ပြီးခဲ့တဲ့နွေတုန်းက ချယ်ဆီး ယူရို ၈၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် မဝယ်နိုင်ခဲ့တဲ့ ကစားသမား

ပြင်သစ်က ထွက်ပေါ်လာတဲ့ သတင်းတွေ အရ ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ နွေတုန်းက ပီအက်စ်ဂျီ ဗဟိုခံစစ်မှုး မန်ကွင်ဟို ကို ယူရို ၈၅ သန်း (ပေါင် ၇၂သန်းခွဲ)နဲ့ ကမ်းလှမ်းခဲ့သေးပေမယ့် မအောင်မြင်ခဲ့ကြောင်း သိရပါတယ်။

ဥရောပ ချန်ပီယံ ချယ်ဆီးအသင်းဟာ နွေတုန်းက ဗဟိုခံစစ်မှုး တစ်ဦး ခေါ်ယူဖို့ စိတ်အား ထက်သန်ခဲ့ပြီး ဆီဗီလာမှ ဂျူးလပ်စ် ကွန်ဒဲလ်ကိုလည်း ရလုနီးပါး ရှိခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ချယ်ဆီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက နည်းပြ တူချယ် ရောက်မလာခင်မှာပဲ ပီအက်စ်ဂျီ ခံစစ်မှုး သီယေဂို ဆေးလ်ဗားကို ပြောင်းရွှေ့အလွတ်နဲ့ ခေါ်ယူခဲ့တာပါ။

ပြင်သစ် သတင်းဌာန L’Equipe အဆိုအရ တူချယ်ဟာ သူနဲ့ လက်တွဲဖူးတဲ့ ဘရာဇီးသား ခံစစ်မှုး နှစ်ဦးနဲ့ ပြန်လက်တွဲချင်တာကြောင့် နွေတုန်းက မန်ကွင်ဟို ကို ခေါ်ဖို့ သူကိုယ်တိုင် ပါဝင် ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

ချယ်ဆီးက ယူရို ၈၅ သန်းနဲ့ ကမ်းလှမ်းခဲ့သည့်တိုင် ပီအက်စ်ဂျီ အသင်းက အသက် ၂၇ နှစ် အရွယ် ဘရာဇီးသားကို လက်လွှတ်ဖို့ စိတ်ကူး မရှိတာကြောင့် ကမ်းလှမ်းမှုကို စဉ်းစားဖို့တောင် ငြင်းဆန်ပယ်ချခဲ့ပါတယ်။

ဒါပေမယ့် ချယ်ဆီးအသင်းဟာ ဒီရာသီ ချာလိုဘတ် တောက်ပလာတာကြောင့် ဗဟိုခံစစ်မှုးသစ် မရခဲ့သည့်တိုင် စိတ်သက်သာရာတော့ ရခဲ့ပါတယ်။

ချယ်ဆီးရဲ့ ခံစစ်ကြောင်း တည်ငြိမ်မှုကတော့ ဒီတလောမှာ လှုပ်ခတ်လာနေပြီး နည်းပြ တူချယ်ဟာ သူ့အကြိုက် ခံစစ်သမား မန်ကွင်ဟို ကို ထပ်မံ ကြိုးစားဦးမလား ဆိုတာ စောင့်ကြည်ရဖွယ် ရှိပါတယ်။

Zawgyi

ျပင္သစ္က ထြက္ေပၚလာတဲ့ သတင္းေတြ အရ ခ်ယ္ဆီးအသင္းဟာ ျပီးခဲ့တဲ့ ေႏြတုန္းက ပီအက္စ္ဂ်ီ ဗဟိုခံစစ္မႈး မန္ကြင္ဟို ကို ယူရို ၈၅ သန္း (ေပါင္ ၇၂သန္းခြဲ)နဲ႕ ကမ္းလွမး္ခဲ့ေသးေပမယ့္ မေအာင္ျမင္ခဲ့ေၾကာင္း သိရပါတယ္။

ဥေရာပ ခ်န္ပီယံ ခ်ယ္ဆီးအသင္းဟာ ေႏြတုန္းက ဗဟိုခံစစ္မႈး တစ္ဦး ေခၚယူဖို႔ စိတ္အား ထက္သန္ခဲ့ျပီး ဆီဗီလာမွ ဂ်ဴးလပ္စ္ ကြန္ဒဲလ္ကိုလည္း ရလုနီးပါး ရွိခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ ခ်ယ္ဆီးဟာ ျပီးခဲ့တဲ့ ဇန္နဝါရီတုန္းက နည္းျပ တူခ်ယ္ ေရာက္မလာခင္မွာပဲ ပီအက္စ္ဂ်ီ ခံစစ္မႈး သီေယဂို ေဆးလ္ဗားကို ေျပာင္းေရႊ႕အလြတ္နဲ႕ ေခၚယူခဲ့တာပါ။

ျပင္သစ္ သတင္းဌာန L’Equipe အဆိုအရ တူခ်ယ္ဟာ သူနဲ႕ လက္တြဲဖူးတဲ့ ဘရာဇီးသား ခံစစ္မႈး နွစ္ဦးနဲ႕ ျပန္လက္တြဲခ်င္တာေၾကာင့္ ေႏြတုန္းက မန္ကြင္ဟို ကို ေခၚဖို႔ သူကိုယ္တိုင္ ပါဝင္ ၾကိဳးစားခဲ့တယ္လို႔ သိရပါတယ္။

ခ်ယ္ဆီးက ယူရို ၈၅ သန္းနဲ႕ ကမ္းလွမ္းခဲ့သည့္တိုင္ ပီအက္စ္ဂ်ီ အသင္းက အသက္ ၂၇ နွစ္ အရြယ္ ဘရာဇီးသားကို လက္လႊတ္ဖို႔ စိတ္ကူး မရွိတာေၾကာင့္ ကမ္းလွမ္းမႈကို စဥ္းစားဖို႔ေတာင္ ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။

ဒါေပမယ့္ ခ်ယ္ဆီးအသင္းဟာ ဒီရာသီ ခ်ာလိုဘတ္ ေတာက္ပလာတာေၾကာင့္ ဗဟိုခံစစ္မႈးသစ္ မရခဲ့သည့္တိုင္ စိတ္သက္သာရာေတာ့ ရခဲ့ပါတယ္။

ခ်ယ္ဆီးရဲ႕ ခံစစ္ေၾကာင္း တည္ျငိမ္မႈကေတာ့ ဒီတေလာမွာ လႈပ္ခတ္လာေနျပီး နည္းျပ တူခ်ယ္ဟာ သူ႔အၾကိဳက္ ခံစစ္သမား မန္ကြင္ဟို ကို ထပ္မံ ၾကိဳးစားဦးမလား ဆိုတာ ေစာင့္ၾကည္ရဖြယ္ ရွိပါတယ္။