းလည်း မကစားနိုင်တော့ သူတို့ရဲ့ တုံ့ပြန်မှုတွေကြည့်ပြီး ‘ငါထွက်သွားမှရမယ်’ လို့ ဆုံးဖြတ်ဖြစ်ခဲ့တာပါ ” လို့ ဝီလီယံက ရှင်းပြခဲ့တာဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် ကစားသမားဟာ အာဆင်နယ်မှာ များပြားတဲ့ လုပ်ခတွေ ရနေပေမယ့်လို့ စာချုပ်ဖျက်သိမ်းဖို့ သဘောတူခဲ့ခြင်းဟာ ဘောလုံးပွဲတွေကို ပျော်ပျော်ရွှင်ရွှင် ကစားနိုင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

“ ဟုတ်ပါတယ်။ ကျွန်တော် ငွေကြေးအများကြီး ဆုံးရှုံးခံခဲ့တယ်။ ဒါပေမယ့် ဘဝမှာ ငွေကြေးကပဲ အရေးအကြီးဆုံး မဟုတ်ပါဘူး။ ကိုယ့်ဘဝမှာ ပျော်ရွှင်နေဖို့နဲ့ စိတ်ကျေနပ်မှုရှိဖို့ လိုပါတယ်။ အိပ်ယာထပြီး လေ့ကျင့်ရေး သွားတဲ့အခါ စိတ်အားတက်ကြွနေဖို့ လိုပေမယ့် အာဆင်နယ်မှာ အဲ့လိုတွေ ဖြစ်မနေခဲ့ဘူး။

ဒါကြောင့်ပဲ အာဆင်နယ်ကနေ ထွက်သွားမယ်၊ ကလပ်ကို စွန့်ခွာဖို့ နည်းလမ်းရှာရမယ်လို့ ဇနီးဖြစ်သူကို တိုင်ပင်ဖြစ်ခဲ့တယ်။ ငွေအတွက်နဲ့တော့ ကိုယ်မနေချင်တဲ့ နေရာမှာ နေရာတာဟာ ကျွန်တော့်အတွက် မျှတတဲ့ကိစ္စ မဟုတ်ပါဘူး ” လို့ ဝီလီယံက ပြောပြခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – ဝီလီယံဟာ ခ်ယ္ဆီးမွာ ၇ ႏွစ္အတြင္း လိဂ္ဖလား ႏွစ္ႀကိမ္ ေအာင္ျမင္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ထိပ္တန္းကြင္းလယ္လူတစ္ေယာက္အျဖစ္ နာမည္ရခဲ့တာပါ။ ဒါေပမယ့္ ဘရာဇီးသားဟာ အာဆင္နယ္မွာေတာ့ အလားတူ လပုံစံေကာင္းေတြ ဘယ္ေတာ့မွ မျပသႏိုင္ခဲ့ပဲ ၂၀၂၀-၂၁ ရာသီ ၿပိဳင္ပြဲစုံ ၃၇ ပြဲမွာ တစ္ဂိုးသာ သြင္းယူႏိုင္ခဲ့ပါတယ္။

ဂန္းနားပရိသတ္ေတြဟာ သူတို႔ ေမွ်ာ္လင့္ထားသလို ဝီလီယံ မလုပ္ႏိုင္ခဲ့ဘူးဆိုတာ ဝီလီယံသိေအာင္ ျပဖို႔ ဝန္မေလးခဲ့သလို ပရိသတ္ေတြရဲ႕ အျမင္က အာဆင္နယ္ကို စြန႔္ခြာဖို႔ သူ႔ရဲ႕ ဆုံးျဖတ္ခ်က္ကို အကူအညီေပးခဲ့တယ္လို႔ ဝီလီယံက ဖြင့္ဟခဲ့ပါတယ္။

“ ဆိုရွယ္မီဒီယာေပၚက ပရိသတ္ေတြဆီကေန မက္ေဆ့ေတြအမ်ားႀကီး ကြၽန္ေတာ္ လက္ခံရရွိခဲ့တယ္။ ခ်ယ္ဆီးထံက ေျပာင္းလာတာမို႔လို႔လည္း ပါတာေပါ့။

ကြၽန္ေတာ့္ တျခားကလပ္ တစ္ခုကေန လာခဲ့ရင္ သူတို႔အတြက္ ပိုၿပီးေကာင္းခဲ့မယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္က ခ်ယ္ဆီးကေန ေျပာင္းလာတဲ့အျပင္ ေကာင္းေကာင္းလည္း မကစားႏိုင္ေတာ့ သူတို႔ရဲ႕ တုံ႔ျပန္မႈေတြၾကည့္ၿပီး ‘ငါထြက္သြားမွရမယ္’ လို႔ ဆုံးျဖတ္ျဖစ္ခဲ့တာပါ ” လို႔ ဝီလီယံက ရွင္းျပခဲ့တာျဖစ္ပါတယ္။

အသက္ ၃၃ ႏွစ္အ႐ြယ္ ကစားသမားဟာ အာဆင္နယ္မွာ မ်ားျပားတဲ့ လုပ္ခေတြ ရေနေပမယ့္လို႔ စာခ်ဳပ္ဖ်က္သိမ္းဖို႔ သေဘာတူခဲ့ျခင္းဟာ ေဘာလံုးပြဲေတြကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ကစားႏုိင္ဖို႔ျဖစ္တယ္လို႔ ဆိုပါတယ္။

“ ဟုတ္ပါတယ္။ ကြၽန္ေတာ္ ေငြေၾကးအမ်ားၾကီး ဆံုးရွံုးခံခဲ့တယ္။ ဒါေပမယ့္ ဘဝမွာ ေငြေၾကးကပဲ အေရးအႀကီးဆုံး မဟုတ္ပါဘူး။ ကိုယ့္ဘဝမွာ ေပ်ာ္႐ႊင္ေနဖို႔နဲ႔ စိတ္ေက်နပ္မႈရွိဖို႔ လိုပါတယ္။ အိပ္ယာထၿပီး ေလ့က်င့္ေရး သြားတဲ့အခါ စိတ္အားတက္ၾကြေနဖို႔ လိုေပမယ့္ အာဆင္နယ္မွာ အဲ့လိုေတြ ျဖစ္မေနခဲ့ဘူး။

ဒါေၾကာင့္ပဲ အာဆင္နယ္ကေန ထြက္သြားမယ္၊ ကလပ္ကို စြန္႔ခြာဖို႔ နည္းလမ္းရွာရမယ္လို႔ ဇနီးျဖစ္သူကို တိုင္ပင္ျဖစ္ခဲ့တယ္။ ေငြအတြက္နဲ႔ေတာ့ ကိုယ္မေနခ်င္တဲ့ ေနရာမွာ ေနရာတာဟာ ကြၽန္ေတာ့္အတြက္ မွ်တတဲ့ကိစၥ မဟုတ္ပါဘူး ” လို႔ ဝီလီယံက ေျပာျပခဲ့တာ ျဖစ္ပါတယ္။